Thursday, March 22, 2018

ဒီတပတ္ ရန္ကုန္မွာ လည္ပတ္စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ ၁။ တေးသံရှင်ဇော်ဝင်းထွဋ်၊ ဂျေမောင်မောင်၊ ချစ်ကောင်းတို့ပါဝင်မည့် 90`s Rock Legend ဂီတပွဲကို သုဝဏ္ဏမြို့နယ်၊ Thuwunna Bhumi Event Park တွင် ၂၄.၃.၂၀၁၈ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်မှတ်များကို ၉ ထောင်ကျပ်မှ ၅ သောင်းကျပ်အထိသတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ My Garden တို့တွင် ဝယ်ယူနိုင်ကြောင်းသိရသည်။ ၂။ အကယ်ဒမီထူးချွန်ဆုပေးပွဲကို ရန်ကုန်မြို့၊ Myanmar Event Park တွင် ၂၃.၃.၂၀၁၈ ရက်နေ့ညနေ ၃ နာရီတွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါဆုပေးပွဲအခမ်းအနာကို MRTY 4၊ Channel 7 နှင် စကိုင်းနက်တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ၃။ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ဦးစီးသော နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ၂၅.၃.၂၀၁၈ ရက်နေ့ ၇ နာရီတွင်ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါရုပ်သေးပွဲတော်ကြီးတွင် အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ၊ အစ္စရေး၊ ထိုင်း၊ ပြင်သစ်၊ အမေရိကန်၊ အင်ဒိုနီးရှားနိုင်ငံမှလည်း ပါဝင်မည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်ကြောင်းသိရသည်။ ၄။ Idiots ဂီတအဖွဲ့၏ Idiots x Youk $hi ဂီတဖျော်ဖြေပွဲကို ကမ္ဘာအေးဘုရားလမ်း၊ Myanmar Plaza ရှိ Hard Rock Café တွင် ၂၄.၃.၂၀၁၈ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်မှတ်ဈေးနှုန်းကို ၁ သောင်းခွဲမှ ၁ သိန်းခွဲအထိသတ်မှတ်ထားပြီး ဖုန်းနံပါတ် ၀၉-၉၇၇၀၀၁၅၇ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရသည်။ ၅။ မနောအလှအနုပညာရှင်များပရဟိတအဖွဲ့မှစီစဉ်သည့် One 1 Ness Fashion Show ရန်ပုံငွေပွဲကို ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ၂၅.၃.၂၀၁၈ ရက်နေ့ ၆ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ရန်ပုံငွေပွဲမှ ရရှိငွေများကို ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင်နှင့်သဘာဝဘေးအန ္တရာယ်သင့်ပြည်သူများကို ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။ ၆။ စိတ်ကူးချိုချိုစာအုပ်တိုက် နွေဦးအကြိုစာအုပ်ဈေးရောင်းပွဲကို ရန်ကုန်၊ မန ္တလေးစိတ်ကူးချိုချိုစာအုပ်ဆိုင်အားလုံးတွင် ၁၇.၃.၂၀၁၈ မှ ၂၅.၃.၂၀၁၈ ရက်နေ့အထိ ရောင်းချပေးသွားမည်ဖြစ်သည်။ စာအုပ်များကို ၁၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိလျှော့ချရောင်းပေး မည်ဖြစ်ပြီး ကလေးငယ်များပါလျှင် စာအုပ်တစ်အုပ်လက်ဆောင်ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ ၇။ ပန်းမန်ပြပွဲပြိုင်ပွဲနှင့် အိမ်မွေးခွေးအလှပြပွဲပြိုင်ပွဲကို ကန်တော်ကြီး၊ ပုလဲမဟာမြိုင်ကျွန်းတွင် ၂၃.၃.၂၀၁၈ မှ ၂၇.၃.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပွဲတော်တွင် ပြခန်းပေါင်း ၁၆ ခန်းနှင့် ဆိုင်ခန်းပေါင်း ၃၆ ခန်းတို့ကိုလည်း ပြသသွားမည်ဖြစ်ကြောင်းသိရသည်။ ၈။ ပန်းချီမောင်သိဒ္ဓိ၏ The Less , The More ပန်းချီပြပွဲကို တက္ကသိုလ်ရိပ်သာ(လမ်းဟောင်း)ရှိ အလှသစ်ပန်းချီပြခန်းတွင် ၂၄.၃.၂၀၁၈ မှ ၂၈.၃.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ဆရာမောင်သိဒ္ဓိ၏ Minimal ပန်းချီကားများကို ပြသသွားမည်ဖြစ်ကြောင်းသိရသည်။ ၉။ လူငယ်ပန်းချီဆရာ ၅ ဦး၏ Five Friend Together ပန်းချီပြပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၃ လမ်းရှိ 43 Art Gallery တွင် ၂၄.၃.၂၀၁၈ မှ ၂၇.၃.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ပန်းချီဆရာ ၅ ဦး၏မတူညီသော ပန်းချီလက်ရာများကို ခံစားကြည့်ရှု့နိုင်မည်ဖြစ်သည်။ ၁၀။ ပန်းချီဆရာ ၇ ဦးပါဝင်သည့် ဟင်္သာကဟန် ဖားစည်သံ ၂ ပန်းချီပြပွဲကို နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ နှင်းဆီမြိုင်ပန်းချီပြခန်းတွင် ၂၄.၃.၂၀၁၈ မှ ၂၈.၃.၂၀၁၈ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ကရင်ပြည်နယ်အောက်ဒိုးပန်းချီလက်ရာများကို ခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။ The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2GVDJPb
via IFTTT

No comments:

Post a Comment