Monday, March 5, 2018


အာရှတခွင်က သွားရောက် လည်ပတ်ဖို့ အကောင်းဆုံးနေရာ ၇ ခု အာရှတခွင်က လည်ပတ်ဖို့ အကောင်းဆုံးနေရာလေးတွေ အကြောင်း ပြောပြချင်ပါတယ်။ ဗီဇာလည်း လွယ်မယ်၊ သွားရလာရလည်း အဆင်ပြေမယ်၊ နောက်ပြီး ရာသီဥတုနဲ့ ယဉ်ကျေးမှုလည်း အရမ်းမကွာခြားတဲ့ အတွက် သွားလာ လည်ပတ်ရတာ သက်သောင့်သက်သာလည်းရှိမယ်၊ အပန်းဖြေ လေ့လာဖို့လည်း ကောင်းတဲ့ နေရာတွေပါ။ (၁) တိုကျို ။ ။ လူနေထူထပ်ပေမယ့် သန့်ရှင်းတယ်၊ မြို့ပြဘ၀ စစ်စစ်ကို ခံစား လည်ပတ်ဖို့ အကောင်းဆုံးနေရာပါ။ မိုးမျှော်တိုက်တွေ၊ ရှေးခေတ် လက်ရာ အဆောက်အဦတွေ၊ ပြတိုက်တွေ၊ ရှေးဟောင်းနယ်ပယ်နဲ့ ဒေသခံဓလေ့ စရိုက်တွေ ကို အကောင်းဆုံးလည်ပတ် မြင်တွေ့နိုင်မယ့် နေရာပါ။ Shibuya, Golden Gai နဲ့ Michellin လို ဆိုင်ကောင်းကောင်းတွေ လည်း ရှိတယ်။ ဆီရှီကောင်းကောင်း၊ စုံစုံကိုစားသုံးနိုင်မယ်။ လက်ဖြစ် ခေါက်ဆွဲတွေလည်း ရတယ်။ အပျော်ခရီး အတွက် အကောင်းဆုံးနေရာပါ။ (၂) ဘန်ကောက် ။ ။ ၂၀၁၇ အတွင်း ကမ္ဘာလှည့်ခရီးသည် သန်း၂၀ ကျော်လောက်ထိ ဝင်ရောက်ခဲ့တဲ့ နေရာပါ။ ခရီးသွားလုပ်ငန်းမှာ အလျင်အမြန် တိုးတက်လာနေပြီး ရေပေါ်ဈေးတွေ နန်းတော်တွေ ဗုဒ္ဓဘာသာဘုရားကျောင်းတွေကို လေ့လာနိုင်သလို လွတ်လွတ်လပ်လပ် လည်ပတ်သွားလာနိုင်တာကြောင့် အရှေ့တောင် အာရှမှာ ခရီးသွား အများဆုံး ဝင်ရောက်ရာ နေရာ ဖြစ်လာပါတယ်။ အထူးသဖြင့်တော့ ညဘက် အပျော်အပါး ရှာချင်သူတွေ အတွက် ဘန်ကောက်က ညမြို့တော်ကြီး တခုပါပဲ။ (၃) စင်ကာပူ ။ ။ အရှေ့တောင်အာရှရဲ့ စီးပွားရေး အချက်အချက်ကျရာ မြို့တော်လို့ ဆိုနိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သတ်ပြီး လာရောက်ရင်း လည်ပတ်နိုင်ဖို့ နေရာကောင်းတွေလည်း ရှိပါတယ်။ ခေတ်မီအဆောက်အဦများစွာ နဲ့ သန့်ရှင်းသပ်ရပ်တဲ့ မြို့တခုပါပဲ။ Botanic Gardens နဲ့ Gardens By TheBay လို ရုုက္ခဗေဒ ဥယျာဉ်တွေလည်း ရှိပါတယ်။ Orchard Road မှာလည်း ဈေးဝယ်လို့ ကောင်းပါတယ်။ Sands SkyPark ကနေလည်း ရှုခင်းကောင်းကောင်း ခံစားနိုင်မှာပါ။ (၄) ပေကျင်း ။ ။ မြို့မှာ လူဦးရေ ၂၁ ဒသမ ၇ သန်းခန့် နေထိုင်နေကြပါတယ်။ ကမ္ဘာပေါ်က လူဦးရေ အထူထပ်ဆုံး မြို့တမြို့ ပါ။ Forbidden City, Temple of Heaven, Summer Palace, Ming Tombs, Zhoukoudian, Great Wall နဲ့ Grand Canal လိုနေရာတွေက ခရီးသွားတွေ အများဆုံး လည်ပတ်ရာ နေရာတွေပါ။ မြို့လယ်မှာ Tiananmen Square ရှိြ့ပီး ရိုုးရာဓလေ့တွေကို လေ့လာနိုင်မယ့် နေရာလည်းရှိပါတယ်။ The National Museum of China နဲ့ Mausoleum of Mao Zedong တွေကလည်း ဝင်ရောက် လည်ပတ်ဖို့ အကောင်းဆုံးနေရာတွေပါ။ (၅) ကွာလာလမ်ပူ ။ ။ Petronas Twin Towers တွေ ရှိခြင်းနဲ့ အတူ လူသိများတဲ့ ဒီမြို့က ကိုလိုနီခေတ် အဆောက်အဦတွေ လေ့လာနိုင်မယ့် နေရာကောင်းတခုပါ။ ကာလာလမ်ပူ ဘူတာရုံနဲ့ အတူ Sultan Abdul Samad Building တွေက လေ့လာစရာတွေ ပြည့်နေပါတယ်။ Sri Mahamariamman ဆိုရင် မလေးရှားမှာ သက်တမ်းအရင့်ဆုံး ဟိန္ဒူဘုရားကျောင်း ဖြစ်ပြီး ရှေးခေတ် လက်ရာ လေ့လာချင်သူတွေ အတွက် စိတ်ဝင်စားစရာပါ။ မလေးဒေသ အစားအစာတွေ ရနိုုင်သလို အာရှဒေသတွင်း လက်ရာစုံလည်း မြည်းစမ်းနိုင်မယ့် နေရာတခုပါ။ (၆) ကျိုတို ။ ။ တိုကျိုထက် ရှေးကျတဲ့ မြို့လို့ ဆိုနိုင်သလို ရှေးဟောင်းဗုုဒ္ဓဘာသာ ဘုရားကျောင်းတွေ၊ Shinto ဘာသာ ဝတ်ပြုကျောင်းတွေ၊ ရဲတိုက်တွေ၊ ရိုးရာယဉ်ကျေးမှု ဆိုင်ရာ ပြတိုက်တွေ၊ လည်ပတ်စရာနေရာတွေ ပြည့်နေ ပါတယ်။ လည်ပတ်စရာ နေရာများလွန်းလို့ ကျိုတိုမှာ ရက်တိုခရီးနဲ့ လည်မယ့့်သူတွေ အတွက် အစုံရောက်ဖို့တောင် ခက်ချင်ပါလိမ့်မယ်။ ကျိုတိုမှာသွားလည်မယ် ဆိုရင် ဟိုတယ်တွေ တည်းခိုတာထက် Matsui Honkan နဲ့ Yadoya Manjiro လို ဒေသခံတည်းခိုဆောင်တွေ တည်းခိုရတာပိုပြီး ကျေနပ်စေပါလိမ့့်မယ်။ (၇) ဆိုးလ် ။ ။ ၁၉၆၀ ပြည့်လွန် နှစ်တွေလောက်က အာဖရိတိုက်က GDP အနိမ့်ဆုံး နိုင်ငံံတွေနဲ့ အဆင့်တူလောက် ရှိခဲ့တဲ့ တောင်ကိုရီးယားက အခုတော့ နိုင်ငံတကာမှာ ဘုရင်တပါး ဖြစ်နေပါပြီ။ ဆိုးလ်ဟာ နိုင်ငံရဲ့ တိုးတက်မှုနဲ့ အနေ အထားကို ပြသနေတဲ့ နေရာပါ။ လက်ရှိကမ္ဘာမှာ စီးပွားရေး အင်အား အတောင့်တင့်ဆုံး အဆင့် ၁၁ ချိတ်နေတဲ့ နိုင်ငံရဲ့ မြို့တော်က ခေတ်မီမိုးမျှော်တိုက်တွေ၊ လည်ပတ်စရာတွေနဲ့ ပြည့်နေပါတယ်။ K-pop လို ဂီတဖျော်ဖြေမှုတွေ ကြည့်နိုင် မယ်။ Bukcho လမ်းမတလျှောက်က ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေလို ရှေးဟောင်း အဆောက်အဦတွေလည်း ရှိပါတယ်။ Jogye-sa နဲ့ Changdeokgung Palace လို သမိုင်းဝင်နေရာတွေလည်း လည်ပတ်နိုင်မှာပါ။ Ref: www.rd.com The post အာရှတခွင်က သွားရောက် လည်ပတ်ဖို့ အကောင်းဆုံးနေရာ ၇ ခု appeared first on ဧရာဝတီ.
Source : http://ift.tt/2CY0H4s
via IFTTT

No comments:

Post a Comment