Sunday, November 5, 2017


ပတ္တမြား ငမောက် မြန်မာတွေ လက်ထဲ ပြန်ရောက်တော့မလား လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ ကျော်က ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်းထံမှ ဗြိတိသျှ နယ်ချဲ့ဗိုလ်မှူးကြီးတဦး ခိုးယူသွားတယ်ဆိုတဲ့ နန်းစဉ်ရတနာအဖိုးတန် “ပတ္တမြား ငမောက်” ပြန်ရဖို့ သီပေါမင်းရဲ့ မြစ် တော်စပ်သူ ဦးစိုးဝင်းဟာ လန်ဒန်သို့ ရောက်ရှိကာ ကြိုးစားနေတယ်လို့ ဗြိတိန်အခြေစိုက် Express သတင်းကဆိုပါတယ်။ ဗြိတိသျှ နယ်ချဲ့တို့ မန္တလေး ရတနာပုံနေပြည်တော် ကို ဝင်ရောက် သိမ်းပိုက်စဉ်က ငမောက် အမည် ရတဲ့ ပတ္တမြားကို သီပေါမင်းက ဗြိတိသျှ နိုင်ငံရေး အရာရှိချုပ် ကာနယ်စလေဒင်ကို အပ်နှံထားရာမှာ ပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတချို့ကဆိုပါတယ်။ အခုအခါမှာတော့ အဆိုပါ ပတ္တမြားငမောက်ဟာ လန်ဒန်မျှော်စင်မှာရှိတဲ့ သရဖူမှာ ရှိနေတယ်လို့ အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးစိုးဝင်းက ယုံကြည်တဲ့အတွက် ပြန်ရဖို့ သူနဲ့အတူ သမိုင်းဆရာ ရုပ်ရှင်ဒါရိုက်တာ အဲလက်စ် ဘတ်စကိုဘီက ပူးတွဲလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြန်မာ့နောက်ဆုံးဘုရင် သီပေါမင်းရဲ့ ရတနာပုံနေပြည်တော်ကို သိမ်းပိုက်ခဲ့သူ ကာနယ်စလေဒင်ဟာ ပတ္တမြားငမောက်ကို ယူဆောင်ပြီး ဝိတိုရိယ ဘုရင်ကြီးကို လက်ဆောင်းပေးခဲ့တယ်လို့ ကောလာဟလ များလည်း ထွက်ရှိခဲပါတယ်။ အဲဒီနောက်မှာတော့ ပတ္တမြားငမောက်ဟာလည်း လူမြင်ကွင်းကနေ ပျောက်ကွယ်ခဲ့ရပါတယ်။ သီပေါမင်းဟာ အဲဒီ ပတ္တမြားကြီးကို လုံခြုံစွာ သိမ်းဆည်းထိန်းသိမ်းပေးဖို့ ဗြိတိသျှ ဗိုလ်မှူးကြီး စလေဒင်ကို တခြားနန်းစဉ်ရတနာတွေနဲ့ အတူ အပ်နှံခဲ့တာဖြစ်ပြီး၊ ၁၈၈၆ ခုနှစ်မှာ ပတ္တမြားကြီးကို ပြန်ပေးဖို့ အိန္ဒိယဘုရင်ခံချုပ်ထံ စာရေးတောင်းဆိုခဲ့သလို၊ ၁၉၁၁ ခုနှစ်မှာလည်း အင်္ဂလန် ဂျော့ဘုရင် ထံ စာရေးပြီးတော့ ပတ္တမြားကြီးကို ကာနယ်စလေဒင် ယူသွားပုံကို ပြောခဲ့ပါတယ်။ သီပေါမင်း ဒါပေမယ့် ပတ္တမြားငမောက်ကတော့ ပြန်မရခဲ့ပါဘူး။ မြန်မာဘုရင် သီပေါမင်းကို ဗြိတိသျှတို့က ၁၈၈၅ ခုနှစ်မှာ အိန္ဒိယသို့ ပြည်နှင်ဒဏ်ပေးခဲ့တာဖြစ်ပြီး၊ ကာလကြာရှည်ပျောက်ဆုံးနေတဲ့ နန်းစဉ်ရတနာ ပတ္တမြား ငမောက်ကို ပြန်လည်တွေ့ရှိပါက နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းနိုင်မယ်လို့ သီပေါမင်းရဲ့ အဆက်အနွယ်များက မျှော်လင့်နေကြပါ တယ်။ သီပေါမင်း မြစ်တော်စပ်သူ ဦးစိုးဝင်းက “ကျနော်တို့ ဘာတွေပိုင်ဆိုင်ခဲ့တယ်၊ ဘာတွေစွမ်းဆောင်နိုင်ခဲ့ တယ်ဆိုတာကို ပတ္တမြား ငမောက်က ပြန်ပြောင်းသတိရစေပါတယ်၊ ကျနော်တို့ နိုင်ငံဟာ ကြွယ်ဝတဲ့ သမိုင်းမှာ ဂုဏ်သိက္ခာရှိပြီး လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်ခဲ့တာကို ဒီပတ္တမြားက သတိပေးနေ တယ်လို့” ပြောပါတယ်။ The Telegraph သတင်းစာမှာလည်း ပတ္တမြားကြီးဟာ ပိုင်ရှင်ကို ကံကောင်းစေပြီး ရောဂါဝေဒနာ တွေကို လည်း သက်သာ ပျောက်ကင်းစေတယ်လို့ ဆိုထားပါတယ်။ ဗြိတိန်သံတမန်ဟောင်း တဦးကတော့ သက်သေအထောက်အထားများအရ ရှာဖွေရာမှာ နောက်ဆုံး အဲဒီပတ္တမြားကြီးဟာ လန်ဒန်မျှော်စင်မှာ ရှိတယ်လို့ ဆိုပါတယ်။ ပတ္တမြား ငမောက် ပျောက်ဆုံးမှုမှာ အဓိကသံသယရှိခံရသူကတော့ ကာနယ်စလေဒင်ဖြစ်ပြီး၊ အဲဒီတုန်းက သူဟာ ဗြိတိသျှတပ်တွေရဲ့ နိုင်ငံရေးအရာရှိချုပ်ဖြစ်ခဲ့သလို၊ သီပေါမင်းကို ပြည်နှင်ဒဏ် ပေးဖို့ တိုက်တွန်းခဲ့သူဖြစ်ပါတယ်။ ဂျော့ဘုရင်ဟာ သီပေါမင်းရဲ့ ပတ္တမြားငမောက် ပြန်ပေးဖို့ တောင်းဆိုမှုကို လစ်လျူရှု့ နှုတ်ဆိတ်နေပေ မယ့် နောက်ပိုင်းမှာ တော်ဝင်မိသားစုရဲ့ သရဖူမှာ တပ်ဆင်ထားတယ်လို့ သတင်းတွေ ထွက်လာ တာဖြစ်ပါတယ်။ ၁၉၁၁ ခုနှစ်က မေရီမိဖုရားနဲ့ အတူ အိန္ဒိယနိုင်ငံ ဒေလီမြို့ကို ရောက်လာတဲ့ ဂျော့ဘုရင်ရဲ့ သရဖူမှာ အဲဒီပတ္တမြားကြီး တပ်ဆင်ထားတယ်လို့ မြန်မာအများစု ယုံကြည်ကြပေမယ့်၊ သရဖူမှာ တပ်ထားတဲ့ ပတ္တမြားရဲ့ မူရင်းဒေသနဲ့ ပတ်သက်တဲ့ အထောက်အထား မှတ်တမ်းမရှိဘူးလို့ ဗြိတိသျှ နန်းတွင်း အရာရှိတွေက ဆိုပါတယ်။ သီပေါမင်းကို အိန္ဒိယသို့ ပါတော်မူစဉ် ဒါကြောင့်လည်း ပတ္တမြားငမောက်ကို