Friday, March 9, 2018


ကမ္ဘာ့ဖလားအိပ်မက်က ဒီလှိုင်းနီတို့ အတွက် ကံကောင်းမှာလား ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ခြေစစ်ပွဲအောင်ချင်တဲ့ဲ၊ ဝင်ခွင့်ရချင်တဲ့ အိပ်မက်ဟာ နိုင်ငံအသင်းတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့့် ဒေသတွင်း ခြေစစ်ပွဲတွေကန်၊ အနိုင်ရမှ ဝင်ခွင့်ရမယ့် အနေအထားဟာ ခြေစွမ်းမကောင်းဘူး၊ ခြေစွမ်း မမှန်ဘူး ဆိုရင် ဘယ်လိုမှ ဝင်ခွင့်ရဖို့ မလွယ်ပါ။ အခုပြောမယ့် ပနားမားဆိုရင် အခု ၂၀၁၈ ကမ္ဘာ့ဖလားမှာမှ ပထမဆုံး ခြေစစ်ပွဲ အောင်၊ ဝင်ခွင့်ရလာတာ ဖြစ်လို့ဒီနှစ် ပြိုင်ပွဲမှာပနားမားသားတွေ ဘယ်လောက်တောင် ဂုဏ်ယူနေမလဲ ဆိုတာ တွေးကြည့့်တာနဲ့ သိနိုင်ပါတယ်။ အသင်းကို Panama National Football Team လို့ ခေါ်ပါတယ်။ ပနားမားနိုင်ငံလက်ရွေးစင် အသင်း ဖြစ်ပြီး အစိုးရရဲ့ လက်အောက်ခံ ပနားမားဘောလုံးအဖွဲ့ချုပ်ကနေ ထိန်းချုပ်ထားပါတယ်။ ဘောလုံးနယ်ပယ် အနေအထားမှာတော့ CONCACAF နယ် အတွင်း ဝင်ပါတယ်။ ဒါပေမယ့် ကွန်ကာကပ်နယ်က ကြီးမားလို့ နယ်ပြန်ခွဲတဲ့ အနေအထားမှာ UNCAF ဆိုတဲ့ ယူအင်ကပ်ဖ် ဗဟို အမေရိကနယ်ဝင် အသင်း ဖြစ်ပါတယ်။ အသင်းကို နာမည်ပြောင် အနေနဲ့ Los Canaleros (The Canal Men)၊ La MareaRoja (The Red Tide) လို့ ခေါ်ပါတယ်။ နာမည်ကျော် ပနားမား တူးမြောင်းရှိလို့ တူးမြောင်းသမားများ ဒါမှမဟုတ် ဒီလှိုင်းနီတွေ အဖြစ် ခေါ်ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသင်းနည်းပြ အဖြစ် Hernan Dario Gomez က ကိုင်တွယ်နေပြီး အသင်းခေါင်းဆောင် အဖြစ်တော့ Roman Torres က တာဝန်ယူထားပါတယ်။ အိမ်ကွင်းအနေနဲ့တော့ Estadio Rommel Fernandez ကွင်းကို လက်ခံကစားတဲ့ အသင်းပါ။ ဝတ်စုံ အနေနဲ့ ဆိုရင် အိမ်ကွင်းမှာ အနီရောင် ဘောင်းဘီ၊ အင်္ကျီ၊ ခြေအိတ်တွေကို ဝတ်ဆင်ပြီး ပခုံးသားမှာ အပြာရောင် လိုင်းစင်း၊ ခါးနဲ့ ဘောင်းဘီအောက်ဖျားမှာ အဖြူရောင် အစင်းငယ်လေးတွေနဲ့ ခြေအိတ်လည်ပင်းမှာ အပြာနဲ့ အဖြူရောင် အစင်းလေးတွေ ကွပ်ထားတာပဲ ပါရှိပါတယ်။ အဝေးကွင်းမှာ ဆိုရင်တော့ အဖြူရောင် အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ်တွေကို ဆင်တူ ဝတ်ဆင်ပြီး ပခုံး၊ ဘေးဘက်နဲ့ ဘောင်းဘီအထိ ဘေးဘက်တွေမှာ အပြာရောင် အစင်းတွေ ထည့်ထားပါတယ်။ ခြေအိတ်မှာ အနက်ရောင် အစင်းနဲ့ လည်ပင်း ကွပ်ထားတာ တွေ့ရပါတယ်။ အသင်းက လက်ရှိဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ၅၃ အဖြစ် ရှိနေပြီး ဒါက ပြီးခဲ့တဲ့ ဇန်နဝါရီ ကတည်းက ရပ်တည်နိုင် နေတဲ့ အဆင့်ကိုထိန်းထားနိုင်တာ ဖြစ်ပါတယ်။ အသင်းအနေနဲ့ သမိုင်းတလျှောက် အမြင့်ဆုံးအဆင့် သတ်မှတ်ခံရမှု အဖြစ် ၂၀၁၄ ခုနှစ် မတ်လက အဆင့် ၂၉ ထိ ရောက်ခဲ့တာာပါ။ ဒါဟာ တခြားကမ္ဘာ့ဖလား ခြေစစ်ပွဲအောင် အသင်းတွေနဲ့ စာရင် သိသာလောက်တဲ့ အဆင့်ကောင်းကောင်း မရခဲ့ဖူးသလို လက်ရှိအဆင့်ကလည်း အားရစရာတော့ မကောင်းလှပါဘူး။ အသင်းက နိုင်ငံတကာပွဲကစားမှုမှာ အမေရိက