တာချီလိတ်တွင် သေနတ်၊ ကျည်ဆန်များနှင့် မူးယစ်ဆေးများ ဖမ်းမိ ကျိုင်းတုံ၊ နိုဝင်ဘာ ၂၅ ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ဂိုဒေါင်တစ်ခုမှ ပစ္စတိုသေနတ်တစ်လက်၊ ကျည်မျိုးစုံ ၃၅၀ခန့်နှင့် ကျပ်သိန်း ၁၆၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ အပါအဝင် ဆက်စပ်ပစ္စည်းများ နိုဝင်ဘာ ၂၄ ရက်၊ ညနေ ၄ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့ အမှတ် (၃၀) မူးယစ်တပ်ဖွဲ့စုထံမှ သိရှိရသည်။ “အဲဒီဂိုဒေါင်ထဲကနေ သေနတ် ပစ်ခတ်သံကြားလို့ ပူးပေါင်းအဖွဲ့နဲ့ ဝင်ရှာလို့ ဖမ်းမိခဲ့တာပါ။ ထိုင်းနိုင်ငံသားတစ်ဦး အပါအဝင် တရားခံနှစ်ဦးကို ဖမ်းမိခဲ့တယ်”ဟု ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးများအပြင် ထိုင်းဘတ်ငွေ တစ်သောင်း၊ အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာအပြင် မော်တော်ယာဉ်နှစ်စီး ဖမ်းဆီးရမိပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံသား Mr.Prasan (၄၄ နှစ်ခန့်)နှင့် မြန်မာနိုင်ငံသား ဦးအားချူ (၅၁ နှစ်ခန့်) တို့ကို မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)၊ ၁၉(က)၊ ၂၀(က)၊ ၂၁/၂၂ (ခ)အရ အရေးယူထားကြောင်း တာချီလိတ်ရဲစခန်းထံမှ သိရှိရသည်။
Source : https://goo.gl/asgS6z
via IFTTT
No comments:
Post a Comment