သေဒဏ်ကျင့်သုံးခြင်း တရားဝင်ဆိုင်းငံ့ခြင်းနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်သည် အာရှပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်း များ ဖိုရမ် (APF) ၏ ပံ့ပိုးမှုဖြင့် သေဒဏ်ကို တရားဝင်ဆိုင်းငံ့ခြင်းနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၃ဝ ရက်မှ ၃၁ ရက်အထိ နေပြည်တော်ရှိ Hotel Max ၌ ကျင်းပခဲ့သည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ ဝန်ကြီးဌာနများမှ အကြီးတန်းအရာရှိများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင် ရုံးအရာရှိများ၊ အရပ်ဘက် အဖွဲ့အစည်း များနှင့် သတင်းမီဒီယာ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။ အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက မြန်မာနိုင်ငံ၌ ကြီးလေးသော ပြစ်မှုများကို ကျူးလွန် သူများအား သေဒဏ်ချမှတ်မှုများ ရှိသော်လည်း ၁၉၈၈ ခုနှစ်မှစ၍ အကောင်အထည်ဖော်ခြင်း မရှိတော့ သဖြင့် လက်တွေ့ လုပ်ဆောင်မှုအရ သေဒဏ် ဖျက်သိမ်းသည့် သဘောဟု နိုင်ငံတကာက အပြုသဘော ယူဆကြ ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ တက် ရောက်သူများအနေဖြင့် မိမိတို့၏လုပ်ကိုင်ဆောင်ရွက်မှုများကို အခြေခံ၍ သေဒဏ်ကို တရားဝင် ဆိုင်းငံ့ခြင်းနှင့် စပ်လျဉ်း၍ အမြင်သဘောထားများကို လွတ်လပ်စွာ ဆွေးနွေးပြောကြားကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ ဘာမင် ဂမ်တက္ကသိုလ် ဥပဒေဌာန ပါမောက္ခနှင့် လူ့အခွင့်အရေးဌာန ညွှန်ကြားရေးမှူး Dr. Jon Yorke က သေဒဏ် ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် ကုလ သမဂ္ဂ၏ ဆောင်ရွက်မှုများနှင့် တစ်ကမ္ဘာ လုံး သေဒဏ်ဖျက်သိမ်းရေးကို ရည်ရွယ် သည့် နိုင်ငံတကာ လှုပ်ရှားဆောင်ရွက် မှုများကို လူ့အခွင့်အရေး ရှုထောင့်မှ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးစိုး ဘုန်းမြင့်က သေဒဏ်ချမှတ်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံ စီရင်ထုံးများနှင့် အစဉ်အလာများအပေါ် ခြုံငုံသုံးသပ်တင်ပြခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဦးခင်မောင်လေး က သေဒဏ်ပယ်ဖျက်ရေး ဆဋ္ဌမအကြိမ် က္ဘာ့ညီလာခံနှင့် ပတ်သက်သည့် အတွေ့ အကြုံအမြင်များကို သုံးသပ်တင်ပြခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်း တင်ပြဆွေးနွေးကြသည်။ အဆိုပါ တင်ပြဆွေးနွေးချက်များ အပေါ် အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင် တက်ရောက်ကြသူများက သေဒဏ် တရားဝင် ဆိုင်းငံ့ခြင်းဖြင့် ပြည်တွင်း ဥပဒေများကို အထောက်အကူ ပြုစေ မှုများနှင့် နိုင်ငံတကာမျက်နှာစာတွင် ရရှိ နိုင်မည့် အကျိုးကျေးဇူးများကို ဆွေးနွေး အကြံပြုကြသည်။ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိအချိန်တွင် သေဒဏ်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ခြင်း မရှိသဖြင့် ပြည်တွင်းပြည်ပ အကျိုးကျေးဇူးများ ရရှိနိုင်စေရန် သေဒဏ်ကို တရားဝင် ဆိုင်းငံ့ရေးအတွက် အစိုးရအနေဖြင့် စဉ်းစားသင့်ကြောင်း အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2lPkAqV
via IFTTT
No comments:
Post a Comment