Wednesday, November 1, 2017


ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူးသစ် နော်ဝေနိုင်ငံသားကို ခန့်အပ် ရခိုင်မြောက်ပိုင်း အကျပ်အတည်းကို ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ အကြား တင်းမာမှု မြင့်မားနေ ချိန် တွင် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာမှု ယာယီ ဌာနေ ညှိနှိုင်းရေးမှူး အသစ် အဖြစ် နော်ဝေနိုင်ငံသား နတ်အော့စ်တ်ဘီ (Knut Ostby) ကို ခန့်အပ်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက ယနေ့ ထုတ်ပြန် ကြေညာသည်။ ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး နေရာတွင် ခန့်အပ်မည့်သူ၏ ရာထူးအဆင့်ကို လက်ထောက် အတွင်းရေးမှူး အဆင့်အထိ တိုးမြှင့်ရန် အဆိုပြုခြင်းကို မြန်မာနိုင်ငံက ကန့်ကွက်ခဲ့ပြီးနောက် ထိုသို့ ယာယီရာထူးကို ခန့်အပ်ခြင်း ဖြစ်လာမည် ဟု မျှော်လင့်ထားကြပြီး ဖြစ်သည်။ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူသည် ကုလသမဂ္ဂနှင့် အထူးသဖြင့် လူ့အခွင့်အရေး ကောင်စီတို့ကို စိတ်ပျက်သည် ဟု သံတမန်များနှင့် တဦးချင်း ဆွေးနွေးပွဲများတွင် ပြောကြားကြောင်း သတင်းများက ဆိုသည်။ အာဖဂန်နစ္စတန်နှင့် အရှေ့တီမော အပါအဝင် ကုလသမဂ္ဂ၏ အရေးပါသော နေရာ အများအပြားတွင် တာဝန် ထမ်းဆောင်ခဲ့သူ နတ်အော့စ်တ်ဘီသည် ရာထူးသက်တမ်း ကုန်ဆုံးခဲ့သော ရီနာတာလော့ ဒက်ဆယ်လ်လီယမ် ၏ နေရာတွင် အစားထိုးတာဝန်ယူမည် ဖြစ်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ် သို့ ထွက်ပြေးခဲ့ရပြီး စနစ်တကျ သတ်ဖြတ်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုနှင့် မီးရှို့မှုများကို သက်သေအထောက်အထားများက ပြသနေသည် ဟု ဘင်္ဂလားဒေ့ရှိနိုင်ငံ အတွင်း မြန်မာနယ်စပ်အနီးရှိ ကော့ဗဇားအနီး ဒုက္ခသည်စခန်းများတွင် နေထိုင်ကြ သော မွတ်စလင်များကို တွေ့ဆုံ မေးမြန်းခဲ့သည့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက ပြီးခဲ့သည့် သောကြာနေ့တွင် ပြောသည်။ သြဂုတ်လ ၂၅ ရက်နေ့ စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ အပြီး မြန်မာလုံခြုံရေးတပ်များ၏ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုများကြောင့် သေဆုံးသူ အရေအတွက်ကို မသိရသော်လည်း အသေအပျောက်များနိုင်သည်ဟု အင်ဒိုနီးရှားနိုင်ငံ ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရပ်ဆမန် ခေါင်းဆောင်သည့် အချက်အလက် ရှာဖွေရေးအဖွဲ့က ပြောသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မတ်လတွင် ဖွဲ့စည်းပေးခဲ့သော ထို အချက်အလက် ရှာဖွေရေးအဖွဲ့သည် ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်ရရန်နှင့် အချက်အလက်များကို အတည်ပြုနိုင်ရေး အစိုးရနှင့် ဆွေးနွေးခွင့်ရရန် ထပ်မံ တောင်းဆိုခဲ့သည်။ မြန်မာ လုံခြုံရေးတပ်များ၏ စစ်ဆင်ရေးများသည် လူမျိုးစု သုတ်သင်ရှင်းလင်းခြင်း ဖြစ်သည်ဟု အကျပ်အတည်း အစပိုင်းတွင် ကုလသမဂ္ဂက စွပ်စွဲသည်။ မြန်မာနိုင်ငံထို စွပ်စွဲချက်ကို ငြင်းဆိုပြီး လုံခြုံရေးတပ်များသည် တိုက်ခိုက်မှု အများအပြားခံရသောကြောင့် စစ်သွေးကြွများကို နယ်မြေ ရှင်းလင်းမှုစစ်ဆင်ရေးများ ပြုလုပ်ခြင်းသာ ဖြစ်သည် ဟု ပြောသည်။ ဒုက္ခသည်များ ပြန်လာနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသော်လည်း ဘင်္ဂလားဒေ့ရှ်သို့ လူပေါင်း ထောင်ချီ ဆက်လက် ထွက်ပြေးနေဆဲဖြစ်သည်။ The post ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူးသစ် နော်ဝေနိုင်ငံသားကို ခန့်အပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2zUTTDC
via IFTTT

No comments:

Post a Comment