၁၉၉၂ ခုနှစ် နှစ်နိုင်ငံအစိုးရအကြား နိုင်ငံခြားရေးဝန်ကြီးအဆင့်၌ လက်မှတ်ရေးထိုးထားသည့် ပူးတွဲ ကြေညာချက်ကို အခြေခံ၍ ရေးဆွဲထားသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်အား မြန်မာ-ဘင်္ဂလားဒေ့ရှ် လက်မှတ်ရေးထိုး ၁၉၉၂ ခုနှစ် နှစ်နိုင်ငံအစိုးရအကြား နိုင်ငံခြားရေးဝန်ကြီးအဆင့်၌ လက်မှတ်ရေးထိုးထားသည် ပူးတွဲ ကြေညာချက်ကို အခြေခံ၍ ရေးဆွဲထားသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်အား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတာဝန်ရှိသူများ နိုဝင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်တင့်ဆွေ၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ်ဟတ်ဆန်မာမွတ်အလီ ခေါင်းဆောင်သော ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ မြန်မာနိုင်ငံသို့လာရောက်ခဲ့ကြောင်းသိရသည်။ အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့သည် နိုဝင်ဘာလ၂၂ ရက် တွင်ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။ ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့သည် နိုဝင်ဘာ ၂၃ ရက်၊ မွန်းလွဲ နှစ်နာရီတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ် သည် ၁၉၉၂ ခုနှစ်က ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့အကြား နိုင်ငံခြားရေးဝန်ကြီးအဆင့်တွင် လက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲ ကြေညာချက်ကို အခြေခံ၍ ရေးဆွဲထားပြီး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကို စနစ်တကျ စိစစ်လက်ခံရာတွင် လိုက်နာဆောင်ရွက်ရမည့် အထွေထွေ မူဘောင်များနှင့် မူဝါဒရေးရာ အစီအမံများပါရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ ထို့အတူ ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံများက လည်းကောင်း၊ အိုအိုင်စီအဖွဲ့ကလည်းကောင်း၊ နိုင်ငံတကာတွင် ဖိအားပေးကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်လည်းကောင်း၊ အထွေထွေညီလာခံ၏ တတိယကော်မတီတွင် လည်းကောင်း၊ အဆိုမူကြမ်း ချမှတ်ခဲ့သည့်အပြင် လုံခြုံရေးကောင်စီတွင် သဘာပတိ၏ ထုတ်ပြန်ချက်ဖြင့်လည်းကောင်း ချမှတ်ကာ နိုင်ငံတကာအရေးကိစ္စအဖြစ် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများအကြား အရေးကိစ္စပေါ်ပေါက်လာပါက နှစ်နိုင်ငံချင်း ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းရမည်ဟု ခိုင်မာစွာ ရပ်တည်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ယခုကဲ့သို့ နှစ်နိုင်ငံချစ်ခင်ရင်းနှီးမှုကို အခြေခံကာ နှစ်ဦးနှစ်ဘက် လက်ခံနိုင်မည့်ရလဒ်ကို ရယူခဲ့ခြင်းဖြင့် မိမိ၏ ဆုပ်ကိုင်ထားသော ရပ်တည်ချက် အပေါ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။ အလားတူ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့သည် နိုဝင်ဘာ ၂၃ ရက်၌ပင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နတ်မြစ် မြောက်ဘက် ကုန်းပိုင်း နယ်နိမိတ်စာချုပ် (၁၉၉၈) အား အတည်ပြုသည့် စာချွန်လွှာကို အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H.E. Mr. Md. ShahidulHaque တို့ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နတ်မြစ် နယ်နိမိတ် ဖြည့်စွက်အခြေပြစာချုပ်(၂၀ဝ၇)အား နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
Source : http://ift.tt/2mVLlKP
via IFTTT
No comments:
Post a Comment