Saturday, November 4, 2017


ကျန်းမာပျော်ရွှင်အောင် သီတင်းတပတ်ကို ဘယ်နှစ်ကြိမ် လိင်ဆက်ဆံမလဲ သင့်အနေနဲ့ ယုံချင်မှ ယုံမယ်၊ လက်ခံချင်မှ လက်ခံလိမ့်မယ်။ ဒါပေမယ့် ဟန်ချက်ညီမှုတွေနဲ့ တည်ရှိနေတဲ့ သဘာဝတရားကြီးမှာ သက်ရှိ လူသားတဦးအနေနဲ့ သီတင်းတပတ်လုံး လိင်ဆက်ဆံမှု လုံးဝ မရှိလို့လည်း မကောင်းသလို လိင်ဆက်ဆံမှု အကြိမ်ရေများနေလို့လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်လိမ့်မယ်ဗျ။ ဒီတော့ ဘယ်လို ဟန်ချက်ညီညီ လိင်ဆက်ဆံမှုကို တရက်၊ ဒါမှမဟုတ် သီတင်းတပတ်၊ ဒါမှမဟုတ် တလမှာ ဘယ်နှစ်ကြိမ် ထိတွေ့ကြမလဲဗျာ။ အဲဒီအတွက် အမေရိကန်နိုင်ငံ၊ တိုရန်တိုတက္ကသိုလ်ကနေ လေ့လာထားချက်ကို နည်းနည်းလောက် ဖောက်သည်ချပြချင်ပါတယ်။ Huffington Post သတင်းစာမှာ အခု လေ့လာချက်နဲ့အတူ လေ့လာရေး အဖွဲ့ဝင် Amy Muise နဲ့ အင်တာဗျူးကို ဖော်ပြထားတာ တွေ့ရပါတယ်။ အဆိုပါ လေ့လာချက်နဲ့ အင်တာဗျူးအရတော့ ကျနော်တို့ လူသားတွေမှာ သတင်းတပတ်လုံး လိင်ဆက်ဆံမှုတကြိမ်ရှိရုံနဲ့ လုံလောက်တယ်။ ဇီဝဖြစ်စဉ်နဲ့ စိတ်အခြေအနေလည်း ပုံမှန် ရှိနေမယ်လို့ ဆိုပါတယ်။ Muise က အဆိုပါ အင်တာဗျူးမှာ ဒီနေ့ခေတ် လူအများစုက အလုပ်များနေတတ်တယ်၊ ဒီတော့ ချစ်သူ၊ ဇနီးမယား၊ ခင်ပွန်းသည်နဲ့ လိင်ဆက်ဆံမှု သိပ်ပြီး မရှိချင်ကြတော့ဘူး။ တချို့လည်း လိင်ဆက်ဆံမှု နေ့တိုင်း လိုလို ရှိနေပေမယ့် အလုပ်နဲ့အတူ အခြား အာရုံတွေကြောင့် လိင်ထိတွေ့မှုမှာ ခံစားချက် အပြည့်အဝ ကျေနပ်မှု မရှိကြဘူး။ ဒီအတွက် လေ့လာတွေ့ရှိချက်ကတော့ တပတ်မှာ တကြိမ်ပဲ လိင်ဆက်ဆံမယ်ဆိုရင်တောင် လူသားတွေအတွက် ဇီဝ ဖြစ်စဉ်အနေနဲ့ရော စိတ်အခြေအနေမှာပါ အကောင်းဆုံး ပုံမှန်လည်ပတ်နိုင်နေမှာ ဖြစ်ပါတယ်လို့ ပြောသွားတာ တွေ့ရပါတယ်။ ဒါပေမယ့် သူကပဲ ဆက်ပြီးတော့ တပတ်မှာ တကြိမ်ပဲ လိင်ဆက်ဆံပေမယ့် အဆိုပါ လိင်ထိတွေ့ချိန်မှာတော့ လိင်ဆက်ဆံသူ နှစ်ဦးလုံး အနေနဲ့ စိတ်ပါဝင်စားမှုနဲ့အတူ ပြည့်ဝတဲ့ လိင်ထိတွေ့မှုရှိဖို့ လိုအပ်တယ်လို့တော့ ဆိုပါတယ်။ နေ့တိုင်းလိုလို လိင်ဆက်ဆံနေပေမယ့် စိတ်ပါဝင်စားမှု အားနည်းမယ်၊ ကျေနပ်မှုမရှိဘူး ဆိုရင် လိင်ဆက်ဆံမှု အကြိမ်ရေများလို့ ကျန်းမာရေးပိုင်းမှာ အားနည်းချက် အနည်းငယ် ဖြစ်လာစေနိုင်တာကလွဲရင် အခြား အကျိုးရလဒ် ရှိလာမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ Muise က သူတို့ လေ့လာရေးအဖွဲ့အနေနဲ့ ဆယ်စုနှစ် တစုခန့်ကြာအောင် အခု လေ့လာချက်ကို စုံတွဲပေါင်း ထောင်နဲ့ချီပြီး လေ့လာထားတာဖြစ်ကြောင်းနဲ့ အများစုက ချစ်သူနှစ်ဦးအကြား လိင်ဆက်ဆံမှု မပြတ်ရှိနေမှ အချင်းချင်း အဆင်ပြေမယ် ထင်ကြပေမယ့် ပျမ်းမျှ တပတ်မှာ တကြိမ်လောက်ပဲ ပြည့်ဝတဲ့ လိင်ဆက်ဆံမှု ရှိရင်တောင် ကျန်းမာရေးအတွက်ရော အချင်းချင်းအကြား ပြေလည်မှုမှာပါ အကောင်းဆုံး အနေအထားနဲ့ ရေရှည် လက်တွဲနိုင်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ အိမ်ထောင်သည်တွေအတွက် အလုပ်ချိန် အလုပ်၊ အနားယူချိန် အနားယူပြီး အကောင်းဆုံး ဘဝဖြတ်သန်းမှုကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းတခု တွေ့လာရတာပဲ ဖြစ်ပါတယ်။ Ref: www.maxim.com The post ကျန်းမာပျော်ရွှင်အောင် သီတင်းတပတ်ကို ဘယ်နှစ်ကြိမ် လိင်ဆက်ဆံမလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2h4kQxi
via IFTTT

No comments:

Post a Comment