Monday, November 6, 2017


TNLA အဖွဲ့နှင့် ဆက်သွယ်မှုများရှိသည်ဟု ယူဆသော နမ့်ခမ်းမြို့နယ် အတွင်းမှ ဒေသခံများအား တပ်မတော်က ဖမ်းဆီးစစစ်ဆေးမှုများ ပြုလုပ် တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) နှင့် အဆက်အသွယ်ရှိသည်ဟု ယူဆသော နမ့်ခမ်းမြို့နယ်အတွင်းမှာ ရှိသည့် ဒေသခံများအား တပ်မ (၈၈) က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှကြောင်း နမ့်ခမ်းမြို့နယ် ပြည်နယ်မဲဆန္ဒ (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဦးအာင်ဝင်းက The Ladies News သို့ ပြောကြားသည်။ လွန်ခဲ့သည့် နှစ်လကျော်အချိန်မှစကာ နမ့်ခမ်း အခြေစိုက် တပ်မ (၈၈)က TNLA နှင့် အဆက်အသွယ်ရှိသည်ဟု ယူဆသော ဒေသခံများကို ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်ပြီး လတ်တလောတွင် ဒေသခံရှစ်ဦးခန့်ကို ဖမ်းဆီးစစ်ဆေးနေသည်ဟု ၄င်းကပြောကြားသည်။ `ဒီလို စစ်ဆေးရေး လုပ်နေတာ နှစ်လကျော်လောက် ရှိနေပြီ။ အခုလော လောဆယ် စာရင်းအတိအကျတော့ မရသေးဘူး။ ဒါပေမယ့် စာရင်း အရတော့ ရှစ်ယောက်ကျော် ရှိနေပြီ။ အခုလောလောဆယ် လွတ်တာ ကတော့ နှစ်ယောက်ပဲ လွတ်သေးတယ်။ ကျန်တာကတော့ အခုထိ ဖမ်းဆီးစစ်ဆေးနေတုန်းပါပဲ` ဟု ဦးအောင်ဝင်းက ပြောကြားသည်။ ဖမ်းဆီစစ်ဆေး ခဲ့ရသူများထဲမှ ပြန်လည် လွတ်မြောက်လာသူများ ရှိသူသလို လားရှိုးအကျဉ်ထောင်သို့ ပို့ဆောင်ခြင်းခံရသည့် သူများလည်း ရှိသည်ဟု တအာင်း စာပေယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးမြင့်ကျော်က ပြောကြားသည်။ `ပြန်လွတ်တဲ့သူလည်း ရှိတယ်။ ပြီးတော့ လာရှိုးထောင်ထဲ ရောက်သွား တာလည်း ရှိတယ်။ ပြီးတော့ တပ်စခန်းမှာလည်း ရှိသေးတယ်တယ်` ဟု ၄င်းကပြာကြားသည်။ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) သည် တပ်မတော်နှင့် မကြာခဏ ဖြစ်ပွားနေသည့် လက်နက် ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေသခံများ၏ ပြောကြားချက်အရ နမ့်ခမ်းမြို့နယ်သည် TNLA လှုပ်ရှားရာ ဒေသတစ်ခုလည်း ဖြစ်သည်။ အောင်ရဲနောင် The Ladies News
Source : http://ift.tt/2y63wid
via IFTTT

No comments:

Post a Comment