သံတွဲ ပုလဲကျွန်း ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်ရာ နေရာအဖြစ် အကောင်အထည်ဖော်မည် ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ “အပေါ်ရေကျွန်းခေါ် ပုလဲကျွန်း” ကို နိုင်ငံခြားခရီးသွား လုပ်ငန်းများ အတွက် ဆွဲဆောင်ရာ နေရာတခုအဖြစ် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဟု ရခိုင်ပြည် နယ် အစိုးရအဖွဲ့ဝင် စီမံ/ ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။ မတ်လ ၆ ရက်နေ့က ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး၌ သံတွဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပုလဲကျွန်းကို သဘာဝ ပတ်ဝန်း ကျင် ထိခိုက်မှု မရှိဘဲ နိုင်ငံခြား ခရီးသွားများအတွက် ဆွဲဆောင်ရန် ကျွန်းတကျွန်း အဖြစ် အကောင် အထည်ဖော်ရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ခြင်း အပေါ် ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းက “ပုလဲကျွန်းကို ပြီးခဲ့တဲ့ အပတ်က ကျနော်တို့ သွားကြည့်ပြီး ပါပြီ။ လက်ရှိအချိန် မှာတော့ အောက်ခြေမှာ ပေါက်နေတဲ့ တောတွေကို ရှင်းလင်းပြီးတော့ လမ်းအူ ကြောင်းတွေကို ဖောက်လုပ်နေပါ တယ်။ ဆိုင်ခန်းတွေ၊ အပန်းဖြေတဲ့ နေရာတွေကို ဘယ်နေရာမှာ ဆောက်လုပ်ရင် ကောင်းမလဲ ဆိုတာကို Master Plan တခုဆွဲပြီးတော့ ကျနော်တို့ တနှစ်ချင်းစီ အကောင်အထည်ဖော် ဆောင်ရွက် လုပ်ကိုင်သွားဖို့ ရှိပါတယ်” ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။ ၁၉၆၀ ပြည့်နှစ်မတိုင်မီ ကတည်းက စတင် အကောင်အထည်ဖော်ခဲ့သည့် ငပလီ ခရီးသွား လုပ်ငန်း သည် လက်ရှိအချိန်တွင် ကမ်းခြေ အမှိုက်သိမ်း စနစ်နှင့် ပတ်သက်၍ နိုင်နင်းစွာ မလုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင် ခရီးသွား ပြည်သူများ၏ စိတ်ထဲတွင်လည်း ရိုးအီသော နေရာတခု ဖြစ်လာရာ ရေ၊ မြေ၊ တောင်တောင်နှင့် သဘာဝ အလျောက် လှပနေသော ပုလဲကျွန်းကိုသာ ကမ္ဘာ့လှည့်ခရီးသွား လုပ်ငန်း အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည်ဆိုပါ က နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင် သည့် အဖိုးတန် ကျွန်းတကျွန်း ဖြစ်လာနိုင်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေ အေးက ဆွေးနွေးခြင်းဖြစ်သည်။ “ဒီကျွန်းဟာ အရင် ရှားပါး တောရိုင်း တိရစ္ဆာန်တွေ၊ ပင်လယ်လိပ်တွေ ကျက်စားတဲ့ ကျွန်းကြီး ဖြစ် တယ်။ နှစ်တရာ ကျော် သက်တမ်းရှိတဲ့ သစ်ပင်ကြီးတွေ ရှိပါတယ်။ ကားလမ်းဖောက်ရင် သစ်ပင် ကြီး တွေကို ခုတ်ရမှာမို့ ကားလမ်း ဖောက်လို့တော့ မရဘူး။ လူသွားလမ်း၊ စက်ဘီးလမ်းတွေ ဖောက်လုပ် ရပါမယ်။ ဒီလို ကျွန်းကိုသာ နိုင်ငံခြား ခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင်ရာ နေရာအဖြစ် အကောင် အထည် ဖော်နိုင်မယ်ဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေ ဝင် ရောက် လည်ပတ်မှု ပိုမို များပြားလာမယ့် နေရာ တခု ဖြစ်လာမှာ ဖြစ်တဲ့အတွက် အခုလို တင်ပြရခြင်း ဖြစ်ပါတယ်” ဟု ၎င်းဧရာဝတီသို့ ပြောသည်။ အဆိုပါ အပေါ်ရေကျွန်းခေါ် ပုလဲကျွန်းသည် သံတွဲမြို့နယ်အတွင်း ငပလီကမ်းခြေမှ ၁ မိုင်ခန့် အကွာ တည်ရှိပြီး ဧရိယာ ၁၀၈ ဧက ကျယ်ဝန်းကာ ယခင်က ပုလဲ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခဲ့သော နေရာ တခုလည်း ဖြစ်ကြောင်း သိရသည်။ The post သံတွဲ ပုလဲကျွန်း ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်ရာ နေရာအဖြစ် အကောင်အထည်ဖော်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2DbG7xA
via IFTTT
No comments:
Post a Comment