Thursday, November 23, 2017


ထားဝယ်မြို့တွင် ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ ကျင်းပမည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် သန်စွမ်းရေးအတွက် အားကစားနှင့် ကာယ ပညာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားကစားလုပ်ငန်း များကို တစ်မျိုးသားလုံး လူထုလှုပ်ရှားမှု အသွင်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဒီဇင်ဘာလ၏ စနေနေ့ ရုံးပိတ်ရက်များ ဖြစ်သည့် (၂၊ ၉၊ ၁၆၊ ၂၃၊ ၃၀) ရက်နေ့များတွင် ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲ ကို စည်းကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ အားကစားလ လူထုလမ်းလျှောက်ပွဲကို နံနက် ၅ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့၌ စုရပ်အဖြစ် သတ်မှတ်ပြီး ၎င်းမှတဆင့် စတင်လမ်းလျှောက်ကာ အာဇာနည်လမ်းမကြီးနှင့် လေယာဉ် ကွင်းလမ်း အတိုင်း လမ်းလျှောက်မည်ဖြစ်ကြောင်း၊ ရွှေဝယ် သီရိ အားကစားကွင်းတွင် ရပ်နားမည်ဖြစ်ပြီး ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ (၁)(၂)ပြုလုပ်မည်ဖြစ်သည်။ ဆက်လက်၍ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအပြီးတွင် ရွှေဝယ်သီရိအားကစားကွင်း၌ အရပ် ၄ ပေ ၆ လက်မ အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အရပ်ကန့်သတ်ချက်မရှိ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ပြုလုပ်ကျင်းပ မည်ဖြစ်ကြောင်း၊ အလားတူပင် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌လည်း ဒီဇင်ဘာ အားကစားလ လူထုလမ်းလျှောက်ပွဲ ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ The Ladies News
Source : http://ift.tt/2Bg4SZJ
via IFTTT

No comments:

Post a Comment