ဒီတပတ် ရန်ကုန်မှာလည်ပတ်စရာ ၁။ နာမည်ကြီး ကဗျာဆရာများ၏ အကြောင်းကို ရိုက်ကူးထားသည့် မြန်မာပုံပြင်စာအုပ် ရုပ်ရုင်အထူးပြပွဲကို ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံတွင် ၂၅.၁၁.၂၀၁၇ မှ ၄.၁၂.၂၀၁၇ ရက်နေ့အထိ ညနေ ၅ နာရီအချိန်များတွင် ပြသသွားမည် ဖြစ်သည်။ ဝင်ကြေး အခမဲ့ဖြစ်ပြီး ရုပ်ရှင်ပြသပွဲ ပြီးဆုံးလျှင် လက်ဖက်ရည်နှင့် မုန့်များလည်း ကျွေးမွေးဧည့်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ ၂။ MELODYWORLD (2017) GRAND FINAL ဂီတပွဲကိုသင်္ဃကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The ONE Entertainment Park တွင် ၂၄.၁၁.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ဝင်ကြေးအခမဲ့ ဖြစ်ကြောင်း သိရသည်။ ၃။ ဒေါက်တာအောင်ထွန်းသက် ဦးဆောင်ဟောပြောမည့် The Role of HR Managers in Employee Relations ဟောပြောပွဲ ကို မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ၂၆.၁၁.၂၀၁၇ ရက်နေ့ နေ့လည် ၁ နာရီတွင် ပြုလုပ်သွားမည် ဖြစ်မည်။ ဟောပြောပွဲ တက်ရောက်သူများအား MCBA သင်တန်းကျောင်းမှ ဖွင့်လှစ်သော abe, UK Level-5 HR Diploma သင်တန်းများကို သင်တန်းကြေး အခမဲ့ တက်ရောက်နိုင်မည့် ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ၄။ 31st Japan Culture Festival ပွဲတော်ကို ကမ္ဘာအေးဘုရားလမ်းရှိ Meliá Yangon Hotel တွင် ၂၅.၁၁.၂၀၁၇ မှ ၂၆.၁၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပွဲတော်တွင် ဂျပန်ယဉ်ကျေးမှု ပြခန်းများ၊ အကများ၊ ကာရာတေးဒို သရုပ်ဖော်တင်ဆက်မှုများနှင့် ဂီတဖျော်ဖြေမှုများ ပါဝင်တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။ ၅။ လိင်တူချစ်သူများ၏ FAB #60 – club night for lesbians, gays and friends ပါတီပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Muse Bar တွင် ၂၅.၁၁.၂၀၁၇ ရက်နေ့ ည ၁၀ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ၆။ မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် အကြီးဆုံးသော Cars DB Auto Show 2017 ကို ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်၊ အထက်ပုဇွန်တောင်လမ်းရှိ Thuwunnabhumi Event Park ၂၅.၁၁.၂၀၁၇ မှ ၂၆.၁၁.၂၀၁၇ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။ ကားဝါသနာရှင်များ၊ ကားဝယ်ယူ ရောင်းချလိုသူများနှင့် အခြားကားနှင့် ဆက်စပ်သည့် လုပ်ငန်းများ အားလုံးအတွက် ဟောပြောပွဲ အစီအစဉ်များ၊ ဂိမ်းအစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ၇။ DJ ဂီတပညာရှင်များ၏ Ghetto Superstars Night ဂီတပွဲကို ကမ္ဘာအေးဘုရားလမ်း (Inya Lake Hotelအနီး) ရှိ Club Pyrite တွင် ၂၄.၁၁.၂၀၁၇ ရက်နေ့ည ၈ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ လက်မှတ်ဈေးနှုန်းကို ၅ ထောင်ကျပ် သတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉-၅၉၅၁၅၆၇၆၉ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။ ၈။ မြန်မာခေတ်ဆန်း ပန်းချီ နှစ် ၁၀၀ ပြည့် ရန်ပုံငွေပန်းချီပြပွဲကို ဗိုလ်ချုပ်ဈေးရှိ ပန်းချီပန်းပုအစည်းအရုံး(ဗဟို) တွင် ၂၂.၁၁.၂၀၁၇ မှ ၄.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မြန်မာနိုင်ငံတဝှမ်းမှ ပန်းချီဆရာများ၏ လက်ရာစုံ ပန်းချီကားများ ပြသ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ ၉။ ပြည်တွင်း၊ ပြည်ပ ရေဆေးပန်းချီပညာရှင်များ ပါဝင်ပြသမည့် IWS MYANMAR Second Annual Exhibition 2017 ပန်းချီပြပွဲကို သံလွင်လမ်းရှိ New Treasure Art Gallery တွင် ၂၅.၁၁.၂၀၁၇ မှ ၂.၁၂.၂၀၁၇ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် အိန္ဒိယ ပန်းချီဆရာ ၂ ဦး၊ ထိုင်း ပန်းချီဆရာ ၂ ဦး၊ တူရကီ ပန်းချီဆရာ ၁ ဦး တို့ ပါဝင်ပြီး ပြည်တွင်းက ထင်ရှားသည့် ရေဆေးပန်းချီဆရာများလည်း ပါဝင်ကြောင်း သိရသည်။ ၁၀။ ပန်းချီဆရာ ၃၅ ဦးပါဝင်မည့် Myanmar 2050 River Gallery Artists Annual Exhibition ပန်းချီပြပွဲကို ကျောက်တံတား မြို့နယ် ၃၇ လမ်းရှိ River Gallery တွင် ၂၅.၁၁.၂၀၁၇ မှ ၃.၁၂.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် အနာဂတ် မြန်မာနိုင်ငံကို ရှေးရှု့သည့် ပန်းချီလက်များ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ The post ဒီတပတ် ရန်ကုန်မှာလည်ပတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2zYPrF8
via IFTTT
No comments:
Post a Comment