ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့ သုံးခဲ့တဲ့ ဟစ်တလာရဲ့ လူသတ်လက်နက် ၅မျိုး ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမဏီတပ်တွေဟာ ပံ့ပိုးမှုအများဆုံးရတဲ့ တပ်များလို့ဆိုရမှာပါ။ သိပ္ပံပညာ၊ အင်ဂျင်နီယာပညာနဲ့ ခေတ်သစ်ထုတ်လုပ်မှု နည်းပညာများရဲ့ ထောက်ကူမှုတွေနဲ့ ဂျာမန် တပ်များရဲ့ လှုပ်ရှားမှုဟာ အဆင့်မြင့်မားစွာ ယန္တရားတပ်ဆင်ထားတဲ့ စစ်ရေး လှုပ်ရှားမှုများ ဖြစ်လာ ပါတယ်။ အရင် နှစ် ၂၀ကျော်က တိုက်ပွဲများမှာ ပါဝင်ခဲ့တဲ့ တပ်တွေထက် ပိုမိုလျှင်မြန်ပြီး တိုက်ခိုက်နိုင်စွမ်း မြင့် မားကာ ၎င်းထက်နှေးကွေးတဲ့ ရန်သူတွေကို ပြတ်ပြတ်သားသားချေမှုန်းပြီး ဥရောပတိုက်ကြီး တခုလုံး ကို ဂျာမနီ ထိန်းချုပ်မှု အောက်ရောက်အောင် အထောက်အကူပြုခဲ့ပါတယ်။ အနောက်တိုင်း လူ့အဖွဲ့အစည်းကို နိဂုံးချုပ်သွားသလောက်နီးပါး ဖြစ်ခဲ့ရတဲ့ ဂျာမန်စစ်ရေးနည်း ပညာ ၅ ခုကို ဖော်ပြလိုက်ပါတယ်။ ဂျာမန် ပန်ဇာတင့်ကားတစီး ပန်ဇာ VI သို့မဟုတ် ကျားတင့်ကား ဒုတိယကမ္ဘာစစ် အစောပိုင်းက ဂျာမန်စစ်တပ်များဟာ ပန်ဇာတင့်ကားများကို အသုံးပြုကာ လျှင်မြန် ပြီး ပစ်အားကောင်းကောင်းနဲ့ စစ်ဆင်ရေးတွေကို လုပ်ခဲ့တာကြောင့် သတ်ဖြတ်နိုင်စွမ်းမြင့်မား တယ်ဆိုတဲ့ အဲဒီ တင့်ကားတွေရဲ့ ဂုဏ်သတင်းထွက်ပေါ်လာခဲ့ပါတယ်။ တင်ကားတွေကို ပထမကမ္ဘာစစ်အတွင်းက ဗြိတိန်နိုင်ငံက တီထွင်ခဲ့တာဖြစ်ပေမယ့် ဂျာမန်တပ်တွေနဲ့ အက်စ် အက်စ် တပ်ဖွဲ့တွေဟာ ပန်ဇာတင့်တွေကို အထိရောက်ဆုံး အသုံးချကာ စစ်ရဲ့ ချိန်ခွင်လျှာကို ခံစစ်မှ ထိုးစစ်အနေအထားကို ပြောင်းလဲစေခဲ့ပါတယ်။ ဂျာမန်တွေရဲ့ တင့်ကားတပ်တွေဟာ Panzerkampfwagen III နှင့် Panzerkampfwagen IV စတဲ့ တင့်ကားအမျိုးအစားတွေနဲ့ ဖွဲ့စည်းထားပြီး သံချပ်ကာစစ်မြေပြင်မှာတော့ အဆုံးဖြတ်ပေးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ပန်ဇာတင့်တွေဟာ ၅၄တန်လေးတာကြောင့် ဒီကနေ့ခေတ် အသုံးပြုနေတဲ့ တင့်ကားတွေထက် စာရင် သိသိသာသာ ပိုမိုကြီးမားကာ ထူထဲတဲ့ သံချပ်ကာနဲ့ ၈၈ မီလီမီတာ အမြောက်ကိုပါ တပ်ဆင်ထားတဲ့ အတွက် လွန်စွာလေးလံတဲ့ တင့်ကားများဖြစ်ပါတယ်။ ၁၉၄၂ ခုနှက စတင်အသုံးပြုခဲ့တဲ့ ကျားတင့်ကားများရဲ့ KwK 36 အမြောက်များဟာ မဟာမိတ်တို့ရဲ့ တင့်ကားအတွင်းပိုင်းအထိ ဖျက်ဆီးနိုင်ပြီး၊ တင့်ကားမှာ သုံးတဲ့ သံချပ်ကာတွေကလည်း မဟာမိတ်တို့ ရဲ့ တင့်ကားဖျက်လက်နက်တွေရဲ့ ဒဏ်ကို ခံနိုင်ခဲ့ပါတယ်။ ဂျာမန်တပ်မှူးတွေဟာ ပန်ဇာတင့်ကားတွေကို အလိုအပ်ဆုံးနေရာဖြစ်တဲ့ ပြင်းထန်တို့ တင့်ကားတိုက်ပွဲ များမှာ ဖြန့်ကျက်ပါတယ်။ ပန်ဇာတင့်ဟာ ကာကွယ်လှုပ်ရှားနိုင်မှု ဦးစားပေးတဲ့ ယေဘူယျ ထိုးစစ်တွေ မှာ အသုံးပြုတဲ့ တခြားတင့်ကားတွေနဲ့ မတူဘဲ လှုပ်ရှားနိုင်မှု စွမ်းရည်ထက် အကာအကွယ်နဲ့ ပစ်အား ကိုသာ အဓိကထားတယ်လို့ သိရပါတယ်။ မက်ဆာစမစ် တိုက်လေယာဉ် မက်ဆာစမစ် တိုက်လေယာဉ်(Messerschmitt Bf 109) မက်ဆာစမစ် တိုက်လေယာဉ်တွေဟာ ဒုတိယကမ္ဘာစစ်အတွင်းက စွမ်းရည်အမြင့်ဆုံး တိုက်လေယာဉ် တွေဖြစ်ပါတယ်၊ သမိုင်းဝင်ဂျာမန် လေယာဉ်ဒီဇိုင်းထုတ်လုပ်သူ Willy Messerschmitt က ၁၉၃၀ ခုနှစ်မှာ ပုံစံထုတ်ပြီး တိုက်လေယာဉ်ဟောင်းများ နေရာမှာ အစားထိုးခဲ့ပါတယ်။ တိုက်လေယာဉ်ဟာ Monocoque အမျိုးအစား ကိုယ်ထည်၊ ထုတ်သွင်းနိုင်တဲ့ ဆင်းသက်ရေးကရိယာ နဲ့ အသေပိတ်ထားတဲ့ မောင်းနှင်ခန်းပါဝင်ပါတယ်။ Bf109A လေယာဉ်အစောပိုင်း အမျိုးအစားတွေကို စပိန်ပြည်တွင်းစစ်မှာ သုံးခဲ့ပြီး၊ နောက်ပိုင်းမှာ တော့ Me 109 လေယာဉ်တွေဟာ ဂျာမန်လေတပ်အတွက် အဓိကတိုက်လေယာဉ်ဖြစ်လာပါတယ်။ လျှင်မြန်စွာ ဆုတ်တက်လှုပ်ရှားလွယ်ရုံသာမက ၅၁ ကလီဘာ စက်သေနတ်ကြီး ၂လက်နဲ့ ၂၀ မီလီမီ တာ စက်အမြောက်တလက်တပ်ဆင်ထားပါတယ်။ မက်ဆာစမစ်တိုက်လေယာဉ်တွေကို ဥရောပနဲ့ ရုရှားနယ်နမိတ်မှာ တာဝန်ထမ်းဆောင်စေကာ ၁၉၄၃ ခုနှစ်အထိ ဗြိတိန်လေတပ်မှ အပ ကျန်လေတပ်တွေ အားလုံးထက် သာလွန်တယ်လို့ အသိအမှတ်ပြု ခဲ့ရပါတယ်။ စစ်အတွင်းမှာ ပုံစံသစ်တွေဖြစ်တဲ့ အဒေါ့ဖ်ဂဲလန်း၊ ဝါနာ မိုးလ်ဒါးစ်နဲ့ ဂျိုဟန်းစတိန်းဟော့ စတဲ့ စွမ်း ဆောင်ရည် အရှိဆုံး လေယာဉ်မှူးများမောင်းနှင်တဲ့လေယာဉ်များ ထုတ်လုပ်ခဲ့ပြီး စုစုပေါင်း ၃၃၉၈၄ စင်းကို ဂျာမဏီနှင့် ချက်ကိုဆလိုဗက်ကီးယားမှာရှိတဲ့ စက်ရုံတွေမှာ တည်ဆောက်ခဲ့ပါတယ်။ နောက်ပိုင်း ချက်ကိုစလိုဗက်ကီးယားထုတ်တဲ့ Bf109 မျိုးဆက်လို့ ဆိုရမယ့် Czech Avia 199 လေယာဉ်တွေဟာ နောက်ပိုင်း အစ္စရေးလေတပ် စတင်တည်ထောင်ရာမှာ အဓိကအခန်းက ပါဝင်ခဲ့ပါတယ်။ MG-42 စက်သေနတ် MG-42 စက်သေနတ် အတွဲလိုက်ပစ်ရတဲ့ စက်သေနတ်တွေကြောင့် ပထမကမ္ဘာစစ်မှာ ထိခိုက်သေကြေမှုမြင့်မားခဲ့ရာ ကမ္ဘာ စစ် ၂ခုကြားကာလ ဂျာမန်တပ်မတော်ဟာ MG-34 စက်သေနတ်ကို ၁၉၃၄ ခုနှစ်မှာ ပြင်ဆင် ထုတ် လုပ်ခဲ့ပြီး