ဒေါက်တာထွန်းလွင် အမည်နှင့် ဓာတ်ပုံကို အသုံးပြု၍ ရာသီဥတု သတင်းအမှားများ ဖြန့်နေသဖြင့် သတိပြုရန် သတိပေး မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ အမည်နှင့် ဓာတ်ပုံကို အသုံးပြု၍ ရာသီဥတု သတင်းအမှားများ လူမှုကွန်ရက် ပေါ်တင်နေသည့် သတင်းဌာနအ တုကို သတိပြုရန် ဒေါက်တာထွန်းလွင်က သတိပေးသည်။ ‘အရေးတကြီးသတင်း၊ ကျွန်တော့်သတင်းအတုများ ထွက်ပေါ် နေခြင်း’ ဟု ခေါင်းစဉ်တပ်ကာ ဒေါက်တာထွန်းလွင်က မတ်လ ၁၈ ရက် ၁၀ နာရီခွဲတွင် Follower ၁၅ သိန်းခန့်ရှိသော ၎င်း၏ ဖေ့စ်ဘွတ်ခ်အကောင့်မှတစ်ဆင့် သတိပေးခဲ့သည်။
Source : http://ift.tt/2DG05Rl
via IFTTT
No comments:
Post a Comment