သမိုင်းထဲက စိတ်ဝင်စားစရာ ရှားပါး ဓာတ်ပုံများ သမိုင်းဆိုတာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အရာတွေ စုစည်းထားတာပါ။ သမိုင်းထဲမှာ သင်မသိလိုက်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် တွေ့ရှိနိုင်ပါတယ်။ အောက်က ဓာတ်ပုံတွေကတော့ တော်ရုံလူသိပ် မသိခဲ့တဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ ဖြစ်တာကြောင့် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ (၁) သတို့သမီး အလိုရှိသည် ၁၉ ရာစုတုန်းက အမေရိကအနောက်ပိုင်းကိုပြောင်းရွှေ့လာတဲ့ ဒုက္ခသည်တွေဟာ ပိုမိုကောင်းမွန်တဲ့ ဘဝ ရဖို့ မျှော်လင့်ကြပါတယ်။ သို့သော်လည်း မတည်မငြိမ်နဲ့ အန္တရာယ်များလှတဲ့ အခြေအနေကြောင့် လက်ထပ်ဖို့ သတို့သမီးတောင် မရှိတော့တဲ့အခါ လက်တွဲဖော်ကို ဒီလိုနည်းနဲ့ရှာဖွေကြပါတယ်။ သမိုင်းမှာ စိတ်ဝင်စားစရာ ရှားပါး ဓာတ်ပုံများစွာ ရှိပါတယ် (၂) သူဌေးများ လေ့ကျင့်ခန်း လုပ်နည်း ဟိုးရှေးခေတ်တုန်းက သူဌေးတွေ လေ့ကျင့်ခန်းလုပ်ဖို့အတွက် Gym ကို ဒီလိုပုံစံမျိုး ပြင်ဆင်ပေးထား ပါတယ်။ လျှပ်စစ်မြင်း၊ နှစ်တန်းဘားနဲ့ စက်ဘီးတွေန ဲ့လုပ်ထားတဲ့ Gymကို တိုက်တန်းနစ် သဘောၤပေါ်မှာ ပုံထဲကအတိုင်း တွေ့နိုင်ပါတယ်။ သမိုင်းမှာ စိတ်ဝင်စားစရာ ရှားပါး ဓာတ်ပုံများစွာ ရှိပါတယ် (၃) တစ္ဆေတကောင်ရဲ့ အပြုံး ဂျာမန်အာဏာရှင် အဒေါ့ ဟစ်တလာရဲ့ အပြုံးကို နာဇီနိုင်ငံရေးသမားရဲ့ ဇနီး Gertrud Deetz နဲ့ လက်ဖက်ရည် အတူ သောက်နေစဉ်မှာ တွေ့ရပါတယ်။ အင်မတန် ရှားပါးလှတဲ့ ဓာတ်ပုံဖြစ်ပြီး ၁၉၃၀ ခုနှစ် လောက်က ရိုက်ခဲ့တယ်လို့ ယူဆရပါတယ်။ သမိုင်းမှာ စိတ်ဝင်စားစရာ ရှားပါး ဓာတ်ပုံများစွာ ရှိပါတယ် (၄) ကြယ်တွေဆီသွားလည်ခြင်း ထောင်ပေါင်းမျာစွာသော ကလေးတွေမှာ အာကာသယာဉ်မှူး ဖြစ်ချင်ကြပြီး ကြယ်တွေဆီသွားလည်လိုတဲ့ ဆန္ဒ ရှိကြပါတယ်။ ဓာတ်ပုံထဲက ကောင်လေး နှစ်ယောက်က အာကာသ ဦးထုပ်ဆောင်းပြီး တက္ကဆက်က နက္ခတ်တာယာပြခန်းမှာ ကြယ်တွေကြည့်ရှုနေတဲ့ပုံပါ။ သမိုင်းမှာ စိတ်ဝင်စားစရာ ရှားပါး ဓာတ်ပုံများစွာ ရှိပါတယ် (၅) Porsche Porsche 356 ကို အစားထိုးဖို့အတွက် Porsche 911 ကို ၁၉၆၀ ခုနှစ် လောက်တုန်းက ထုတ်လုပ်ခဲ့တာပါ။ ပြိုင်ဘက်ကင်း ရောင်းအားတက်ခဲ့တဲ့ Porsche 911 ကို ကြော်ငြာခဲ့တဲ့ ဓာတ်ပုံ တပုံပါ။ သမိုင်းမှာ စိတ်ဝင်စားစရာ ရှားပါး ဓာတ်ပုံများစွာ ရှိပါတယ် (၆) အမှတ်တရ ၁၉၇၀ ခုနှစ်တုန်းက ဗီယက်နမ်မှာ အမေရိကန် စစ်သားတွေနဲ့ နာမည်ကြီး သရုပ်ဆောင် အဆိုတော် Chris Noel တို့ အတူတကွ တွေ့ရတဲ့ ဓာတ်ပုံပါ။ ရိုက်ကူးခဲ့သူက အရာရှိ Steve Loomis ပဲ ဖြစ်ပါတယ်။ သူဟာ စစ်တပ်က ထွက်ပြီးနောက် ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာ တယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့ပါတယ်။ သမိုင်းမှာ စိတ်ဝင်စားစရာ ရှားပါး ဓာတ်ပုံများစွာ ရှိပါတယ် (၇) သမင်လေး Pippa Jungle of Venezuela ကို ၁၉၅၉ ခုနှစ်က ရိုက်ခဲ့ပြီး Audrey Hepburn က သရုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ ဇာတ်ကောင်အတွက် သမင်သားပေါက်လေးကို အိမ်ခေါ်ပြီး လေ့ကျင့်ခဲ့ရာက ဇာတ်ကား ပြီးသွားတဲ့အခါ ထိုသမင်ပေါက်လေးကို မွေးစားခဲ့ပါတယ်။ Pippa လို့အမည်ပေးခဲ့ပြီး သမင်လေးကို သူမ ဘယ်သွားသွား ခေါ်သွားလေ့ရှိပါတယ်။ ဒါတွေကတော့ သမိုင်းထဲက ရှားပါးဓာတ်ပုံနဲ့ လူသိနည်းတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ The post သမိုင်းထဲက စိတ်ဝင်စားစရာ ရှားပါး ဓာတ်ပုံများ appeared first on ဧရာဝတီ.
Source : http://ift.tt/2GcJTfw
via IFTTT
No comments:
Post a Comment