ဆက်သွယ်ရေး အော်ပရေတာများ ပိုဖြတ်ထားမိသည့် ငွေများကို သုံးစွဲသူများထံ ပြန်လည်ဖြည့်ပေးနိုင်ရေး စီစဉ်သွားမည် ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် သုံးစွဲသူများထံမှ ပိုဖြတ် ထားမိသည့် ငွေများကို သုံးစွဲသူများထံ ပြန်လည် ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အ စည်းအဝေးတွင် မရမ်းကုန်း မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် ဦးရန်ရှင်း၏ “ မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်း ဆက်သွယ်ရေးကဏ္ဍ၌ တရားဝင် လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေသည့် ကုမ္ပဏီအချို့တို့သည် သုံးစွဲမှုအတွက် ဖုန်းအသုံးပြုခ ဖြတ်တောက်သည့် ကိစ္စရပ်များ၌ အမှန်တကယ် ကျသင့်သည်ထက် ပိုမိုကျသင့် ဖြတ်တောက်နေခြင်းများကို သုံးစွဲသူပြည်သူများ မကြာခဏ ကြုံတွေ့နေရပေရာ ယင်းကိစ္စနှင့် စပ်လျဉ်း၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စိစစ်အရေးယူ ဆောင်ရွက်ပေးရန် အစီစဉ်ရှိမရှိ” မေးမြန်းခဲ့မှု အား ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ် သည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ MPTက စိစစ်ဆောင်ရွက်လျက်ရှိပြီး ကျန်အော်ပရေတာများ ဖြစ်သည့် အော်ရီဒူး နှင့် တယ်လီနောတို့ကိုလည်း စိစစ်နေကာ ပိုဖြတ်ထားမိသည့် ငွေများကိုလည်း သုံးစွဲသူများထံ ပြန်လည် ဖြည့်ပေးနိုင်ရေး အတွက် စီစဉ်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။ The Ladies News
Source : http://ift.tt/2hNlfbr
via IFTTT
No comments:
Post a Comment