လက်နက်ကိုင်ဆောင်မှုကို အကောင်းဆုံး လျော့ချနိုင်ခဲ့တဲ့ ၄ နိုင်ငံ လက်နက်ကိုင်ဆောင်မှုနဲ့ နောက်ဆက်တွဲ လက်နက် အလွဲသုံးမှုကြောင့် သေဆုံးမှုတွေကို လျော့ချပစ်လိုက်တဲ့ ကမ္ဘာ့ နိုင်ငံ ၄ နိုင်ငံအကြောင်း တင်ပြမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်ဆောင်မှု လျော့ချလိုက်တယ်၊ လက်နက် ကိုင်ဆောင်မှု လျှော့ကျခြင်းနဲ့ အတူ လက်နက်ကြောင့် သေဆုံးမှုလည်း နည်းသွားမှာ ဖြစ်လို့ လက်နက် ကိုင်ဆောင်မှုကို အကောင်းဆုံး လျော့ချလိုက်နိုင်တဲ့ နိုင်ငံ ၄ နိုင်ငံ အကြောင်းပါ။ အထူးသဖြင့်တော့ အမေရိကန်လို အခုလပိုင်းတွေ အတွင်း လက်နက်မှုကြောင့် သေဆုံးမှု များပြား နေချိန်မှာ အခု ၄ နိုင်ငံရဲ့ လက်နက်ကိုင်ဆောင်မှုကို အကောင်းဆုံး လျော့ချပုံမျိုးက နမူနာရယူ စရာလည်း ဖြစ်နေပါတယ်။ (၁) သြစတြေးလျ ။ ။ ဒီနိုင်ငံမှာ ပြည်သူတွေ လက်ထဲက လက်နက်ကိုင်ဆောင်မှုကို လျော့ချနိုင်အောင် ရည်ရွယ်ပြီးတော့ အစိုးရက ပြည်သူ့ဆီကနေ လက်နက်တွေ ဝယ်ယူလိုက်ပါတယ်။ ၁၉၈၀ နဲ့ ၉၀ ပြည့်နှစ်တွေမှာ သြစတြေးလျမှာ လက်နက်နဲ့ ပတ်ခတ်မှု အများအပြား ဖြစ်ခဲ့သလို ၁၉၉၆ မှာ လက်နက်နဲ့ ပတ်ခတ်မှုကနေ အများဆုံးအနေနဲ့ တကြိမ်တည်း ပြည်သူ ၃၅ ဦး သေဆုံးခဲ့တယ်။ ဒါကြောင့် ဝန်ကြီးချုပ်ဖြစ်တဲ့ John Horward က လက်နက်ထိန်းချုပ်မှု အစီအစဉ် တရပ်ချမှတ်ခဲ့ပါတယ်။ ဒီအစီအစဉ်က အထက်မှာ ပြောခဲ့သလို အစိုးရက ပြည်သူ့ဆီကနေ လက်နက်တွေ ဝယ်လိုက်တာ ဖြစ်ပြီး ဒေါ်လာသန်း ၅၀၀ ဖိုးလောက် ဝယ်လိုက်တယ်၊ ဝယ်လု့ိ ရတဲ့ လက်နက် ၆ သိန်းလောက်ကို ဖျက်ဆီးပစ်လိုက်တာလည်း တွေ့ရပါတယ်။ ဒီလိုနဲ့ လက်နက်ကိုင်ဆောင်မှုနဲ့ နောက်ဆက်တွဲ သေဆုံးမှုလည်း ထက်ဝက် နှုန်းလောက်ထိ လျော့ကျသွားတာ တွေ့ရပါတယ်။ ပတ်ခတ်မှု အပြင် သေနတ်နဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနှုန်းကိုပါ လျော့ချလိုက်နိုင်တယ် လို့ သိရပါတယ်။ (၂) ဂျပန် ။ ။ ဂျပန်မှာ လက်နက်ကိုင်ဆောင်မှုကို တင်းကျပ်ထားတဲ့တိုင် လူဦးရေ ၁၂၇ သန်း ရှိတဲ့ နိုင်ငံမှာ တနှစ်မှာ လက်နက်ကြောင့် သေဆုံးသူ ၁၀ ဦးထက် မနည်းရှိတယ် လို့ ဆိုပါတယ်။ ဒီတော့ အဆိုပါ သေဆုံးနှုန်းကို လျှော့ချချင်တဲ့ ဂျပန် အစိုးရက ပြည်သူတွေ သေနတ်ကိုင်ချင်ရင် ရတယ်၊ ဒါပေမယ့် အစိုးရက ပေးတဲ့ သင်တန်းကို တက်ရမယ်၊ ရေးဖြေရော လက်တွေ့ရော ပေးတဲ့ သင်တန်းပါ။ ဖြေဆိုမှုမှာ ၉၅ ရာခိုင်နှုန်းနဲ့ အထက် တိကျ အောင်မြင်မှု ရှိမှ လက်နက်ကိုင်ဆောင်ခွင့် ပေးတာလည်း တွေ့ရပါတယ်။ စိတ်ကျန်းမာရေး အခြေအနေ အတွက်လည်း ဆေးရုံတွေကနေ ထောက်ခံချက် ရယူစစ်ဆေးတာ တွေ့ရပါတယ်။ စစ်ဆေးမှု အေင်မြင်ရင် လက်နက်ကိုင်ဆောင်ခွင့် ရပါပြီ၊ ဒါပေမယ့် တသက်လုံးတော့ မဟုတ်ပါဘူး၊ ၃ နှစ် အကြာမှာ အခုလို စစ်ဆေးမှု ပြန်လုပ်ပါမယ်၊ အဲဒီအချိ်န်မှာလည်း စစ်ဆေးမှု အောင်မြင်ရင်တော့ လက်နက် ဆက်ကိုင်ခွင့် ရမှာပေါ့။ (၃) နော်ေ၀ ။ ။ ကမ္ဘာမှာ အေးချမ်းမှု အများဆုံး နိုင်ငံစာရင်း ဝင်ပေမယ့် လက်နက်မှုနဲ့ သေဆုံးသူစာရင်းမှာ နော်ဝေက ကမ္ဘာမှာအဆင့် ၁၀ ချိတ်ပါတယ်။ အမေရိကန်ကတော့ အဆင့် ၃ပါ၊ ဒီလိုအဆင့် ၁၀ ရှိနေတဲ့ နိုင်ငံက လက်နက် (သေနတ်) ဆိုတာ အန္တရာယ်များကြောင်း ပြည်သူကို အသိပညာ ပေးသလို အစိုးရနဲ့ ပြည်သူ မခွဲခြားဘဲ လက်နက် မသုံး၊ မကိုင်၊ မပစ် စနစ်ကို သုံးပါတယ်။ အမေရိကန်မှာလက်နက်ကိုင်ခွင့်ရ ရဲတွေက အမှုနဲ့ ပတ်သတ်ပြီးနေ့တိုင်းလိုလို ရဲတွေရဲ့ ပစ်ခတ်မှု ရှိပေမယ့် စာရင်းတွေ အရ နော်ဝေရဲတွေက ပြီးခဲ့တဲ့ ၉ နှစ် အတွင်းသေနတ်နဲ့ ပတ်ခတ်ဖမ်းဆီးမှု မရှိဘူး လို့တောင် သိရပါတယ်။ ပြည်သူ၊ အစိုးရ တန်းတူ အဖြစ် လက်နက် မသုံးဘဲ ယုံကြည်မှု တည်ဆောက်ထားရှိတာ တွေ့ရပါတယ်။ (၄) အင်္ဂလန် ။ ။ သြစတြေးလျမှာ အစိုးရက ပြည်သူ့ဆီကနေ လက်နက်တွေ ဝယ်ပြီး ဖျက်ဆီးနေချိန် အင်္ဂလန်မှာ ပါလီမန်က ပြည်သူတွေကို လက်နက်ကိုင်ဆောင်ခွင့် တားမြစ်ထားပါတယ်။ တကယ်လို့ လက်နက်ကိုင်ဖို့ လိုအပ်သူဆိုရင်လည်း ကိုုင်ဆောင်လက်နက်ကို စာရင်းသွင်းလိုင်စင် လုပ်ထားရပါတယ်။ ပြီးတော့ သြစတြေးလျလို လက်နက်လည်း ဝယ်ပါတယ်၊ စာရင်းတွေ အရ ပြည်သူ့ဆီကနေ အင်္ဂလန် အစိုးရက ဒေါ်လာသန်း ၂၀၀ ဖိုးလောက် ဝယ်ခဲ့သလို လက်နက် ၁ ဒသမ ၆၂ သိန်းကို ဖျက်ဆီးပြီး ဖျက်ဆီးလက်နက် အမှိုက် တန် ၇၀၀ လောက် ရတယ်လို့ ဆိုပါတယ်။ ဒီနေ့ အင်္ဂလန်က ပြည်သူ ၁၀၀ မှာ လက်နက် ၆ ဒသမ ၅ လက်နှုန်းပဲ ရှိတော့တယ် လို့ သိရပြီး အမေရိကန်က ပြည်သူ ၁၀၀ မှာ လက်နက် ၈၈ လက်နှုန်း ရှိနေတာ တခုနဲ့တော့ တော်တော်ကို ကွာဟထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ ရလဒ်ကတော့ တနှစ်မှာ အင်္ဂလန်က လက်နက် အတွက် အသုံးစရိတ် ဒေါ်လာ ၅၆ သန်းလောက် သက်သာသွားသလို လက်နက်နဲ့ ပတ်ခတ်မှုကြောင့် သေဆုံးနှုန်းလည်း တနှစ်ကို လူ ၅၀ ကနေ ၆၀ ထိ လျော့ချလိုက်နိုင်ပါတယ်။ ဒီအချိန်မှာ အမေရိကန်ကတော့ တနှစ်ကို လက်နက်နဲ့ သေဆုံးနှုန်း တနှစ်ကို ၁၆၀ လောက်ထိ ရှိနေတာပါ။ http://ift.tt/eKERsB The post လက်နက်ကိုင်ဆောင်မှုကို အကောင်းဆုံး လျော့ချနိုင်ခဲ့တဲ့ ၄ နိုင်ငံ appeared first on ဧရာဝတီ.
Source : http://ift.tt/2zWrXjK
via IFTTT
No comments:
Post a Comment