မီးဖိုချောင်သုံးပစ္စည်း ရှာလကာရည်ရဲ့ အသုံးဝင်ပုံ နည်းလမ်း ၅ ခု အိမ်တိုင်း အိမ်တိုင်းမှာရှိတဲ့ ရှာလကာရည်ဟာ မီးဖိုချောင်မှာ အသုံးများတဲ့ ပစ္စည်းတခု ဖြစ်ပါတယ်။ မီးဖိုချောင်သုံး ပစ္စည်းဖြစ်တဲ့ ရှာလကာရည်မှာ တခြား အသုံးဝင်တဲ့ နည်းလမ်းတွေလည်း ရှိတာကြောင့် ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ဗဟုသုတအနေနဲ့ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။ (၁) အစွန်းအထင်းတွေ ချွတ်မယ် အဝတ်အစားတွေမှာ အစွန်းအထင်းတွေ တခုခု စွန်းပေသွားခဲ့ရင် စွန်းထင်းသွားတဲ့ အဝတ်အစားတွေကို ရှာလကာရည် ထဲမှာ မိနစ်အနည်းငယ် စိမ်ထားပေးပြီး လျှော်ဖွပ်မယ်ဆိုရင် အစွန်းအထင်းတွေ အလွယ်တကူ ကျွတ်သွားမှာ ဖြစ်ပါတယ်။ (၂) ဖိနပ်တွေကို သန့်ရှင်းစေတယ် ရှုးဖိနပ်နဲ့ Sneaker (အားကစား ဖိနပ်အဖြူ) တွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ရှာလကာရည် အနည်းငယ်ကို အဝတ်စငယ် တခုပေါ်မှာ စွတ်ပြီး သန့်ရှင်းရေး လုပ်ပေးမယ်ဆိုရင် ဖိနပ်တွေကို အသစ်အတိုင်း ဖြူစင်တောက်ပစေမှာ ဖြစ်ပါတယ်။ (၃) ဘေစင် ရေပေါက်ပိုက် ရှင်းမယ် ပန်းကန်ဆေး ဘေစင်တွေမှာ စားကြွင်းစားကျန်တွေကြောင့် ရေပေါက် ပိတ်ဆို့နေတဲ့အခါ ရေနွေးထဲကို ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါ အနည်းငယ်လောင်းထည့်ပြီး ရေပိုက်ထဲကို လောင်းချလိုက်ပါ။ အချိန်ခဏ ကြာလာတဲ့အခါ ရေပိုက်ထဲက စားကြွင်းစားကျန်တွေ လျှောကျသွားမှာ ဖြစ်ပါတယ်။ (၄) အိမ်သာနဲ့ ဘေစင် သန့်ရှင်းမယ် အိမ်သာနဲ့ ဘေစင်ကို သန့်ရှင်းရေးလုပ်တဲ့ အခါမျိုးတွေမှာ ရှာလကာရည် အသုံးပြုပြီး ပွတ်တိုက်သန့်ရှင်း နိုင်ပါတယ်။ (၅) မီးပူပေါ်က အစွန်းထင်းတွေ ချွတ်မယ် မီးပူတွေ အသုံးပြုတာ ကြာလာတဲ့ အခါမျိုးတွေနဲ့ အပူကျွမ်းတဲ့ အခါမျိုးတွေမှာ အစွန်းအထင်းတွေ ကျန်ရစ်နေတတ် ပါတယ်။ ရှာလကာရည်ကို အဝတ်စ တခုပေါ်မှာ စွတ်ပြီး မီးပူရဲ့ မျက်နှာပြင် တလျှောက်ကို ပွတ်တိုက်ပေးမယ်ဆိုရင် အစွန်းအထင်းတွေ ပြောင်စင်သွားမှာ ဖြစ်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – သန့်ရှင်းရေးလုပ်ဖို့ သတိမထားမိတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေရဲ့ အန္တရာယ် Ref ; marthastewart.com The post မီးဖိုချောင်သုံးပစ္စည်း ရှာလကာရည်ရဲ့ အသုံးဝင်ပုံ နည်းလမ်း ၅ ခု appeared first on ဧရာဝတီ.
Source : http://ift.tt/2FQrJRH
via IFTTT
No comments:
Post a Comment