Tuesday, March 6, 2018


အိပ်ချိန် ပြည့်ပြည့်ဝဝရဖို့ ညဘက် တရေးနိုးတဲ့အခါ ရှောင်ကြဉ်ရမယ့် အချက် ၅ ချက် အိပ်စက်ခြင်းဟာ သင့်အတွက် အပမ်းကြီးတဲ့အရာ မဟုတ်ပေမယ့် အချို့လူတွေအတွက်တော့ တရက် တရက် အိပ်ပျော်ဖို့ ရုန်းကန်နေရပါတယ်။ ဘာကြောင့် ညဘက်အိပ်ရင်းနဲ့ တရေးနိုးရလဲဆိုတော့ ပတ်ဝန်းကျင် (သို့မဟုတ်) သင့်ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တနေ့ကို အိပ်ရေးဝဝ မအိပ်ရင် လူက မလန်းဆန်းနိုင်ပါဘူး။ အိပ်ချိန် ပြည့်ပြည့်ဝဝရဖို့ ညဘက်တရေး လန့်နိုတဲ့အခါ ဒီအချက်တွေ မလုပ်မိပါစေနဲ့။ (၁) ထ မထိုင်ပါနဲ့ အိပ်မက်မက်ရင်းနဲ့ တရေးနိုးတဲ့အခါ ဒီအတိုင်းပဲ ပြန်မှေးနေပါ။ ထထိုင်လိုက်တာက သင့်နှလုံးခုန်နှုန်းကို ပိုမြန်စေပါတယ်။ အိပ်နေတဲ့အခါ နှလုံးက ဖြေးဖြေးခုန်ပေမယ့် ထိုင်လိုက်တဲ့အခါ ခုန်နှုန်း မြန်လာပြီး သင့်သွေးတွေ ဦးနှောက်ဆီ စီးဆင်းမှုကို ပိုမြန်စေတဲ့အတွက် လူကပိုပြီး လန်းဆန်း လာပါတယ်။ ဒီလို ဖြစ်တဲ့အခါ အိပ်ချင်စိတ် လျော့နည်း လာပါတယ်။ (၂) ဖုန်းထုတ် မကြည့်ပါနဲ့ ဖုန်းနဲ့ ကွန်ပျူတာက ထွက်တဲ့ အပြာရောင် အလင်းတန်းတွေက ဦးနှောက်ကို ရှုပ်ထွေးစေတဲ့ လှိုင်းတွေ ထုတ်လွှင့်ပေးတဲ့ အတွက် ညဘက်တရေးနိုးမှာ Facebook ကြည့်တာမျိုး မလုပ်ပါနဲ့။ (၃) နာရီ မကြည့်ပါနဲ့ ညဘက်နိုးပြီး နာရီကြည့်မိတဲ့အခါ မနက် ၄ နာရီ ရှိပြီဆိုပါစို့။ ဒါဆိုရင် သင်က အိပ်ချိန် ဘယ်လောက် ကျန်သေးလဲ ဆိုတာ စတင် ရေတွက်နေပါပြီ။ ဆက်အိပ်ဖို့ ကျန်တဲ့ အချိန်နည်းတာက သင့်ကို စိတ်ဖိစီးမှု ဖြစ်စေပြီး ပြန်အိပ်မပျော်အောင် လုပ်ဆောင်ပါတော့တယ်။ (၄) ဘေးကလူကို မနှိုးပါနဲ့ သင်အိပ်မပျော်တဲ့အခါ ဘေးက အခန်းဖော်ကို နှိုးတာမျိုး၊ သီချင်းအကျယ်ကြီး ဖွင့်တာမျိုး ရှောင်ကြဉ်ပါ။ အခန်းထဲမှာတခုခု လုပ်နေတဲ့ အခါမှာလည်း အသံ မကျယ်အောင် ဂရုစိုက်ပါ။ ဒီလိုဒုက္ခမျိုးကို အဆောင် နေသူတွေ အများဆုံး ခံစားရ တတ်တာမို့ အလိုက်ကန်းဆိုး မသိတဲ့သူ မဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။ (၅) ခန္ဓာကိုယ်ကို မလှုပ်ရှားပါနဲ့ သင်အိပ်တဲ့အခါ ကြွက်သားတွေက ညဘက်မှာ နိုးကြားနေဖို့ မလိုတဲ့အတွက် ပြေလျော့နေပါလိမ့်မယ်။ ဒီလိုပုံစံမျိုးက အိပ်ပျော်ဖို့ လွယ်ကူပါတယ်။ နိုးလာတဲ့အခါ စတင်လှုပ်ရှားမယ်ဆိုရင် သင့်ကြွက်သားတွေ နိုးကြားပြီး သက်သောင့်သက်သာဖြစ်တဲ့ ကိုယ်နေဟန်ထားကို ရဖို့ ရုန်းကန်ရင်း ပြန်အိပ်မပျော်တော့ပါဘူး။ ဒါဆိုရင် ညဘက် တရေးနိုးတဲ့အခါ ထတာမျိုး၊ တခုခု လုပ်တာမျိုးကို ရှောင်ပါ။ စိတ်ဖိစိးမှု ဖြစ်စေတဲ့အရာကို တွေးမိတဲ့အခါ အခြားတခုမှာ အာရုံလှည့်ပြီး အိပ်ရေးဝဝ ရကြစေဖို့ ကြိုးစားကြည့်ပါနော်။ ဆက်စပ် သတင်းလင့်ခ် – ညဘက် အိပ်မပျော်ဘဲ တရေးနိုးစေတဲ့ အကြောင်းအရင်း ၅ ခု The post အိပ်ချိန် ပြည့်ပြည့်ဝဝရဖို့ ညဘက် တရေးနိုးတဲ့အခါ ရှောင်ကြဉ်ရမယ့် အချက် ၅ ချက် appeared first on ဧရာဝတီ.
Source : http://ift.tt/2H9mQzc
via IFTTT

No comments:

Post a Comment