မန္တလေး-မူဆယ် ရထားလမ်းဖောက်ရန် အစိုးရနှင့် တရုတ်ကုမ္ပဏီ ဆွေးနွေးနေ ============================= Byထွန်းထွန်းမင်း မန္တလေးမှ မူဆယ်သို့ ကားလမ်းသာပေါက်ပြီး ယင်းကားလမ်းသည် အသုံးပြုမှုများပြားလွန်း၍ မကြာခဏယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်နေသည်။ (ဓာတ်ပုံ − စိုင်းဇော်) မန္တလေး-မူဆယ် ရထားလမ်း ဖောက်လုပ်ရန် တရုတ်ကုမ္ပဏီတစ်ခုနှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနတို့ ဆွေး နွေးနေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက ပြောသည်။ လက်ရှိတွင် တရုတ်ကုမ္ပဏီ နှင့် အပြန်အလှန်ဆွေးနွေးသည့် အဆင့်သာရှိပြီး ရထားလမ်း ကြောင်း ဖြစ်နိုင်ခြေနှင့် စီးပွား ရေးအရ တွက်ခြေကိုက်၊ မကိုက် လေ့လာမည်ဟု ဦးတင်မောင်ဦး က ပြောသည်။ ‘‘ခြောက်လအတွင်းမှာ နှစ် ကြိမ်တော့ တွေ့ပြီးပါပြီ။ မြေပြင် အနေအထားတွေ၊ ဖြစ်နိုင်ခြေရှိ၊ မရှိကို လေ့လာနေတာပါ။ ဝန်ကြီး ဌာနကတော့ ဒီစီမံကိန်းကို ဖြစ် စေချင်ပါတယ်’’ဟု ၎င်းက ဆက် လက်ပြောသည်။ အဆိုပါ စီမံကိန်းသာ အမှန် တကယ်ဖြစ်နိုင်ခြေရှိပါက ယခု တရုတ်ကုမ္ပဏီကို လုပ်ကိုင်ခွင့် တိုက်ရိုက် ပေးမည်မဟုတ်ဘဲ အခြားကုမ္ပဏီများနှင့်အတူ တင် ဒါခေါ်၍ ယှဉ်ပြိုင်ခိုင်းမည်ဖြစ် ကြောင်း ဦးတင်မောင်ဦးက ပြော သည်။ လက်ရှိတွင် မန္တလေးမှ လားရှိုးအထိရှိသည့် ရထားသံလမ်းသည် အကျယ် သုံးပေသာရှိပြီး ယခုတရုတ်ကုမ္ပဏီမှတင်ပြ သည့် စီမံကိန်းတွင် ရထားသံလမ်း မှာ အကျယ်သုံးပေမှ လေးပေ အတွင်းရှိသည်။ သို့မှသာ ကုန်တင်ပို့နိုင်ပြီး နိုင်ငံတကာအဆင့်မီ နိုင်မည်ဟု ဆိုသည်။ ထို့အပြင် တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းတွင် လည်း ကူမင်းမြို့မှ တရုတ်-မြန် မာနယ်စပ်ကို ဖြတ်သန်း၍ မန္တ လေးမြို့မှတစ်ဆင့် ကျောက်ဖြူ လမ်းကြောင်းနှင့် ကူမင်း၊ မန္တ လေး-ရန်ကုန်လမ်းကြောင်းတို့ ပါဝင်သည်။ မူဆယ်နယ်စပ် ကုန်သွယ် ရေးဂိတ်သည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် အရေး ပါဆုံးနှင့် ကုန်သွယ်မှု အများဆုံး နယ်စပ်ဂိတ် တစ်ခုဖြစ်သည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကုန် သွယ်မှု ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံရှိခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ နှစ်ဘီလီယံခွဲ ကုန် သွယ်ထားနိုင်သည်။ မန္တလေးမှ မူဆယ်သို့ ကားလမ်းမတစ်ခုသာရှိပြီး ယာဉ်ပိတ်ဆို့မှု မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ ဖေဖော်ဝါရီနှင့် မတ်လအတွင်းက ယာဉ်ကြောပိတ်ဆို့မှု ငါးရက်အထိ ကြာမြင့်ခဲ့ရာ ယင်းပြဿနာကိုဖြေရှင်းရေး ပြည်ထောင်စု အစိုးရကကားလမ်းချဲ့ထွင်ရန် စီစဉ်ထားသည်။ မန္တလေး-မူဆယ်ကားလမ်း သည် တစ်ရက်လျှင် ကားအစီး ရေ ၂,၀၀၀ မှ ၄,၀၀၀ ကြား အတက်အဆင်းရှိကြောင်း မူဆယ်မြို့မှ ကုန်ကားပိုင်ရှင် တစ်ဦးက ပြောသည်။
Source : http://ift.tt/2zytVu0
via IFTTT
No comments:
Post a Comment