ပန်းလှိုင်ဘူတာနှင့် ကြည့်မြင့်တိုင်ဘူတာအကြား မြို့ပတ်ရထားလမ်းဘေးတွင် အရွယ်မရောက်သေးသည့် အသက် ၄ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူ အား ပြစ်မှုကျူးလွန်ပြီး တစ်လအကြာ(မတ်လ ၃ ရက်နေ့ နံနက်ပိုင်း) တွင် ဘုရားလမ်းဘူတာ၌ ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။ အဆိုပါ ဖမ်းဆီးရမိသူ ကိုကိုနိုင်(ခ) ကိုနိုင်(ခ) နိုင်ကြီးဆိုသူသည် အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်၏ မိဘများဖြင့် ရင်းနှီးသူဖြစ်ပြီး မိန်ကလေးငယ်၏ ဖခင်ဖြစ်သူနှင့် မကြာခဏဆိုသလို အရက်အတူ သောက်လေ့ရှိကြောင်း ၊ ကိုကိုနိုင် ဆိုသူအား ဖမ်းဆီးရမိစဥ် ၄င်းထံမှ ကာမအားတိုးဆေးများ နှင့် လိမ်းဆေးများ သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယင်းနောက် ကိုကိုနိုင်ဆိုသူအား စစ်ဆေးရာ ၄င်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းတွင် ၄င်းနေထိုင်ရာ ဘုရားလမ်းဘူတာမှ ပန်းလှိုင်ဘူတာသို့ သွားရောက်ခဲ့ကြောင်း ၊ ယင်းနောက် ပန်းလှိုင်ဘူတာ ဂုံးတံတားတွင် ကာမအားတိုးဆေးနှင့် အရက်သောက်ခဲ့ပြီး ဘူတာစင်္ကြံတွင် အိပ်ပျော်နေသည့် လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ကြည့်မြင်တိုင်ဘူတာဘက်သို့ ခေါ်ဆောင်လာပြီး ခတ္တာဂုံးကျော် တံတားအနီး အရောက်တွင် ရထားသံလမ်းဘေး၌ အဓမ္မပြုကျင့်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ အဆိုပါ အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ကြည့်မြင်တိုင်ဘူတာဘက်မှ ပန်းလှိုင်ဘူတာဘက်သို့ ရထားသံလမ်းအတိုင်း လမ်းလျှောက်ပြန်လာစဥ် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့တို့မှ တွေ့ရှိခဲ့ပြီးနောက် ရန်ကုန်ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်း ၊ ယင်းနောက် မိန်းကလေးငယ်အား စစ်ဆေးရာ အဓမ္မပြုကျင့်ခံထားရကြောင်း သိရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးခဲ့ရာ တရားခံဖြစ်သူ ကိုကိုနိုင်အား တစ်လအကြာတွင် ဖမ်းမိခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ ဖမ်းမိသူသည် ၂ဝဝ၁ ခုနှစ်တွင် လှည်းကူးမြို့နယ်တွင် ရာဇသတ်ကြီးပုဒ်မ ၃၂၄ ၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (င) ဖြင့် ထောင်ဒဏ် တစ်နှစ် ကျခဲ့ပြီး ၊ ၂ဝဝ၉ ခုနှစ်က ကြည့်မြင်တိုင်ဘူတာရုံ၌ အရက်မူး ဆဲဆိုမှုဖြင့် ထောင် ခုနှစ်ရက် ကျခဲ့ကြောင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ၄င်းကို ထိရောက်ပြစ်ဒဏ်ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆိုသည်။
Source : http://ift.tt/2oKCRoo
via IFTTT
No comments:
Post a Comment