Friday, March 23, 2018


ငှက်ပျောခွံရဲ့ ကျန်းမာရေးနှင့် အလှအပအတွက် အသုံးဝင်ပုံများ ငှက်ပျောသီးစားတဲ့အခါမှာ ပျော့ပျောင်းတဲ့ ငှက်ပျောခွံတွေကို အလွယ်တကူပဲ လွှင့်ပစ်တက်ကြပါတယ်။ ငှက်ပျောသီးမှာ အာဟာရဓာတ်များစွာ ပါဝင်သလို ငှက်ပျောသီးခွံဟာလည်း ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်ကြောင်း ဆေးသုတေသန ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်ကို နိုင်ငံတကာ ကျန်းမာရေးဝက်ဘ်ဆိုက်တွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့လို့ ငှက်ပျောခွံရဲ့ ကျန်းမာရေးနဲ့အလှအပအတွက်အသုံးဝင်ပုံများကို ဧရာဝတီရဲ့စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ငှက်ပျောသီးခွံမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေဟာ စိတ်ဖိစီးမှုကို ပြေပျောက်စေပြီး ခန္ဓာကိုယ် ဟော်မုန်းတွေကို ညီညွတ်စေတာကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ ညဘက် အိပ်မပျော်သူတွေ အတွက်တော့ အခုဖော်ပြပေးမယ့် ငှက်ပျောသီးခွံရေနွေးကြမ်းက အထောက်အပံ့ဖြစ်စေမှာပါ။ ငှက်ပျောသီးခွံ(ငှက်ပျောသီးက Organic ဖြစ်ရင် ပိုကောင်းပါတယ်) နဲ့ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ကို ရေနွေးဆူဆူထဲ ထည့်ပြီး မိနစ် ၂၀ ခန့် ထားပြီးရင်တော့ ငှက်ပျောခွံဖတ်တွေကို ဆယ်ပြီး အရည်ကိုပဲ သောက်သုံးရမှာဖြစ်ပါတယ်။ ညမအိပ်ခင် ငှက်ပျောခွံ ရေနွေးကြမ်းကို ပုံမှန်သောက်သုံး ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ကင်ဆာ ကာကွယ်ပေးနိုင်ကာ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ ငှက်ပျောသီးခွံရဲ့ နောက်ထပ် အသုံးဝင်ပုံတွေကတော့- (၁) ဝက်ခြံရှိတဲ့ မျက်နှာ အသားအရေပေါ်ကို ငှက်ပျောသီးခွံ အတွင်းသားနဲ့ ပွတ်ပေးပြီး ရေနဲ့ပြန်လည် ဆေးကြောပေးမယ် ဆိုရင် ဝက်ခြံတွေကို သက်သာစေနိုင်ပြီး အသားအရေ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ကာ အရေးအကြောင်းတွေ လျော့ပါးစေ နိုင်ပါတယ်။ (၂) ဓာတ်မတည့်မှုကြောင့် အရေပြား ယားယံမှုတွေ ဖြစ်ပေါ်တဲ့အခါ ယားနာဖြစ်နေတဲ့ အရေပြားပေါ်ကို ငှက်ပျောသီးခွံနဲ့ ပွတ်ပေးခြင်းအားဖြင့် သက်သာပျောက်ကင်း စေနိုင်ပါတယ်။ (၃)ငှက်ပျောသီးခွံရဲ့ အတွင်းသားနဲ့ သွားတွေကို နေ့စဉ် ပွတ်တိုက်ပေးခြင်းအားဖြင့် သွားတွေကို သဘာဝအတိုင်း ဖြူစင်ဝင်းပ စေနိုင်ပါတယ်။ Ref ; naturallivingideas.com The post ငှက်ပျောခွံရဲ့ ကျန်းမာရေးနှင့် အလှအပအတွက် အသုံးဝင်ပုံများ appeared first on ဧရာဝတီ.
Source : http://ift.tt/2pA0wYt
via IFTTT

No comments:

Post a Comment