ဗြိတိန်ဘုရင်မကြီးထံ လက်ဆောင်ပေးခဲ့ခြင်း ရှိမရှိ သီပေါမင်း မြစ်တော် ဦးစိုးဝင်းအနေနဲ့ သိလိုနေခြင်းဖြစ်ပါတယ်။ ဗြိတိသျှ အရာရှိတွေက ပြောဆိုပေမယ့်လည်း ဗြိတိန်တော်ဝင်မိသားစုလက်မှာ ဒီပတ္တမြားကြီး ရောက် နေတယ်ဆိုတဲ့ ထင်မြင်ချက်ကို ဟန့်တားနိုင်မှာမဟုတ်ဘူးလို့ Express သတင်းကဖော်ပြပါတယ်။ ဦးစိုးဝင်းရဲ့ ဦးလေးတော်စပ်သူ တော်ဘုရားလေးအောင်ဇေ ရေးသားခဲ့တဲ့ “လန်ဒန်ရှိ ပတ္တမြား ငမောက်” စာအုပ်မှာ သဲလွန်စကို ဗြိတိသျှ နယ်ချဲ့များ မည်သို့ ဖျောက်ဖျက်စေကာမူ ထိုပတ္တမြားကြီး လန်ဒန်မှာ ရှိကြောင်း ခိုင်မာတဲ့ အထောက်အထားရှိတယ်လို့ ရေးသားထားပါတယ်။ ပတ္တမြားငမောက်ဟာ မိုးကုတ်နယ်က ထွက်ရှိတဲ့ ပတ္တမြားဖြစ်ပြီး၊ ပင်းတလဲမင်းလက်ထက်မှာ ရရှိခဲ့တာဖြစ်တယ်လို့လည်း မှတ်တမ်းတချို့ကဆိုပါတယ်။ ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်းကို ၁၈၅၉ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ မွေးဖွားခဲ့ ပြီး၊ ၁၈၇၈ ခုနှစ်မှာ နန်းတက်ခဲ့ပါတယ်။ ၁၈၈၅ခုနှစ်မှာ အင်္ဂလိပ်- မြန်မာ တတိယစစ်ပွဲဖြစ်ပွားကာ နိုဝင်ဘာ ၂၉ရက်နေ့မှာ နန်းကျခဲ့ပြီးနောက် အိန္ဒိယသို့ ခေါ်ဆောင်ခြင်းခံရကာ ၁၉၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ရက်နေ့ သက်တော် ၅၇နှစ်အရွယ်မှာ ရတနာဂီရိမှာ ကံကုန်ခဲ့ပါတယ်။ သီပေါမင်းကို နန်းချစဉ်က ဗြိတိသျှတို့ ရယူသွားသည့် အလောင်းမင်းတြားကြီးရဲ့ ဓားအပါအဝင် အဖိုးတန်သည့် မင်းမြောက်တန်ဆာများနှင့် ၁၉၆၄ ခုနှစ် စက်တင်ဘာလက ဗိုလ်ချုပ်ကြီးနေဝင်း၏ လန်ဒန်ခရီးစဉ်မှာ ပြန်လည်ရရှိလိုက်ပြီး၊ ယင်းခရီးစဉ်အပြီး ဗိုလ်ချုပ်ကြီးနေဝင်းဟာ ရန်ကုန်မြို့ကို ပြန်လာရာမှာ အဲဒီဓားကို ဝှေ့ယမ်းကာ ပြန်လာကြောင်း သမိုင်းသုတေသီ ရောဘတ်တေလာရဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အတ္ထုပ္ပတ္တိမှာ ဖော်ပြထားပါတယ်။ The post ပတ္တမြား ငမောက် မြန်မာတွေ လက်ထဲ ပြန်ရောက်တော့မလား appeared first on ဧရာဝတီ.
Source : http://ift.tt/2hgOWRL
via IFTTT

No comments:

Post a Comment