Friday, March 9, 2018


မြန်မာအိမ်အကူ ရုပ်အလောင်းကို ထိုင်းရဲ ပြန်စစ်နေ ထိုင်းနိုင်ငံ၊ လပ်ဘူရီမြို့နယ်တွင် ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာ အိမ်အကူ နော်ညိုညိုအေး၏ ရုပ်အလောင်းကို ဘန်ကောက်မြို့ပေါ်ရှိ ရဲဆေးရုံတွင် စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။ အသက် ၁၇ နှစ်အရွယ် နော်ညိုညိုအေး သေဆုံးမှုသည် မူလက ကောက်ချက်ချထားသည့် အတိုင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှု မဖြစ်နိုင်ဟု ဆိုကာ မိသားစုဝင်များ၊ အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းနှင့် မြန်မာသံရုံးတို့က ထိုင်းအထူးစုံစမ်း စစ်ဆေးရေးဌာန(DSI) ထံတင်ပြရာမှ ပြန်လည်စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။ ဦးအောင်မျိုးသန့် က “အဲ့ဒါ (နော်ညိုညိုအေး ရုပ်အလောင်း) ကို ပြန်လည်စစ်ဆေးနေပါပြီ။ အခု ရဲဆေးရုံမှာရှိတဲ့ အလောင်းကို စစ်ဆေးတဲ့ အဆင့်ကို ဆောင်ရွက်နေကြပါတယ်။ အဲဒီကနေ ရလာဒ်ထွက် လာရင် ဆက်ပြီး ဆောင်ရွက်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။ နော်ညိုညိုအေး သေဆုံးမှုနှင့် ပတ်သက်ပြီး ပြန်လည်စစ်ဆေးပေးရန် မြန်မာသံရုံးဘက်မှ သံသယရှိသည့် အချက်ပေါင်း ၂၀ ကို တင်ပြရာမှ ၁၄ ချက်ကို လက်ခံစစ်ဆေးရန် ထိုင်းအထူးစုံစမ်း စစ်ဆေးရေးဌာန(DSI) ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်စစ်ဆေးမှု ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော နော်ညိုညိုအေး အုတ်ဂူ / AAC နော်ညိုညိုအေး ရုပ်အလောင်းကို ပြန်လည် စစ်ဆေးရန် DSI က ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က လက်ခံခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေးနေခြင်းဖြစ်ပြီး စစ်ဆေးရန် တင်ပြထားသော သံသယရှိသည့် အချက်များကိုမူ အမှု စစ်ဆေးနေဆဲ ကာလဖြစ်၍ ထုတ်ဖော်ပြောဆိုခွင့် မရှိသေးကြောင်း ဦးအောင်မျိုးသန့် က ပြောသည်။ “ဒီအမှုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အမှုလား။ သူများ သတ်တဲ့ အမှုလားဆိုတာကို ပြောပြနိုင်ဖို့ အချက်ကတော့ ဆေးစာကို အရင်ဆုံး ယူရပါမယ်။ ပြီးလို့ရှိရင် အခင်းဖြစ်ပွားခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်သုံးသပ်ရပါမယ်။ ဒီကလေးမရဲ့ စိတ်အခြေအနေ၊ ညှင်းပန်းနှိပ်စက်ခံရမှု ရှိမရှိ၊ ဒါမျိုးတွေကအစ သူ့ရဲ့နောက်ကြောင်းတွေကို ပြန်ပြီးတော့ လိုက်ရတော့မှာပါ” ဟု ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။ ကရင် တိုင်းရင်းသူ နော်ညိုညိုအေး သည် လပ်ဘူရီမြို့နယ် ဘန်ပုံနယ်မြေရှိ ထိုင်းလူမျိုးတဦး၏ နေအိမ်တွင် အိမ်အကူ အလုပ် လုပ်နေရာမှ ၂၀၁၇ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က ၎င်း၏ သူဌေးအိမ်၌ နားရင်းတွင် ကျည်ဆံ ဖောက်ဝင်ထားသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့က သတင်းမီဒီယာများကို ထုတ်ပြောထားသည်။ နော်ညိုညိုအေး သေဆုံးမှုအား နယ်မြေခံ ရဲတပ်ဖွဲ့က ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့ပြီး ဂူသွင်း သင်္ဂြိုဟ် ခဲ့ရာမှ မိသားစုဝင်များ၏ တိုင်တန်းချက်ကြောင့် ပြန်ဖော်၍ စစ်ဆေးခဲ့ရသည့် အခြေအနေကို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ နော်ညိုညိုအေးသည် ပုလောအလောက်မြို့နယ် ဇာတိဖြစ်ပြီး ထိုင်းအလုပ်ရှင်အိမ်တွင် အစ်မဖြစ်သူနှင့်အတူ အိမ်အကူ အလုပ် ကို လုပ်ကိုင်နေသည်မှာ ၃ နှစ် ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း၊ ၎င်းသေဆုံးချိန်တွင် အစ်မ ဖြစ်သူသည် တခြားနေရာသို့ ရောက် ရှိ နေကြောင်း၊ အိမ်ပိုင်ရှင်က နော်ညိုညိုအေးနှင့်အတူ အလုပ်လုပ်ခဲ့သည့် မြန်မာ မိန်းကလေး တဦးထံ ဆက်သွယ်၍ အဆုံး စီရင် ၍ သေသွားကြောင်း အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ နော်ညိုညိုအေး သေဆုံးမှုနှင့်ပတ်သက်ပြီး ထိုင်း သတင်းမီဒီယာများကလည်း တစိုက်မတ်မတ် မေးခွန်းထုတ်လျက်ရှိပြီး ရုပ် အလောင်း စတွေ့စဉ်ကတည်းက အဓမ္မပြုကျင့်ထားမှု ရှိမရှိအပါအဝင် အမှုအား စနစ်တကျ စစ်ဆေးမှု မရှိဟု ဆိုကာ ထိုင်း ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုများ ရှိနေသည်။ ဆက်စပ် ဖတ်ရှုရန် – ထိုင်းတွင် ဂူသွင်း သင်္ဂြိုဟ်ထားသော မြန်မာအမျိုးသမီး ရုပ်အလောင်းကို ပြန်ဖော်၍ စစ်ဆေးမည် မြန်မာအိမ်အကူ သေနတ်ဒဏ်ရာနှင့် သေဆုံးမှု ထိုင်းရဲ တင်ပြချက်အပေါ် သံသယဖြစ် The post မြန်မာအိမ်အကူ ရုပ်အလောင်းကို ထိုင်းရဲ ပြန်စစ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2IeicBa
via IFTTT

No comments:

Post a Comment