ရွေးကောက်ပွဲကော်မရှင်အား အယုံအကြည်မရှိဟု ပြည်ခိုင်ဖြိုး ပါတီပြောကြား ရွေးကောက်ပွဲ တိုင်ကြားစာများနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းသည့် နေရာတွင် မျှတမှုမရှိသည့် အတွက်ကြောင့် ရွေးကောက်ပွဲ ကော်မရှင်အား အယုံအကြည်မရှိဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။ နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်တွင်း ရန်ကုန်မြို့၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဒေါက်တာနန္ဒလှမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်၏ နောက်လုပ်ဆောင်မည့် လုပ်ဆောင်ချက် များသည် ပါတီများအားလုံးနှင့် ပူးပေါင်းကာ မှန်မှန်ကန်ကန် သမာ သမတ်ကျကျ လုပ်ဆောင်မလား ဆိုသည်ကို စောင့်ကြည့်ရမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ယုံကြည်မှုမရှိဟု ၄င်းက ဆိုသည်။ `နောက်တစ်ခုက ကျွန်တော်တို့ တစိုက်မတ်မတ် တောင်းဆိုထားတာ ရှိတယ်။ အခုဆိုရင် ကျွန်တော်တို့ ပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင် လုံးဝမတွေ့ရဘူး၊ မတွေ့တဲ့အခါကျတော့ အခုဖြစ်နေတဲ့ အခက် အခဲတွေ သူတို့ လိုလားချက်တွေ နောက်တစ်ခါ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေမှာ ကျွန်တော်တို့ ထိတွေ့မှုမရှိတဲ့အတွက်ကို ပြောလို့မရဘူး ဖြစ်နေတာပေါ့။ ဒါကြောင့် အခုလို ဆုံးဖြတ်ချက်နဲ့ ပတ်သက်တာတွေ ဆောင်ရွက်မှုနဲ့ ပတ်သက် တာတွေမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့ မျှမျှတတဖြစ်ဖို့ သမာသမတ်ကျဖို့ ပေါ့။ နောက် လိုအပ်တဲ့ အားနည်းချက်တွေလည်း ဝိုင်းအကြံပြု ဆွေးနွေးပြီး တော့မှ ပါတီတွေရဲ့ အသံကိုလည်း နားထောင်ပြီးတော့မှ လိုအပ်တာ လေးတွေ ပြုပြင်ပြေင်းလဲပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို ကျွန်တော်တို့ တောင်းဆိုထားတာ ရှိတယ်။ အခုအချိန်အထိတော့ ကျွန်တော်တို့ကို အကြာင်းပြန်ကြားခြင်းတော့ မရှိဘူး။ နိုင်ငံရေး ပါတီတွေကို ဖိတ်ခေါ်ခြင်း မရှိသေးဘူး။ လက်ရှိပုံစံအတိုင်း ဆိုရင်တော့ ကျွန်တော်တို့ ယုံကြည်မှုမရှိဘူး`ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။ ၂၀၁၇ ကြားဖြတ် ရွေးကော်ပွဲတွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်မှ ပြည်နယ်မဲန္ဒနယ် အမှတ် ၂ တွင် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးရှာမွေလရှဲန်အား ရှုံးနိမ့်သွားသည့် NLD ပါတီမှ ဒေါက်တာ ဝဏ္ဏစိုးက ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများနှင့် ညီညွတ်ခြင်းမရှိကြောင်း တိုင်ကြား ခြင်းကိုစ္စကို ကော်မရှင်က ကြားနာစစ်ဆေးရာတွင် တရားမျှတမှုမရှိဟု ဒေါက်တာ နန္ဒလှမြင့်က ပြောကြားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်တွင် ပထမကြိမ် ကြားနာစစ်ဆေးသည့်အခါ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ပြီး ဒုတိယအကြိမ် ကြားနာစစ်ဆေးသည့် အခါမှာတော့ NLD လွှတ်တော် ကိုယ်စားလှယ်လောင်းက အနိုင်ရရှိခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ အားလုံးသည် တရားမျှတ စွာဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဆိုပါက ပြည်ခိုင်းဖြိုးပါတီ အနေဖြင့် ၁၀၀ ရာခိုင်နှုန်း အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်း ပါတီ ဗဟိုအလုပ်အမှူ ဆောင် ဦးလှသိန်းကပြောကြားသည်။ အောင်ရဲနောင် The Ladies News
Source : http://ift.tt/2jSEn8r
via IFTTT
No comments:
Post a Comment