Tuesday, March 6, 2018


သီရိလင်္ကာမှာ မွတ်ဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းဖြစ်လို့ အရေးပေါ်အခြေအနေ ကြေညာ မတ် ၆ ။ ။ လူ ၂ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ ချီတဲ့ ဗလီတွေ၊ အိမ်တွေ ပျက်စီးခဲ့ရတဲ့ မွတ်ဆလင် ဆန့်ကျင်ရေး အဓိကရုဏ်း ဖြစ်လာလို့ သီရိလင်္ကာနိုင်ငံမှာတော့ ၁၀ ရက်တာ အရေးပေါ်အခြေအနေ တစ်ရပ်ကို ထုတ်ပြန်ကြေညာလိုက်ရပါတယ်။ " နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေကြေညာမှုအပါအဝင် တင်းကျပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ အစိုးရဝန်ကြီးအဖွဲ့က ဆုံးဖြတ်ခဲ့တာပါ" ဆိုပြီး မြို့ပြစီမံကိန်းဝန်ကြီး Rauff Hakeem က ပြောပါတယ်။ ဒါ့အပြင် ဆူပူအုံကြွမှုတွေ ဖြစ်ခဲ့တဲ့ Kandy ဒေသမှာလည်း နေဝင်မီးငြိမ်း အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။ အဆိုပါ Kandy ဒေသမှာတော့ ပြီးခဲ့တဲ့ ရက်က ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေအကြား ပဋိပက္ခအခြေအနေတွေနဲ့အတူ ဆူပူမှုတွေ ဖြစ်ပေါ်ထားခဲ့တာဖြစ်ပါတယ်။ ယင်းနိုင်ငံမှာတော့ ယမန်နှစ်ကတည်းက အဆိုပါ လူ့အသိုင်းအဝိုင်းနှစ်ခုအကြား တင်းမာမှုတွေ ကြီးထွားလာနေခဲ့တာဖြစ်ပါတယ်။ မွတ်ဆလင်တွေအနေနဲ့ လူတွေကို အစ္စလမ်ဘာသာထဲ အတင်းအကျပ် ဝင်ခိုင်းပြီး ဗုဒ္ဓယဉ်ကျေးမှု နေရာတွေကိုပါ ဖျက်ဆီးပစ်တာတွေ ရှိနေခဲ့တယ်ဆိုပြီး ဗုဒ္ဓဘာသာဝင်အုပ်စုဘက်ကစွပ်စွဲထားခဲ့တယ်လို့ သိရပါတယ်။ ယခုလို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာမှုကတော့ ယင်းနိုင်ငံမှာ ခုနစ်နှစ်တာအတွင်း ပထမဆုံးအကြိမ် ပြန်လည်ထုတ်ပြန်လုပ်ဆောင်ခဲ့ရတာဖြစ်ကြောင်းလည်း သိရပါတယ်။ လက်ရှိအချိန်မှာ အစိုးရအနေနဲ့ကတော့ လက်နက်တပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ချထားပြီး အခြေအနေကို ထိန်းသိမ်းဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ http://ift.tt/2Fi0lMd
Source : http://ift.tt/2Fi0lMd
via IFTTT

No comments:

Post a Comment