ပူတင် သမ္မတအဖြစ် ပြန်အရွေးခံရခြင်းကို အမေရိကန်သမ္မတထရမ့် ကြိုဆို ပြီးခဲ့သည့် တနင်္ဂနွေက ရုရှားသမ္မတရွေးကောက်ပွဲတွင် အနိုင်ရသည့် ဗလာဒီမာ ပူတင်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ဂုဏ်ယူဝမ်းမြောက်ကြောင်း တယ်လီဖုန်းဆက်ကာ ပြောကြောင်း ကရင်မလင်နန်းတော်က သတင်းထုတ်ပြန် သည်။ သမ္မတနှစ်ဦးတို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ကဏ္ဍအများအပြား၌ လက်တွေ့အားဖြင့် အပြန် အလှန်အကျိုးဖြစ် ထွန်းရေး ကိစ္စရပ်များ ပြောဆိုကြသည်။ ဆွေးနွေးဖြစ်သည့်အချက်များတွင် မဟာ ဗျူဟာမြောက်တည်ငြိမ်ရေး၊ နိုင်ငံတကာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး၊ လက်နက်ပြိုင်ဆိုင် မှုကန့် သတ်ရာတွင် ညှိနှိုင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းအားထုတ်ခြင်း ၏အရေးပါပုံများကို ထည့်သွင်းဆွေး နွေးခဲ့ကြကြောင်း ကရင်မလင်သတင်းထုတ်ပြန်ချက်က ဖော်ပြသည်။ သမ္မတ ပူတင်နှင့်ထရမ့်တို့သည် မြောက်ကိုရီးယား၊ ဆီးရီးယား၊ ယူကရိန်းအရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး အမေရိကန်-ရုရှားဆက်ဆံရေးတွင် ပေါ်ပေါက်လာမည့်ပြဿနာများကို အာရုံစိုက် ညှိနှိုင်းခဲ့သည်။ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရက်ဗ်နော့၏အဆိုအရ သမ္မတပူတင်၏ အောင်မြင်မှုက အေးခဲနေသည့် အမေရိကန်-ရုရှားဆက်ဆံရေးကို အရည်ပျော်စေရန် ဦးတည်နိုင်မည်ဟု မျှော်လင့် ထားကြောင်းဆိုသည်။ သမ္မတ ထရမ့်ကလည်း သူနှင့်ဆွေးနွေးဖက်ဖြစ်သူ ဗလာဒီမာပူတင်နှင့်လက်နက်အပြိုင်အဆိုင်ကိစ္စကို မဝေးသော အနာဂတ်တွင် ဆွေးနွေးကြရန်ရှိကြောင်းနှင့် ယင်းပြိုင်ဆိုင်မှုမှာ ထိန်းချုပ်မရတော့ ကြောင်း ပြောသည်ဟု သိရသည်။ The post ပူတင် သမ္မတအဖြစ် ပြန်အရွေးခံရခြင်းကို အမေရိကန်သမ္မတထရမ့် ကြိုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2HTBZVP
via IFTTT
No comments:
Post a Comment