အလေးချိန်ပေါ့ပါးကာ တမိနစ်လျှင် ကျည် ၁၂၀၀ အထက်မြင့်မားတဲ့ ပစ်အားရှိခဲ့ပါတယ်။ အလျှင်အမြန် သေနတ်ပြောင်း လဲလှယ်တပ်ဆင်နိုင်ပေမယ့်၊ စစ်အတွင်း ထုတ်လုပ်မှုက စစ်မြေပြင် လက်နက်ထုတ်လုပ်ပုံနဲ့ မတူပဲ လက်ပတ်နာရီထုတ်တဲ့ ပုံစံဖြစ်နေတာကြောာင့် ဝယ်လိုအား ပြည့်မီ အောင် မထုတ်နိုင်ခဲ့ပါဘူး။ စုစုပေါင်း အလက် ၄ သိန်းအထိထုတ်လုပ်နိုင်ခဲ့ပြီး၊ MG-42 ရဲ့ မြင့်မားလှတဲ့ ပစ်အားဟာ ခံစစ်များမှာ အကျိုးပြုပြီး အထူးသဖြင့် အရှေ့ဖက်ရုရှားစစ်မျက်နှာက ရွေ့လျှားအရန်တပ်များမှာ အသုံးပြုတဲ့အခါ ပိုမိုကောင်းမွန်ပါတယ်။ ယူဘုတ်ရေငုတ်သင်္ဘော ယူဘုတ်(U-Boat) ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျာမန်ရေတပ်ဟာ အဓိကတပ်ဖွဲ့မဟုတ်ခဲ့ပေ။ ပထမကမ္ဘာစစ်ကလို ကြီး မားတဲ့ ရေတပ်သင်္ဘောအုပ်စုများကို တည်ဆောင်ခြင်းမရှိတော့တာကြောင့် အစဉ်အလာ ရန်သူ ဗြိတိန် ရေတပ်ကိုယှဉ်ပြိုင်ဖို့ အကန့်အသတ်ရှိတဲ့ ရင်းမြစ်တွေကိုသာ အာရုံစိုက်နေရပါတယ်။ ပြင်သစ်ရေတပ်ကို တုံ့ပြန်ရာမှာ ကြည်းတပ်ကိုသာ အသုံးပြုခဲ့ပေမယ့် ဗြိတိန်ရေတပ်ကိုတော့ ရေတပ် ချင်းသာ တုံ့ပြန်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့်လည်း စစ်သင်္ဘောကြီးတွမရှိဘဲ အတ္တလန်တိတ် သမုဒ္ဒရာမှာ တိုက်ခိုက်နိုင်လိမ့်မယ် မဟုတ် တာကြောင့် ဖျက်စွမ်းအားကြီးများတဲ့ U- Boat ရေငုပ်သင်္ဘောတွေကို တည်ဆောက်ခဲ့ရာ အောင်မြင် ခဲ့တယ်လို့ ဆိုရမှာပါ။ ၁၉၃၉ မှ ၁၉၄၅ ခုနှစ်အတွင်း မဟာမိတ်ရေတပ် သင်္ဘော ၂၇၇၉ စင်း စုစုပေါင်းတန်ချိန် ၁၄.၁ သန်း ကို မြှုပ်ပစ်ခဲ့နိုင်ခဲ့ရာမှာတော့ အောင်မြင်မှုအရှိဆုံးကတော့ ယူဘုတ်မှာ U-48 ဖြစ်ပြီး သင်္ဘော ၅၁ စင်းမြှုပ်ပစ်နိုင် ခဲ့ပါတယ်။ အဲ့ဒီပမာဏဟာ တန်ချိန် ၃၀၆၈၇၄ ရှိပြီး ခေတ်သစ် နိမစ် အတန်းအစားလေယာဉ်သင်္ဘောကြီး ၃စီးရဲ့ အလေးချိန်နဲ့ ညီပါတယ်။ ယူဘုတ်တွေရဲ့ ထိုးစစ်ကြောင့် အတ္တလန်တိတ် သမုဒ္ဓရာမှာ မဟာမိတ်တပ်တွေရဲ့ လှုပ်ရှားမှုနဲ့ စစ်သုံး ပစ္စည်းပို့ဆောင်မှု နှေးကွေးစေခဲ့ပြီး အစောင့်အရှောက်ဖြင့်သွားလာစေခဲ့ရရုံသာမက ရိက္ခာနဲ့ အခြား ကုန်စည်အမြဲလိုလို ပြတ်တောက်နေတာကြောင့် ဗြိတိန်အရပ်သားများကိုပါ ထိခိုက်စေခဲ့ပါတယ်။ ကနဦးအစပိုင်း အားကောင်းခဲ့ပေမယ့် ဗြိတိန်ရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် ယူဘုတ်တွေဟာ လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ မြောက်အမေရိကနဲ့ အနောက်ဥရောပကြား ဆက်သွယ်ရေးလမ်းကြောင်း ကို မပြတ်တောက်နိုင်တော့ကာ ယူဘုတ်တပ်ဖွဲ့လည်း အဆုံးအရှုံးများခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ယူဘုတ်စုစုပေါင်း ၇၆၅ စင်းဆုံးရှုံးခဲ့ပါတယ်။ Panzerfaust တင့်ဖျက်လက်နက် Panzerfaust တင့်ကားဖျက်လက်နက် ခေတ်သစ်စစ်မြေပြင်မှာ ဂျာမန်က တင့်ကားများကို အလုံးအရင်း အသုံးပြုလိုက်ခြင်းဟာ ပြဿနာကို မီးမွှေးလိုက်ခြင်းဖြစ်ပြီး၊ နှစ်အနည်းငယ်အတွင်းမှာပဲ ဗြိတိန်၊ ဆိုဗီယက်နဲ့ အမေရိကန်တို့က အလား တူ အလုံးအရင်းနဲ့ ရင်ဆိုင်လာရာ ဂျာမန်တပ်များ ထိခိုက်လာကြောင့် တင့်ကားဖျက်လက်နက်များ လိုအပ် လာပါတယ်။ ဒါကြောင့် Panzerfaust တင့်ကားဖျက်လက်နက်ကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Panzerfaust တင့်ကားဖျက်လက်နက်ဟာ မယုံကြည်စရာကောင်းလောက်အောင် ရိုးရှင်းပြီး၊ တကြိမ် သာ အသုံးပြုနိုင်တဲ့ နောက်ကန်အားမဲ့ လက်နက်ဖြစ်ကာ ကိုက် ၃၀အတွင်း ထိခိုက်မှု ပြင်းထန်၍ ၇.၉ လက်မအထိ ထွင်းဖေါက်နိုင်တာကြောင့် မည်သည့် မဟာမိတ်တင့်ကားကိုမဆို ကောင်းစွာ ဖျက်ဆီးနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ကလေးလူကြီးအားလုံး ဂျာမန်တပ်မတော် ပါဝင်လာရာ Panzerfaust ကြောင့် တင်းကားဖျက်ဆီးနိုင်သူများဖြစ်လာခဲ့ပါတယ်။ တာတိုပစ် နောက်ဆုံးခံကတုတ်လက်နက်ကြောင့် မဟာမိတ်တင့်ကားများဟာ ဆွဲအမြောက်လို တင့်ဖျက်လက်နက်မပါတဲ့ ဂျာမန်ခြေလျှင်တပ်တွေကို သတိထားစောင့်ကြည့်လာရပါတယ်။ ဘာလင်မြို့သိမ်း တိုက်ပွဲမှာ Panzerfaust တင့်ဖျက်လက်နက်ကြောင့် ဆိုဗီယက် တင့်ကားတွေမှာ စပရိန်ခံထားတဲ့ သံဇကာတွေကိုတပ်ဆင်ကာ ထိုတင့်ဖျက်လက်ရဲ့ ရန်မှ ကာကွယ်ရန်ကြိုးစားခဲ့ရပါ တယ်။ ထိုစပရိန်စကာကြောင့် တင့်ဖျက်ထိပ်ဖူးဟာ တင့်ကားကိုမထိခင် ပေါက်ကွဲသွားတာကြောင့် နောင် ဆယ်စုနှစ် အတန်ကြာတဲ့အခါ အဲ့ဒီနည်းကို အမေရိကန်စစ်တပ်က Stryker သံချပ်ကာယာဉ်များတွင် အသုံးပြုခဲ့ပါတယ်။ The National Interest မဂ္ဂဇင်းပါ Hitler’s 5 Most Lethal Weapons of War ကို ဘာသာပြန်ဆိုပါတယ်။ The post ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့ သုံးခဲ့တဲ့ ဟစ်တလာရဲ့ လူသတ်လက်နက် ၅မျိုး appeared first on ဧရာဝတီ.
Source : http://ift.tt/2A9B7ID
via IFTTT
No comments:
Post a Comment