မော်တော်ယာဉ်များ၏ အချက်အလက်များ သိနိုင်ရန် RFID(Radio Frequency Identification Device) စနစ်ကို ကျင့်သုံးရန် ဆောင်ရွက်နေ ဟု ဆို မော်တော်ယာဉ်များနှင့် ပတ်သက်သော မှန်ကန်တိကျသည့် အချက် အလက်များ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွင် ရှိနေစေရေး နှင့်ပတ်သက်၍ မီးပွိုင့်များတွင် CCTV များတပ်ဆင်ပြီး ယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များ သိရှိနိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့နှင့်ညှိနှိုင်း၍ RFID(Radio Frequency Identification Device) စနစ်ကို ကျင့်သုံးရန် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်၊စက်မှုလက် မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်း မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်း လတ်၏ ဆက်စပ်မေးခွန်း မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ယင်းသို့ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “ရန်ကုန်တိုင်းဒေသကြီး အတွင်း မော်တော်ယာဉ် များ တဆင့်ဝယ်ယူပြီးပါက မိမိနာမည်အမည်သို့ အမည်ပြောင်းလဲ ရာတွင် အခွန်ဆောင်ရခြင်းနှင့် ကြန့်ကြာခြင်းများ ရှိနေပါသဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ကားစီးရေ ၉ သိန်းကျော်ရှိသည့် အနက် ၂ သိန်းကျော်သာ အမည်ပေါက်နှင့် ပိုင်ဆိုင်မောင်းနှင်လျက်ရှိကြောင်း၊ ထိုသို့ အမည်မပြောင်း ကြခြင်းကြောင့် တရားဥပဒေ စိုးမိုးရေးနှင့် ယာဉ် စည်းကမ်း ထိန်းသိမ်းနိုင်ရေးတို့တွင် အခက်အခဲများ ရှိ နေကြောင်း သို့ပါ၍ မော်တော်ယာဉ်များနှင့် ပတ်သက်သော မှန်ကန်တိကျသည့် အချက်အလက်များ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွင် ရှိနေစေရေး မည်သို့မည်ပုံ ဆောင်ရွက် လျက်ရှိသည် ကိုသိလိုပါကြောင်း’’ မေးမြန်း မှုအား ဝန်ကြီးဒေါ်နီလာကျော်က ပြန်လည် ဖြေကြားပေးခဲ့သည်။ “မော်တော်ယာဉ်များ မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ထားသူ အမည်အား သွင်းကုန်ပါမစ်၊ အရောင်းစင်တာ ဝယ်ယူခွင့် လက်မှတ်တွင် ဖော်ပြပါရှိ သည့် အမည်၊ နေရပ်လိပ်စာ အတိုင်းသာ မှတ်ပုံတင်ပေးကြောင်း၊ ယာဉ်မှတ်ပုံတင် လုပ်ငန်းများ သွက်လက်မြန်ဆန်၍ လာရောက် ဆောင်ရွက်နေသူများ ကျေနပ်နှစ်သက် စေရေးအတွက် လုပ်ငန်း လာရောက် ဆောင်ရွက်သူ၏ မှတ်ပုံတင်(သို့) နိုင်ငံသား စိစစ်ရေးကတ်(သို့) ဓါတ်ပုံပါရှိသော စိစစ်ရေးကတ် တစ်ခုခုကိုသာ စိစစ်၍ မိတ္တူရယူ ဆောင်ရွက်ပေးလျက်ရှိသည်။ ဤဦးစီးဌာနမှ ထုတ်ပေးသည့် မော်တော်ယာဉ် မှတ်ပုံတင်စာအုပ် ကမ(၃) စာမျက်နှာ(၁၃) သတိပြုရန် အချက်များတွင် အမည်နေရပ် ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက် ဆောင်ရွက်ရန်နှင့် အမည်ပေါက်သူတွင်သာ တာဝန်ရှိသည်။ မှတ်ပုံတင်ထားသူသည် ယာဉ်နှင့်စပ်လျဉ်း၍ ကိစ္စအဝဝကို တာဝန်ခံသူသာ ဖြစ်ကြောင်း ဖော်ပြ အသိပေးထားပြီးဖြစ်၍ ယာဉ်ပိုင်ရှင် မှန်ကန်စေရေးနှင့် နေရပ်လိပ်စာ မှန်ကန်စေရေးအတွက် ယာဉ်မှတ်ပုံတင်ထားသူတွင်သာ တာဝန်ရှိသည်ဟု မှတ်ယူရပြီး ယာဉ်လက်ဝယ် ပိုင်ဆိုင်သူသည်လည်း ယာဉ်မှတ်ပုံတင် အမည်ပေါက်သူအဖြစ် ဆောင်ရွက်ရန် တာဝန်ရှိသူ ဖြစ်သည်။ ယာဉ်လက်ဝယ်ရှိသူများမှ အမည်ပြောင်းလဲလိုပါက ပြည်တွင်း အခွန်ဦးစီးဌာနတွင် အခွန်ပေးဆောင်စေပြီး ၄င်းဌာနမှ ထုတ်ပေးသည့် အခွန်ပုံစံ(၁)မူရင်းပါရှိလျှင် ယာဉ်စစ်ဆေးပြီး အမည်ပြောင်းလဲခြင်းအား ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယာဉ်လက်ဝယ်ရှိသူများ အနေဖြင့် အမည်မပြောင်းရခြင်း အကြောင်းရင်းမှာ အခွန်ပေးဆောင်ရန် ငွေကြေး အခက်အခဲများ ရင်ဆိုင်နေရခြင်းကြောင့် ဖြစ်ကြောင်း၊ ဌာနအနေဖြင့် ကနဦးမှတ်ပုံတင်ထားသူ အမည်၊ အမည်ပြောင်းလဲ၍ မှတ်ပုံတင်ထား သူများအား Computerize System ဖြင့် စနစ်တကျ မှတ်တမ်း ထိန်းသိမ်းထားပြီး၊ ရပ်ကွက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများမှလည်း မိမိရပ်ကွက်၊ မြို့နယ်အတွင်းရှိ နေအိမ်များတွင် ပိုင်ဆိုင်သောယာဉ်များ၏ စာရင်းများကို မှတ်တမ်းကောက်ယူထားရှိပါကလည်း ယာဉ်လက်ဝယ်ရှိသူပိုင်ရှင်များအား အနီးစပ်ဆုံးသိရှိနိုင်မည်ဖြစ်ကြောင်း’’ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပြီးနောက် ဆက်စပ်မေးခွန်း အနေဖြင့် မေးခွန်းပါ ပြဿနာများကို ပြေလည်စေရန်မှာ ပြည်ထောင်စုအခွန်စနစ်နှင့် သက်ဆိုင်နေပါသောကြောင့် ပြည်ထောင်စုအစိုးရနှင့် တစ်စုံတစ်ရာ ညှိနှိုင်းရန် အစီအစဉ်ရှိ/မရှိမေးမြန်းခဲ့ခြင်း ဖြစ်သည်။ The Ladies News
Source : http://ift.tt/2zvWFmU
via IFTTT
No comments:
Post a Comment