Friday, November 24, 2017


ပြည်သူ့ဘဏ္ဍာငွေကြေး ထိန်းကျောင်း တည့်မတ်ပေးရေးအတွက် အဓိကတာဝန်ရှိသည်နှင့်အညီ ထိရောက်စွာ စစ်ဆေးဖော်ထုတ်ရန် လို ပြည်သူ့ဘဏ္ဍာငွေကြေး ထိန်းကျောင်း တည့်မတ်ပေးရေးအတွက် အဓိကတာဝန်ရှိသည်နှင့်အညီ ထိရောက်စွာ စစ်ဆေးဖော်ထုတ်ရန် လိုအပ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက နိုဝင်ဘာလ ၂၃ ရက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ပြုလုပ် သည့် ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် စာရင်းစစ် ချုပ်များ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ (၃/၂၀၁၇) တွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း က အမှာစကား ပြောကြားရာ တွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက မိမိတို့ အနေဖြင့် ပြည်သူ့အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ပေးရေး၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု ကောင်းမွန်စေရေး၊ ပြည်သူ့ဘဏ္ဍာငွေကြေး ထိန်းကျောင်း တည့်မတ်ပေးရေးအတွက် အဓိကတာဝန်ရှိသည်နှင့် အညီ ထိရောက်စွာ စစ်ဆေးဖော်ထုတ် ရန်လိုအပ်ပါကြောင်း၊ စစ်ဆေးရေး ဝန်ထမ်းများအနေဖြင့် စစ်ဆေးရေး အရည်အသွေး ပြည့်ဝရန်ဖြစ်သည့် အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများ၊ သင်တန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ စစ်ဆေးရေး လုပ်ငန်းများ ခေတ်မီဖွံ့ ဖြိုးတိုးတက် နိုင်ရေးအတွက် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများထံမှ အကူအညီရယူ၍ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် အညီ တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဉ် များ အပေါ် ကျော်လွှားဖြေရှင်းနိုင်မှုများ၊ စစ်ဆေးဖော်ထုတ် မှုများကိုလည်း အချင်းချင်း အတွေ့အကြုံ ဗဟုသုတများ မျှဝေဖလှယ်သွားကြရန်နှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ပီပြင်စွာ ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြောင်းလဲရေးအတွက် မိမိတို့အနေဖြင့် အရ-အသုံးခန့်မှန်းခြေ ဘတ်ဂျက်များ အချိန်မီပြုစုရေးဆွဲရေး၊ စစ်ဆေးရေးအတွက် ကြိုတင်ပြင်ဆင် စီမံထားရှိရန် လိုအပ်ကြောင်း၊ စစ်ဆေးရေး မဟာဗျူဟာစီမံချက် ရေးဆွဲရေးတွင် ပါဝင်ဆောင်ရွက်ပြီး ရေးဆွဲထားသည့် အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။ “ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုကောင်း တစ်ခုဆိုတာ ပြည်သူတွေက သူတို့ဆောင်ထားတဲ့ အခွန်ရဲ့ ရငွေတွေနဲ့ သုံးစွဲတဲ့ငွေ တွေဟာ တကယ်အကျိုး သက်ရောက်မှု ရှိလား၊ ခြိုးခြံချွေတာစွာ သုံးစွဲမှုရှိလား၊ အကျိုးရှိစွာ၊ စွမ်းအင်ပြည့်ဝစွာ သုံးလား၊ ထိရောက်စွာ သုံးလား ဆိုတာ ပြည်သူက စိတ်ဝင်စားမှာ ဖြစ်ပါတယ်၊ ပြည်သူ စိတ်ဝင်စားတဲ့ ကိစ္စရပ်ဟာ ပြည်သူ့ ဘဏ္ဍာ စီမံခန့်ခွဲမှု ကောင်းတစ်ခုရဲ့ အင်္ဂါရပ်တစ်ခု ဖြစ်တယ်၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု စနစ်ကောင်း တစ်ရပ်ဖြစ်အောင် တည့်မတ်ပေးတယ်၊ လမ်းကြောင်းပေးတယ်” ဟုလည်း ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြောသည်။ The Ladies News
Source : http://ift.tt/2A8ugAi
via IFTTT

No comments:

Post a Comment