Sunday, March 4, 2018

7Day News Journal

တက္ကသိုလ်ဝင်စာမေးပွဲတွင် မသန်စွမ်းကျောင်းသား၊ ကျောင်းသူများကို သတ်မှတ် ဖြေဆိုချိန်ထက် မိနစ် ၃ဝ ပိုကာ ဖြေဆိုခွင့်ပြု မည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမိုးမြတ်ကျော်က ပြောသည်။မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ၏ စာရင်းများအရ ၂ဝ၁၈ တက္က သိုလ်ဝင်စာမေးပွဲကို အမြင်အာရုံ ချို့တဲ့သူ ၂၉ ဦး၊ ဆွံ့အနားမကြား သူ ၁ဝ ဦး၊ ခန္ဓာကိုယ်မသန်စွမ်း သူ ၆၆ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည်။ ၎င်းတို့ကို စာမေးပွဲဖြေဆိုချိန် ၃ နာရီ မိနစ် ၃ဝ ပေးမည်ဖြစ်ပြီး ၎င်းတို့အနက် အမြင်အာရုံချို့တဲ့ သူနှင့် ခန္ဓာကိုယ်မသန်စွမ်းသူများ အနေဖြင့် ကိုယ်တိုင်ဖြေဆိုနိုင် ခြင်း မရှိပါက နဝမတန်းကျောင်း သား၊ ကျောင်းသူတစ်ဦးဦးကို စာမေးပွဲဖြေဆိုသူက နှုတ်ဖြင့်ပြော စေ၍ ကိုယ်စားလိုက်ရေးပေးပြီး ဖြေဆိုခွင့်ပြုမည် ဖြစ်သည်။ ဆွံ့အနားမကြားသူများကို စာမေးပွဲမေးခွန်း ဖတ်ပြရန်လိုအပ် ပါက ၎င်းတို့ကိုသင်ကြားပေးသည့် ကျောင်းနှင့် ကြိုတင်ညှိနှိုင်းရမည် ဖြစ်ပြီး မေးခွန်းဖတ်ပြချိန် အချိန်ပိုသီးခြားထပ်ပေးမည် မဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနက ကြေညာထားသည်။ ‘‘သူတို့အတွက် ဘေးက လိုက်ရေးပေးမယ့် နဝမတန်းကလေးတွေနဲ့ ဖြေဆိုခွင့်ပြုထားတယ်။ အဲဒီလိုဖြေမယ့် ကလေး တွေရှိတယ်ဆိုရင် မြို့နယ်ပညာ ရေးမှူးရုံးကို အကြောင်းကြားပြီး တော့ ဖြေပေးမယ့် နဝမတန်း ကလေးတွေကို ရွေးထားနှင့်တယ်။ မျက်မမြင်၊ ဆွံ့အနားမကြား၊ ခန္ဓာကိုယ် မသန်စွမ်းအုပ်စု သုံးခု စလုံးအတွက် အချိန်ပိုမိနစ် ၃ဝခွင့်ပြုပေးထားပါတယ်’’ဟု ဦးမိုးမြတ်ကျော်က ပြောသည်။ နှုတ်ဖြင့်ပြော၍ ကိုယ်စား ရေးပေးရသဖြင့် ထိုသူများအ တွက် သီးခြားခန်းတွင် စာမေးပွဲ ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ကူးစက် ရောဂါရှိသော စာဖြေသူအတွက် တာဝန်ကျ နဝမတန်း ကျောင်းသား၊ ကျောင်းသူကို မျက်နှာဖုံး (Mask) စီစဥ်ပေးရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားထား သည်။‘‘ဒီကလေးတွေအတွက်ကျတော့ သီးသန့်စာဖြေခန်းနဲ့ ဖြေရ တယ်။ ဘာလို့သီးသန့်လဲဆို တော့ သူကပါးစပ်က ရွတ်ပေးတယ်။ နဝမတန်းကလေးက လိုက်ရေးရတယ်။ အဲဒီတော့ တခြားကလေးနဲ့ တူတူရောပြီးဖြေရင် တခြား ကလေးတွေ စာဖြေရာမှာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ သီးခြားစာဖြေခန်း စီစဥ်ပေးထားတယ်’’ ဟုရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်ပညာရေးမှူးတစ်ဦးက ပြော သည်။ ကိုယ်စားရေးပေးမည့် နဝမတန်းကျောင်းသား၊ ကျောင်းသူကို ရွေးချယ်ရာတွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်ကောင်းသော အစဥ်အလာရှိသည့် ကျောင်းကြီးများမှ ဘာသာရပ်တူညီပြီး အတန်းထဲ၌ ဉာဏ်ရည်မြင့်မားသည့် ကျောင်း သား၊ ကျောင်းသူများကို ရွေးချယ်ပေးရန် မြို့နယ်ပညာရေးမှူးရုံးများသို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားထားသည်။ ၂ဝ၁၈ တက္ကသိုလ်စာမေးပွဲ ကို မတ်လ ၇ ရက်မှ ၁၆ ရက်အ ထိ ကျင်းပမည်ဖြစ်သည်။
Source : http://ift.tt/2I0gQdv
via IFTTT

No comments:

Post a Comment