ပုဂံ၊ ညောင်ဦးဒေသ၏ ပထမဆုံး ပလင်းကမ်းသာယာဆင်စခန်း မတ်လ ၂၈ ရက်တွင်ဖွင့်လှစ်မည် ပုဂံ၊ ညောင်ဦးဒေသ၏ ပထမဆုံး ပလင်းကမ်းသာယာ ဆင်စခန်းကို မတ်လ ၂၈ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပလင်းကမ်းသာယာ ဆင်စခန်းတွင် ဝန်တင်ဆင် နှစ်ကောင်၊ ဆင်သားအမိ မိခင်ဆင်မကြီးနှင့် ဆင်ကလေး တစ်ကောင် စုစုပေါင်း လေးကောင်ရှိပြီး ဧည့်သည်များအနေဖြင့် ဆင်များကို ကိုယ်တိုင် ထိတွေ့ကိုင်တွယ်နိုင်ခြင်း၊ ဆင်နှင့်ပတ်သက်သည့် ဗဟုသုတများ လေ့လာသိရှိနိုင်ခြင်း၊ ဆင်စာကျွေးနိုင်ခြင်း၊ ဧရာဝတီမြစ်ကမ်း တစ်လျှောက် ဆင်စီးနိုင်ခြင်း၊ နံနက်နှင့် ညနေအချိန်များတွင် ဆင်များကို ဧရာဝတီမြစ်အတွင်း ကိုယ်တိုင်ရေချ (ရေချိုး) ပေးနိုင်ခြင်းတို့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ ပလင်းကမ်းသာယာ ဆင်စခန်းသည် ညောင်ဦး- ပခုက္ကူ- မြင်းခြံ လမ်းမကြီး၏ မြောက်ဘက်၊ ညောင်ဦးမှ ငါးမိုင် ငါးဖာလုံအကွာ ဧရာဝတီ မြစ်ကမ်းဘေးတွင် တည်ရှိသည်။ အဆိုပါ ဆင်စခန်းကို ညောင်ဦးမှ လာမည် ဆိုပါက ကားမောင်းချိန် ၁၅ မိနစ်သာ ကြာမည်ဖြစ်ပြီး E bike ဖြင့် လာမည် ဆိုပါက မိနစ် ၂ဝ ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ ဆင်စီးရင်း မြစ်ကမ်းဘေးတစ်လျှောက်ရှိ ရှုခင်းများကို တွေ့မြင် ကြည့်ရှုနိုင်သကဲ့သို့ မြစ်ကမ်းဘေး ယာခင်း၊ ကိုင်းခင်းများ ကြားမှတစ်ဆင့် သဘာဝအလှအပများ ခံစားရင်း အသွား၊ အပြန်ခရီး ငါးဖာလုံခန့်ကို မိနစ် နှစ်ဆယ်ကြာ ဆင်စီးနိုင်မည်ဖြစ်သည်။ လာရောက်လည်ပတ် သူများအနေဖြင့် ကုန်းပေါ်တွင်သာမက ရေပေါ်တွင်လည်း အပန်းဖြေ အနားယူနိုင်မည် ဖြစ်ပြီး နေဝင်ချိန်အလှကို ခံစားကြည့်ရှုနိုင် မည်ဖြစ်ကြောင်း သိရသည်။ ဆင်စခန်းဝင်ကြေးအနေဖြင့် ပြည်တွင်း ခရီးသွားများအတွက် တစ်ဦးလျှင် ကျပ် တစ်ထောင်၊ ပြည်ပ ခရီးသွားများ အတွက် တစ်ဦးလျှင် ကျပ်နှစ်သောင်း (ဆင်စီးခအပါအဝင်)ဖြစ်ပြီး ဆင်စီးခမှာ ပြည်တွင်း တစ်ဦးကို ငါးထောင်ကျပ် ကျသင့်မည်ဖြစ်သည်။ The Ladies News
Source : http://ift.tt/2GSpgDA
via IFTTT
No comments:
Post a Comment