မိခင် ဘိုကလေးဈေးသို့ အလုပ်သွားရောက်လုပ်ကိုင်နေစဥ် နေအိမ်တွင် ကျန်ခဲ့သည့် အသက် (၁၂)နှစ်အရွယ် သမီးအကြီးဆုံးကို ဖခင်က အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။ သန်လျင်မြို့နယ် ညောင်သုံး ပင်ကျေးရွာနေ (၃၅)နှစ်အရွယ် ဒေါ်မညွန့် (ခ) ဘီဘီသည် မတ်လ ၁ ရက် နံနက် ၉ နာရီက ဘိုကလေးဈေးသို့ အလုပ်လုပ်ရန်သွားရောက်ခဲ့ပြီး ညနေ ၆ နာရီနေအိမ်သို့ ပြန်ရောက်မှသာ အကြီးဆုံးသမီး အဓမ္မပြုကျင့်ခံရခြင်းကို သိရှိခဲ့သည်။ မိခင် အလုပ်သွားသည့်အ ချိန်တွင် သမီးကြီး (၁၂) နှစ်အရွယ်မိန်းကလေးနှင့်(၅)နှစ်အရွယ် သမီးငယ်တို့အပြင် ၎င်းတို့၏ ဖခင် (၄၄)နှစ် အရွယ် အေးသိန်း (ခ) လဟင်းတို့ နေအိမ်တွင် ကျန်ရစ်ခဲ့သည်။ ထို့နောက် မွန်းလွဲ ၂ နာရီ တွင် (၅)နှစ်အရွယ် ကလေးငယ် သည် နေအိမ်အပြင်ဘက် ထွက်ကစားနေချိန် နေအိမ်ဧည့်ခန်းအတွင်း အိပ်ပျော်နေသည့် (၁၂)နှစ်အရွယ်မိန်းကလေးကို ဖခင်က အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ မိခင် အလုပ်မှပြန်လာချိန် တွင် သမီးအကြီးက ငိုယိုကာ ဖခင်က ၎င်းကို အဓမ္မပြုကျင့်သည်ကို ပြောပြသဖြင့် မိခင်က တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်ကြားခဲ့သည်။ သမီးအရင်းကို အဓမ္မပြု ကျင့်ခဲ့သည့် အမျိုးသားကို သန် လျင်မြို့မရဲစခန်းက အဓမ္မပြုကျင့် မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေသည်။
Source : http://ift.tt/2CWIcxe
via IFTTT
No comments:
Post a Comment