Tuesday, March 20, 2018


ငြိမ်းစုစီ ဥပဒေ လွတ်လပ်စွာ စုဝေးထုတ်ဖော် ပြောကြားခွင့် မထိပါးရန် လူ့အခွင့်အရေး ကော်မရှင် အကြံပြု ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ (ငြိမ်းစုစီ) ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ ဒီမိုကရေစီ စံနှုန်း တရပ်ဖြစ်သော လွတ်လပ်စွာ စုဝေးထုတ်ဖော် ပြောကြားခွင့် မထိပါးစေရေး အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) က အကြံပြု စာတစောင်ကို ယနေ့ ထုတ်ပြန်လိုက်သည်။ MNHRC က ထုတ်ပြန်သည့် အကြံပြုစာတွင် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) နှင့် ပြည်သူ့ရေးရာနှင့် နိုင်ငံ ရေး အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (ICCPR) ပါ ပြဋ္ဌာန်းချက်များကို အလေးထား စဉ်းစား ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။ အမျိုးသား လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သည့် အဆိုပါဥပဒေကြမ်းကို မကြာမီ ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ချက်ချရာ၌ လွဲမှားသွားမည်ကို စိုးရိမ်ပြီး ပြည်သူလူထုဆန္ဒနှင့် မဆန့်ကျင် စေချင်သည့် အတွက် ယခု ကဲ့သို့ အကြံပြု တိုက်တွန်းရခြင်း ဖြစ်ကြောင်း MNHCR အဖွဲ့ဝင်တဦးဖြစ်သူ ဦးယုလွင်အောင်က ဧရာဝတီကို ပြောသည်။ “ပြည်သူလူထုက ဆန္ဒပြနေတာတွေ အများကြီးပဲ။ ပြည်သူလူထု ဆန္ဒနဲ့လည်း အရမ်းကြီး မဆန့်ကျင်စေချင်ဘူး။ ကျနော်တို့ ထောက်ပြထားတဲ့ UDHR ၊ ICCPR တို့မှာပါတဲ့ ပြဋ္ဌာန်းချက်တွေနဲ့လည်း အရမ်းကြီး မကွဲလွဲစေချင်ဘူး။ ဒါတွေနဲ့ အရမ်း ကွဲလွဲ သွားပြီဆိုရင် အခြေခံ လူ့အခွင့်အရေးတွေ ဒီမိုကရေစီ အခွင့်အရေးတွေဟာ တိုင်းပြည်အနေနဲ့ ထိခိုက်သွားနိုင်တာမို့ တခုခု ဆုံးဖြတ်တော့မယ်ဆိုရင် ဒါတွေကို ထည့်သွင်း စဉ်းစားပေးပါလို့ အကြံပြုတဲ့သဘောပါပဲ”ဟုလည်း ၎င်းက ရှင်းပြ သည်။ အဆိုပါ ဥပဒေကြမ်းကို ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်က အမျိုးသား လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပြီး ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ် ၆၀ အပါအဝင် ကိုယ်စားလှယ် ၈၀ ခန့် ဆွေးနွေးရန် စာရင်း ပေးထားကြောင်း သိရသည်။ MNHRC က ထုတ်ပြန်ချက်အရ UDHR အပိုဒ် ၁၉ ၌ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ ထုတ်ဖော်ခွင့်ရှိသည်ဟု လည်းကောင်း အပိုဒ်၂၀ ၌ လူတိုင်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့် ရှိသည်ဟုလည်းကောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ အပိုဒ် ၂၉ အပိုဒ်ခွဲ ၂ တွင် မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ လေးစားရန်၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင် တရားမျှတသော လိုအပ်ချက်များ ဖြစ်သည့် ကိုယ်ကျင့်တရား၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းရေး တို့ကို ဖြည့်ဆည်းရန်၊ ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များ အတိုင်းသာ ကျင့်သုံးပိုင်ခွင့် ရှိသည်ဟုလည်း ပါရှိ သည်။ ထို့အတူ ICCPR အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၁၊ ၂၊ ၃ တို့တွင် လူတိုင်းတွင် မိမိ၏ ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်း စွာ စွဲကိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိပြီး ယင်းအခွင့်အရေးများကို ကျင့်သုံးရာ၌ ကန့်သတ်ချက် တစုံတရာ ပြုလုပ်နိုင် သော်လည်း ယင်းတို့သည် တခြားသူများ၏ အခွင့်အရေး သို့မဟုတ် ထင်ပေါ်ကျော်ကြားမှုကို လေးစားရန်၊ နိုင်ငံတော်လုံခြုံ ရေး၊ အများပြည်သူ အေးချမ်းသာယာရေး၊ ပြည်သူ့ကျန်းမာရေး သို့မဟုတ် ကိုယ်ကျင့်တရား အတွက် ကာကွယ်ပေးရန် ဥပ ဒေ ပြဋ္ဌာန်းချက်နှင့် လိုအပ်ချက်အရ ပြုလုပ်သည့် ကန့်သတ်ချက်မျိုးသာ ဖြစ်ရမည်ဟု ဖော်ပြထားသည်။ ICCPR အပိုဒ် ၂၀၊ အပိုဒ်ခွဲ ၂ တွင်လည်း ခွဲခြားဆက်ဆံမှု၊ ရန်လိုမှု သို့မဟုတ် အကြမ်းဖက်မှု ဖြစ်စေမည့် အမျိုးသားရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေး မုန်းတီးမှုဆိုင်ရာ မည်သည့် ဟောပြော လှုံ့ဆော်မှုမျိုးကိုမဆို ဥပဒေအရ တားမြစ်ရမည် ဟု ပါရှိသည်။ အာဏာရ NLD ပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိ၍ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့် လည်ခြင်း ဆိုင်ရာ (ငြိမ်းစုစီ) ဥပဒေကို ပြင်ဆင်ရခြင်း ဖြစ်ကြောင်း ပါတီ၏ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန် က မတ်လ ၉ ရက်တွင် သတင်းထောက်များကို ပြောဆိုထားသည်။ သို့သော် အဆိုပါ ဥပဒေကြမ်းသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီဘဲ နိုင်ငံသားများ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ထိပါးစေသည်ဟုဆိုကာ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူ ပြည်သူတချို့၏ ကန့်ကွက် ဆန္ဒပြမှုများ နှင့် ရင်ဆိုင်နေရသည့် အခြေအနေ ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးဖြစ်သူ ဒေါက်တာ ညိုညိုသင်းက “ဒီဥပဒေကြမ်းကြီးဟာ အားလုံးသိတဲ့ အတိုင်းပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တယ်။ ဦး ဉာဏ်ဝင်း ကိုယ်တိုင်ကလည်း ဒီဥပဒေကြမ်း မလိုအပ်ဘူး ပြောထားတာ ဖြစ်တယ်လို့ NLD အနေနဲ့ ပြည်သူ့လွှတ်တော်မှာ သူတို့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ အမျိုးသား လွှတ်တော်မှာ မှားခဲ့တဲ့အမှားကို ပြန်ပြီး အဖတ်ဆယ်နိုင်မယ်လို့ အန်တီတို့ မျှော်လင့်နေတယ်” ဟု ပြောသည်။ အဆိုပါဥဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ၌ လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လွှတ်တော်ကိုယ်စားလှယ်များကြား သဘောထား ကွဲလွဲမှု တချို့ ရှိခဲ့သည်။ The post ငြိမ်းစုစီ ဥပဒေ လွတ်လပ်စွာ စုဝေးထုတ်ဖော် ပြောကြားခွင့် မထိပါးရန် လူ့အခွင့်အရေး ကော်မရှင် အကြံပြု appeared first on ဧရာဝတီ.
Source : http://ift.tt/2DH518C
via IFTTT

No comments:

Post a Comment