ရန်ကုန်မြစ်အနောက်ဘက်ကမ်းတွင် ယခုနှစ်အတွင်း Smart City တစ်ခုနှင့် အထူးစီးပွားရေးဇုန်တစ်ခု ပေါ်ထွန်းလာမည်ဟု ဦးဖြိုးမင်းသိန်းပြော ရန်ကုန်မြို့သစ်စီမံကိန်း နှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများကို ယခုနှစ်အတွင်း စတင်မည်ဖြစ်၍ ရန်ကုန်မြစ် အနောက်ဘက်ကမ်းတွင် Smart City တစ်ခုနှင့် အထူးစီးပွားရေးဇုန်ဧရိယာတစ်ခုပေါ် ထွန်းလာမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်မြို့ ဆူးလေရှန်ဂရီ လာဟိုတယ်၌ မတ်လ ၂၀ရက်က စတင်ကျင်းပသည့် (၄) ကြိမ်မြောက်Myanmar Infrastructure Summit ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်က ပြောကြားသည်။ ‘‘ရန်ကုန်မြို့ရဲ့ အထပ်မြင့် အဆောက်အအုံ တစ်ခုပေါ်က လှမ်းကြည့်လိုက်ရင် ရန်ကုန်မြစ် ရဲ့ အနောက်ဘက်ကမ်းမှာ ဖွံ့ဖြိုး တိုးတက်မှု ဘာမှမရှိသေးဘူးဆို တာ တွေ့ရပါမယ်။ ၂၀၁၈ ကစ ပြီး ရန်ကုန်တိုင်းအတွင်းမှာ ရန် ကုန်မြစ်ရဲ့ အနောက်ဘက်ကမ်း ဒေသတစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက် သွားအောင် ဆောင်ရွက်သွားမယ့် နှစ်ဖြစ်ပါတယ်’’ဟု ဦးဖြိုးမင်း သိန်းက ပြောသည်။ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် အထူးစီးပွားဇုန် စီမံကိန်းများ ကြောင့် ၂၀၁၈ သည် Infras-tructure အတွက် အရေးကြီး သည့်နှစ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ရန်ကုန်မြစ်၏ အရှေ့ဘက်ကမ်းတွင် ရှေးဟောင်းအမွေအနှစ်များနှင့် စိမ်းလန်းပြီး နေချင်စဖွယ်မြို့အဖြစ် ကျန်ရှိမည်ဖြစ်ကြောင်းနှင့် ထိုသို့ဖြစ်အောင်ကြိုးစားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ ‘‘ရန်ကုန်မြို့က သေးသေး လေးရှိပါသေးတယ်။ စနစ်တကျ တိုးချဲ့ရင် ကောင်းပါတယ်။ ဖြစ် သလို သွားလုပ်ရင်တော့ ပိုဆိုး သွားမယ်။ အစိုးရသာ သေသေ ချာချာ ဦးဆောင်ရလိမ့်မယ်’’ ဟု မြို့သစ်စီမံကိန်း အကောင် အထည်ဖော်ခြင်းနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးရဲလင်းက ဆိုသည်။ ထိုစီမံကိန်းအတွက် ပြည် တွင်း ရင်းနှီးမြှုပ်နှံမှုသာမက ပြည်ပရင်းနှီးမြှုပ်နှံမှုများ လိုအပ် ကြောင်း ၎င်းကပြောသည်။ ယခင် ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးမြင့်ဆွေလက်ထက်တွင် ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့် မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်များတွင် အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့သော်လည်း ပွင့်လင်းမြင်သာမှုမရှိ၍ ကန့်ကွက်ခံရပြီးရပ်ဆိုင်းခဲ့သည်။ ရန်ကုန်မြို့သစ်စီမံကိန်း ကို လက်ရှိ အစိုးရလက်ထက်တွင် New Yangon Corporation ကော်မတီက ဆောင်ရွက်ရန် ၂၀၁၇ ဖေဖော်ဝါရီက ဖွဲ့စည်းခဲ့ သည်။ ယခင်အစိုးရလက်ထက်က ချုပ်ဆိုခဲ့သည့် စာချုပ်ကို ဖျက် သိမ်းခဲ့ပြီး ယခုမြို့သစ်စီမံကိန်းကို တိုင်းအစိုးရက ရာနှုန်းပြည့် ကြီးကြပ်ကွပ်ကဲရန် စီစဉ်ခဲ့သည်။
Source : http://ift.tt/2GcUlUv
via IFTTT
No comments:
Post a Comment