Saturday, November 4, 2017


ခွင့်မပြုဆိုးဆေးသုံးသည့် ငါးပိလုပ်ငန်းများ လိုင်စင်ပိတ်သိမ်းမည် ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ ထွက်ရှိမည့် ငါးပိများတွင် ခွင့်မပြုဆိုးဆေး အသုံးပြုပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုးက “အခုဆို ငါးပိ ရာသီစပြီ၊ ပင်လယ်ထဲ စဆင်းကြပြီလေ။ ဒီနှစ်ကစပြီး ခွင့်မပြုဆိုးဆေး လုံး၀ မသုံးဖို့ လုပ်ငန်းရှင် အကုန်လုံးကို ပြောထားပြီးပြီ။ ဈေးကွက်ထဲမှာ တွေ့ရင် ထုတ်လုပ်တဲ့ ပင်မ လုပ်ငန်းရှင် ကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းတဲ့ အရေးယူမှုတွေ လုပ်မှာပါ။” ဟု ဧရာဝတီသို့ပြောသည်။ နိုင်ငံအဝှမ်း ရောင်းချနေသည့် မျှင်ငါးပိများ၏ ၆၀ ရာခိုင်နှုန်းမှာ ဧရာဝတီတိုင်းမှ ထွက်ရှိခြင်း ဖြစ်သောကြောင့် ငါးပိ စတင်ပြုလုပ်သည့် ကြိုတ်စက်မှာ ကတည်းက ခွင့်မပြုဆိုးဆေးများ အသုံးမပြုရန် ဧရာဝတီတိုင်းမှ ငါးပိလုပ်ငန်းရှင်များကို မှာကြားထားပြီး ဖြစ်သည်ဟု သိရသည်။ အဆိုပါ ၆၀ ရာခိုင်နှုန်း ထွက်ရှိသည့် မျှင်ငါးပိများကို ပြီးခဲ့သည့် မတ်လအထိ စစ်ဆေးချက် အရ ၂၉ ရာခိုင်နှုန်းတွင် ခွင့်မပြု ဆိုးဆေးများ အသုံးပြုပြီး ဈေးကွက်အတွင်း ရောင်းချနေကြောင်း၊ မျှင်ငါးပိ အတွင်း၌ Rhoda mine B တွေ့ရှိခြင်းကြောင့် စားသုံးရန် မသင့်သည့် အစားအစာဖြစ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။ နေပြည်တော်ရှိ FDA မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင်က “အဲဒီ ခွင့်မပြု ဆိုးဆေး အသုံးပြုထားတဲ့ မျှင်ငါးပိကို စားရင် အဓိက ဖြစ်စေနိုင်တဲ့ ရောဂါမှာ အစာအိမ်ရဲ့ အူလမ်းကြောင်းမှာ အနာဖြစ်စေနိုင်ပြီး နောက်ဆုံး ကင်ဆာရောဂါအထိ ဖြစ်နိုင်ချေရှိတယ်။” ဟု ရှင်းပြသည်။ တနိုင်ငံလုံးမှ ထွက်ရှိသည့် ငါးပိများတွင် ခွင့်မပြု ဆိုးဆေးများ အသုံးမပြုရန် FDA မှ လွန်ခဲ့သည့် ၂ နှစ်ခန့်တည်းက ပြောဆိုထားသော်လည်း ခွင့်မပြုဆိုးဆေးများ အသုံးပြုပြီး ဈေးကွက် အတွင်း ရောင်းချမှုများ ပြုလုပ်နေခြင်းကြောင့် FDA မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း၊ ဆက်လက်ရောင်းချခြင်း မပြုရန် ခံဝန်ကတိများ ထိုးခိုင်းပြီး၊ ပစ္စည်း သိမ်းဆည်းမှုများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ပြုလုပ်နေကြောင်း ဒေါက်တာ ထွန်းလင်းအောင်က ရှင်းပြသည်။ ကဒုံကနိကျေးရွာမှ မျှင်ငါးပိလုပ်ငန်းရှင် ဦးဌေးဝင်းက “အခုဆေးမဆိုးရဘူးပြောတယ်။ အားလုံးက လိုက်နာဖို့ လိုတယ်။ သူတမျိုး၊ ငါတမျိုး လုပ်နေမယ်ဆိုရင် ဈေးကွက်ထဲမှာ ရှိနေမှာပဲ၊ အဲဒီတော့ လိုက်နာမယ်ဆို လုပ်ငန်းရှင်တိုင်း လိုက်နာစေချင်ပါတယ်။” ဟု ဧရာဝတီ သို့ ပြောသည်။ ဧရာဝတီတိုင်း အတွင်းရှိ မျှင်ငါးပိ အများဆုံး ထွက်ရှိသည့် ဒေသမှာ ဖျာပုံမြို့နယ်မှ ကဒုံကနိကျေးရွာ၊ နောက်မှီးကျေးရွာနှင့် အရှေ့ဖျား ကျေးရွာများ ဖြစ်ပြီး ၎င်းကျေးရွာ တရွာတွင် လုပ်ငန်းရှင် ၅၀ ဦးထိရှိပြီး တဦးကို ပိသာချိန် ငါးသောင်းဆံ့ ကန် ၁၀ ကန် ခန့် ထိရှိပြီး ငါးပိကို သိုလောင်ထား ကြသည်။ ဖျာပုံမြို့နယ်၊ အရှေ့ဖျားကျေးရွာမှ ငါးပိ လုပ်ငန်းရှင် တဦးဖြစ်သူ ဦးစိန်မြင့် က “ကိုယ်တွေကသာ ဆိုးဆေးနဲ့ ပတ်သက်ပြီး ရှောင်ကျဉ်ပေမယ့်၊ တချို့ ကျတော့လည်း ဆိုးဆေး ဆိုးထားတဲ့ ငါးပိတွေ ဈေးကွက်ထဲမှာ ရောင်းနေတာတွေ့တယ်။ ပွဲရုံမှာဆိုရင် ဆိုးဆေး မသုံးလို့ အရောင်ညစ်တဲ့ ငါးပိတွေဆိုရင် ဝယ်တဲ့သူ အတွက် အဆင်မပြေလို့ ဈေးကွက်မှာ အရောင်းအဝယ် မဖြစ်တာတွေလည်း ရှိတယ်။” ဟု ပြောသည်။ The post ခွင့်မပြုဆိုးဆေးသုံးသည့် ငါးပိလုပ်ငန်းများ လိုင်စင်ပိတ်သိမ်းမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2lQS1JW
via IFTTT

No comments:

Post a Comment