ဂျက်စတင်ဘီဘာသီချင်းကို ကြိုက်သူများက စိတ်ဝေဒနာရှင်တွေဟုဆို ဂီတဆိုတာ ဘဝရဲ့ အရသာတွေထဲက တခုပါ။ သို့ပေမယ့် ဂီတ သံစဉ်တိုင်းကရော ကောင်းပါရဲ့လား၊ အထူးသဖြင့် နာမည်ကျော် အဆိုတော်တွေရဲ့ သံစဉ်တွေ၊ သီချင်းတွေပေါ့။ ဝေးဝေး မကြည့်ပါနဲ့၊ လူငယ်လေး တယောက်၊ ရုပ်ရည်ချောမောပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဂျက်စတင်ဘီဘာဆိုရင် လူတိုင်း မသိသူ မရှိသလောက်ပါပဲ။ ဒါပေမယ့် အခု လေ့လာသူတွေက သူ့ သီချင်းတွေအကြောင်းနဲ့ သူ့ သီချင်းတွေကို နားထောင်သူတွေကို ဘယ်လို လူတွေဆိုတာ ပြောလာပါပြီ။ စိတ်ပညာပိုင်းဆိုင်ရာ လေ့လာချက်နဲ့ အတူ ပြောလာတယ်ဆိုတော့လည်း ကျနော်တို့ အနည်းအကျဉ်းတော့ ဖတ်ထား၊ သိထားဖို့ ကောင်းမယ်လို့ ထင်ပါတယ်။ အခု ကျနော် ကိုးကားဖော်ပြပေးချင်တာက နာမည်ကျော် မဂ္ဂဇင်း Maxim က ဖြစ်ပေမယ့် မူလ ပထမအနေနဲ့ အခု လေ့လာချက်နဲ့ ဆောင်းပါးကို ဖော်ပြပါရှိတာက Washington Post သတင်းစာက ဖြစ်လို့ ပေါ်ပင် လူ စိတ်ဝင်စားအောင် ရေးသားထားတဲ့ သတင်းတခုလို့တော့ မယူဆနိုင်ပါဘူး။ အခု လေ့လာချက်ကို လုပ်ဆောင်သူက အမေရိကန်နိုင်ငံ၊ နယူးယောက် တက္ကသိုလ်က စိတ်ပညာရှင် ပါမောက္ခ Pascal Wallisch ဆိုသူ ဖြစ်ပါတယ်။ သူက ဂျက်စတင်ဘီဘာရဲ့ သီချင်းစာသားတွေကို မှတ်သားကာ သံစဉ်ထက် စာသားကို နှစ်သက်သူတွေ အများဆုံး ရှိနေတဲ့ ဘီဘာရဲ့ ပရိတ်သတ်တွေထဲမှာ ဘာကြောင့် ဒီ စာသားတွေကို နှစ်သက်သလဲ ဆိုတာကို လေ့လာခဲ့တာပါ။ ဝေါလစ်ရှ်က သူ့ရဲ့ အတန်းမှာ တက်ရောက် ပညာသင်ယူနေတဲ့ စိတ်ပညာကျောင်းသား ၁၉၀ အပေါ်မှာလည်း စစ်တမ်း ကောက်ယူမှု လုပ်ခဲ့တာပါ။ ဘီဘာရဲ့ သီချင်းတွေထဲက လူကြိုက်များသော စာသားတွေ ဖြစ်တဲ့ For me what’s right is whatever I can get away with နဲ့ Love is overrated ဆိုတဲ့ စာလုံးတွေမှာ စိတ်ခံစားချက် အလွန်အကျွံဖြစ်နေတာတွေ၊ ပုံမှန် စိတ်အနေအထား မဟုတ်ဘဲ ပိုမိုတဲ့ ဖိအားနဲ့ မွန်းကျပ်တဲ့ခံစားချက်တွေကို ရေးဖွဲ့ထားခြင်းမျိုးတွေဖြစ်ပြီး ဒီလို ရေးဖွဲ့မှုကို နှစ်သက်သူတွေအနေနဲ့ စိတ်ကျန်းမာရေး အခြေအနေမကောင်းသူ၊ စိတ်ဝေဒနာရှိနေသူတွေ အဖြစ် ပါမောက္ခ ဝေါလစ်ရှ် က မှတ်ချက်ပြုလာတာပါ။ အခုလို ဘီဘာရဲ့သီချင်းများကို နှစ်သက်သူတွေဟာ စိတ်ကျန်းမာရေး မကောင်းသူတွေ၊ ဝေဒနာအစပျိုး နိုင်သူတွေအဖြစ် ဆိုလာမှုနဲ့အတူ အခြား နာမည်ကျော် Rap အဆိုတော် Eminem ရဲ့ သီချင်းနှစ်သက်သူတွေ အနေနဲ့လည်း ဘီဘာရဲ့ ပရိတ်သတ်တွေလိုပဲ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျဆင်းနေမှုစတဲ့ စိတ်ကျန်းမာရေး လိုအပ်ချက် ရှိနေသူတွေ ဖြစ်နိုင်တယ်လို့ စိတ်ပညာပိုင်း လေ့လာချက်တွေအရ ဝေါလစ်ရှ်က ဆိုလာပါတယ်။ ဘီဘာရဲ့ သီချင်းစာသား အများစုအနေနဲ့ ထင်တာထက်၊ လိုအပ်တာထက် ပိုမိုတဲ့ လွမ်းခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ညစ်ခြင်းတွေကို တွေ့ရပြီး ဒီလို ရသတွေကို နှစ်သက်သူတွေအနေနဲ့ စိတ်ကျန်းမာရေး အားနည်းမှု ရှိသူတွေရဲ့ ခံစားချက်မျိုး ဖြစ်တယ်ဆိုတာကို သိလာရသလို တဖက်က စိတ်ကျန်းမာရေး ကောင်းမွန်သူ တွေကတော့ ဝေါလစ်ရှ်ရဲ့ လေ့လာချက်မှာ Dire Straits ရဲ့ Money for Nothingနဲ့ The Knack ရဲ့ My Sharona လို သီချင်းတွေကို ပိုမို နှစ်သက်ပြီး အချစ်ရေး၊ အလွမ်းရေးထက် ပိုမို ပျော်ရွှင်စရာကောင်းတဲ့ မြူးကြွတဲ့သံစဉ်နဲ့ စာသားတွေကို နှစ်သက်မှု ရှိကြတယ်လို့ ဆိုပါတယ်။ www.maxim.com တွင်ဖော်ပြထားတဲ့ Researchers say if you like Justin Bieber’s music, you might be a psychopath ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post ဂျက်စတင်ဘီဘာသီချင်းကို ကြိုက်သူများက စိတ်ဝေဒနာရှင်တွေဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2A3lSoo
via IFTTT
No comments:
Post a Comment