Thursday, November 23, 2017

Ko

ယာဉ်ပိုင်ရှင်များအဆင်ပြေစေရန် မြင်သာကညနရုံး၌ လိုင်စင်သက်တမ်းတိုးကားများကို Online Booking စနစ်ဖြင့် ဆောင်ရွက်ပေးမည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(မြင်သာ)တွင် ယာဉ်လိုင်စင် သက်တမ်းတိုးမည့်ကားများကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ Online Booking စနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန်အတွက် လာမည့် ဇန်နဝါရီ ၁ ရက်မှစ၍ ယာဉ်လိုင်စင် သက်တမ်းတိုးခြင်းကို Online စနစ်ဖြင့် စတင် ဆောင်ရွက်ပေးမည် ဖြစ်သည်။ မြင်သာကညနရုံးတွင် သက်တမ်းတိုး လာရောက်ပြုလုပ် မည့်ကားများအတွက် အချိန်ပိုင်း သုံးပိုင်းခွဲကာ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ မြင်သာကညနရုံးတွင် ယာဉ်အစီးရေ ခြောက်ရာကျော် ဝင်ဆံ့သည့်အတွက် နံနက် ၉ နာရီ မှ ၁ဝ နာရီခွဲ၊ ၁ဝ နာရီခွဲမှ ၁၂ နာရီ၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ အချိန်သုံးပိုင်းခွဲပြီး ယာဉ်စစ်သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ '' Online စနစ်ကို ကျင့်သုံးတဲ့အခါမှာ ယာဉ်ပိုင်ရှင်တွေဘက်က အဆင်ပြေမယ့်ရက်၊ အဆင်ပြေ မယ့်အချိန်တွေကိုရွေးပြီး Online ကနေတစ်ဆင့် လျှောက်လို့ရပါတယ်၊ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ကားလမ်း ပိတ်တာတွေ၊ တစ်နေကုန်စောင့်ပြီး ကားတန်းစီစရာ မလိုဘဲ ချိန်းထားတဲ့ရက်မှာ မိမိ ရွေးချယ်ထားတဲ့ အချိန်အတိုင်း လာရောက် စစ်ဆေးလိုက်ရုံပါပဲ၊ နောက်ပြီး တစ်နေ့တာရဲ့ ကားအစီးရေ ပမာဏကို အချိန်ဖြန့်ပြီး ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ကားတွေ ပိတ်ဆို့မှုမရှိတော့ဘဲ လမ်းလည်း ရှင်းသွားမှာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Online Booking စနစ်ဖြင့် ယာဉ်လိုင်စင် သက်တမ်းတိုးခြင်းကို မြင်သာ ကညနရုံး၌ စတင် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ကျန်ရှိသည့် ခရိုင်ရုံးများ၌လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ Online Booking စနစ်ဖြင့် ယာဉ်သက်တမ်းတိုးခြင်း အသေးစိတ်ကို ဌာနဝက်ဘ်ဆိုက်၊ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်နှင့် ရွှေမြင်သာ ဝက်ဘ်ဆိုက်များတွင် ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ CRE ရဲထွန်းကျော်(Automobile Journal ) #ADMIN
Source : http://ift.tt/2Apyre8
via IFTTT

No comments:

Post a Comment