မဲဆောက်-ဘန်ကောက် ခရီးသည်တင်ယာဉ် တိုက်မှု မြန်မာ ၁၃ဦးသေဆုံး ထိုင်းနိုင်ငံ အလယ်ပိုင်း ဆင်ဘူရီ ပြည်နယ် အာရှ အဝေးပြေး လမ်းမကြီးပေါ်မှာ Van ကားတစီး ယနေ့နံနက် စောစောက ယာဉ်တိုက်မှု ဖြစ်ပွားရာက မီးလောင်တဲ့အတွက် ကားပေါ်ပါ မြန်မာအလုပ်သမား ၁၃ ဦးနဲ့ ယာဉ်မောင်း ထိုင်းလူမျိုး တဦး စုစုပေါင်း ၁၄ ဦးသေဆုံးသွားတယ်လို့ Bangkok Post သတင်းက ဆိုပါတယ်။ အဆိုပါကားမှာ Boon Ruean Tour Co Ltd မှ ကားဖြစ်ပြီး မဲဆောက်မှ ဘန်ကောက်သို့ သွားမည့် မြန်မာအလုပ်သမားများကို တင်ဆောင်ကာ မောင်းနှင်လာစဉ် အာရှ အဝေးပြေးလမ်းမကြီးပေါ်တွင် ဆန်များတင်ဆောင်လာတဲ့ ဆယ်ဘီးကားနဲ့ နံနက် ၂နာရီ ၃၀ မိနစ်ခန့်မှာ တိုက်မိ တာဖြစ်တယ်လို့ သိရပါတယ်။ ဆယ်ဘီးကားမောင်းအဆိုအရ ဆာရာဘူရီကို ဆန်ပို့ဖို့ မောင်းနှင်လာစဉ် သူကားနောက်ပိုင်းကို ဗင်ကားမှ ဝင်တိုက်ပြီးနောက် မီးလောင်သွားကြောင်း၊ သူက ရဲတပ်ဖွဲ့သို့ ဖုန်းဆက်ကာ အကြောင်း ကြားခဲ့ကြောင်း ဆိုပါတယ်။ ဆင်ဘူရီရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေး လုပ်သားများ ရောက်ရှိခဲ့ပြီး ဗင်ကားထဲမှ မီးလောင်ထားတဲ့ ရုပ်အလောင်း ၁၄လောင်းကို သယ်ယူပေးခဲ့ပြီး ဆေးရုံကို သယ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် လတ်တလော မီးလောင်ထားတဲ့ အလောင်းတွေဟာ ဘယ်သူဘယ်ဝါရယ်လို့ တိတိကျကျ မပြောနိုင်သေးဘူးလို့ ရဲကဆိုပါတယ်။ The post မဲဆောက်-ဘန်ကောက် ခရီးသည်တင်ယာဉ် တိုက်မှု မြန်မာ ၁၃ဦးသေဆုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2B8oI8g
via IFTTT
No comments:
Post a Comment