Sunday, March 11, 2018


အစိုးရအနေဖြင့် ရခိုင်အရေး ထရိုဂျန်မြင်းကို ဆွဲသွင်းသလိုလုပ်နေဟု ဦးဝီရသူ ဝေဖန် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံမှာ ဥရောပသမိုင်းတွင် ထင်ရှာသည် ထရိုဂျန် မြင်းကို အတင်းဆွဲသွင်းသလိုဖြစ်နေကြောင်း ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဦးဝီရသူ)က ဥပမာပေးကာ မနေ့က မိန့်ကြား သည်။ ဆရာတော် ဦးဝီရသူ တရားဟောခွင့် ပြန်လည်ရရှိခြင်းကို ကြိုဆိုသည်သည့် အနေဖြင့် ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ် မင်္ဂလာသိ သိဒ္ဒိစာသင်တိုက်တွင် ယမန်နေ့လည်ပိုင်းက ပွဲပြုလုပ်ပြီးနောက် ဆရာတော်က ထိုသို့ ဂရိဒဏ္ဍရီလာ ထရိုဂျန်မြင်းကို အကြောင်းပြု မိန့်ကြားခြင်း ဖြစ်ပြီး၊ သံဃာတော်များနှင့် ပြည်သူများမှ ဂရုစိုက်ကာကွယ်ကြရန်လည်း တိုက်တွန်း လိုက်သည်။ ဆရာတော်ဦးဝီရသူက “ထရိုဂျန် မြင်းကို ပြည်ထဲကိုအဝင်ခံလိုက်တာနဲ့တပြိုင်းတည်း ပထမဦးဆုံး ရခိုင်ပြည်နယ်ရဲ့ အချုပ် အခြာအာဏာက ကျဆုံးသွားမှာပါ” ဟု မိန့်သည်။ ဂရိဒဏ္ဍာတွင် ထင်ရှားသည့် ဟယ်လင်မင်းသမီးကိုအကြောင်းပြု၍ ဖြစ်ပွားသည့် ထရိုင်စစ်ပွဲ၌ ဂရိတို့က လူများပုန်း အောင်းလိုက်ပါနိုင်သည့် ထရိုဂျင်သစ်သားမြင်းရုပ်ကို တည်ဆောက်ကာ လှည့်ဖြှားပြီး ထရိုင်မြို့ပြနိုင်ငံကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အစိုးရအနေဖြင့် ရခိုင်ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွား သူများနှင့်ပတ်သက်၍ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်များအား နှစ်နိုင်ငံအစိုးရကြား ညှိနှိုင်းဆောင်ရွက်လျှက်ရှိနေသည်။ နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ ညက “ဒို့တာဝန်အရေးသုံးပါးနှင့် ၉၆၉” ခေါင်းစဉ်ဖြင့် တရားဟောကြားမှုနှင့်စပ်လျဉ်း၍ ဆရာတော် ဦးဝီရသူအား ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်မှ ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့အထိ တနှစ်တရားဟောခွင့် ပိတ်ပင်ခံခဲ့ရခြင်း ဖြစ်ပြီး ယမန်နေ့က တရားဟောခွင့် တရားဝင်ပြန်ရသည့် ပထမနေ့ဖြစ်သည်။ ဆရာတော် ဦးဝီရသူ၏ တရားပွဲများအနေဖြင့် ယခုမတ်လ နောက်ဆုံပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကျင်းပရန် စီစဉ်ထားပြီး ရှမ်းပြည်နယ်တွင်လည်း ကျင်းပရန်စီစဉ်ထားကြောင်း ၎င်းနှင့်နီးစပ်သူတဦးထံက သိရသည်။ အမုန်းစကားဟောပြောမှုများကြောင့်ဟုဆိုကာ Facebook မှ ပိတ်ပင်ခြင်းခံထားရသည့် ဦးဝီရသူအနေဖြင့် အမျိုးသား ရေးလုပ်ရှားမှုများကို You Tube၊ တွစ်တာစသည်များအား အသုံးပြုလျှက်နေသည့်အပြင် အခြားသောနည်းလမ်းဖြင့်လည်း ကမ္ဘာကိုချပြသွားရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မနေ့က ပြောသည်။ The post အစိုးရအနေဖြင့် ရခိုင်အရေး ထရိုဂျန်မြင်းကို ဆွဲသွင်းသလိုလုပ်နေဟု ဦးဝီရသူ ဝေဖန် appeared first on ဧရာဝတီ.
Source : http://ift.tt/2tyP0Sa
via IFTTT

No comments:

Post a Comment