အခြေစိုက် အသင်းတွေထက် နောက်ကျတာ တွေ့ရပြီး ပထမဆုံးပွဲကို ၁၉၃၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာမှ ပနားမားနိုင်ငံ၊ ပနားမားစီးတီးမှာ ဗင်နီဇွဲလား အသင်းကို လက်ခံကစားခဲ့ပြီး အဆိုပါပွဲမှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တာ တွေ့ရပါတယ်။ အသင်းရဲ့ အကြီးမားဆုံး နိုင်ပွဲ အဖြစ်နဲ့တော့ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က ကိုလံဘီယာနိုင်ငံမှာ ကစားတဲ့ ပေါ်တိုရီကိုနဲ့ ပွဲမှာ ၁၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပဲ ဂိုးပြတ်ရှုံးပွဲ အဖြစ် ၁၉၃၈ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပနားမားမှာ ကစားတဲ့ ကော်စတာရီကာနဲ့ ပွဲမှာ ၁၁ ဂိုး ဂိုးမရှိနဲ့ ရှုံးထားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပွဲစဉ်နဲ့ ပတ်သတ်ပြီး အသင်းအနေအထားကို ပြန်ကြည့်ရင် ၁၉၃၀ ကနေ ၁၉၇၄ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကို လုံး၀ ဝင်နိုင်ခဲ့ခြင်း မရှိတာပါ။ ပထမဆုံး ခြေစစ်ပွဲဝင်မှု အနေနဲ့ ၁၉၇၈ ခုနှစ်ကမ္ဘာ့ဖလားမှာ ဝင်လာပါတယ်။ ဒါပေမယ့် အဆိုပါ အကြိမ်ကနေ စပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားထိ နှစ်စဉ် ခြေစစ်ပွဲ ဝင်ခဲ့ပေမယ့် မအောင်ခဲ့တာပါ။ ဒါကြောင့်လည်း အခု ၂၀၁၈ ကမ္ဘာ့ဖလားဟာ အသင်းအတွက် ပထမဆုံး ခြေစစ်ပွဲအောင် ဝင်ခွင့်ရလာခြင်း ဖြစ်ပါတယ်။ အသင်းက အောင်မြင်မှု အနေအထားကို ကြည့့်မယ် ဆိုရင် ကွန်ကာကပ် နယ်အတွင်းမှာကိုပဲ အသင်းသေး အဆင့်ပဲ ရှိပြီး ကွန်ကာကပ် ရွှေဖလားပွဲမှာ ၂၀၀၅ နဲ့ ၂၀၁၃တွေမှာ ဒုတိယ ၂ ကြိမ်ရဖူးတယ်၊ ၂၀၁၁ နဲ့ ၂၀၁၅ တွေမှာ တတိယ ၂ ကြိမ်ရထား ပါတယ်။ Copa Centromaericana မှာ ၂၀၀၉ ခုနှစ်က ချန်ပီယံ ၁ ကြိမ် ဖြစ်တယ်၊ ၂၀၀၇ နဲ့ ၂၀၁၇ မှာ ဒုတိယ ၂ ကြိမ်၊ ၁၉၉၃၊ ၂၀၁၁ နဲ့ ၂၀၁၄ တွေမှာ တတိယ ၃ ကြိမ် ရထားပါတယ်။ CCCF Championship မှာတော့ ၁၉၅၁ ခုနှစ်က ချန်ပီယံ ၁ ကြိမ်၊ ၁၉၄၈ ခုနှစ်က တတိယ ၁ ကြိမ်ရထားတာကလွဲရင် ကြီးမားတဲ့ ဆုဖလားရယူထားနိုင်မှု မရှိသေးပါဘူး။ အသင်းက ကမ္ဘာ့ဖလား မတိုင်ခင်မှာတော့ ခြေစမ်းပွဲတွေ ကစားပြီး အကောင်းဆုံး ပြင်ဆင်မှု လုပ်ဖို့ စီစဉ်ထားတာ တွေ့ရပါတယ်။ လာမယ့့် မတ်လ ၂၂ ရက်မှာ ဒိန်းမတ်နဲ့ ကစားမယ်၊ ၂၇ ရက်နေ့မှာ ဆွစ်ဇာလန်နဲ့ ကစားမယ်၊ မေလ ၂၉ ရက်နေ့မှာ မြောက်အိုင်ယာလန်နဲ့ ကစားမယ်၊ ဇွန်လ ၆ ရက်နေ့ထိ နော်ဝေနဲ့ ခြေစမ်းပွဲတွေ ဆက်တိုက် ကစားဖို့ စီစဉ်ထား တာပါ။ ကမ္ဘာ့ဖလားပွဲစဉ် အနေနဲ့ကတော့ ပထမဆုံးပွဲ အနေနဲ့ ဇွန်လ ၁၈ ရက်နေ့မှာ ဘယ်ဂျီယမ်၊ ဇွန်လ ၂၄ ရက်နေ့မှာ အင်္ဂလန်၊ ၂၈ ရက်နေ့မှာ တူနီးရှားတွေနဲ့ ကစားရဖို့ ရှိနေပြီး အုပ်စုအတွင်းမှာ အင်္ဂလန်နဲ့ ဘယ်ဂျီယမ် အသင်းတွေ ပါဝင်နေတာက မျက်နှာသစ် ပနားမား အတွက်တော့ နောက်တဆင့် တက်ဖို့ မျှော်လင့်ချက်က မရှိသလောက်လို့တောင် ဆိုရမှာပါ။ ဒါပေမယ့် ဘာမဆို ဖြစ်နိုင်တဲ့ ဘောလုံးလောကမှာ ပထမဆုံး ဝင်ခွင့်ရပြီး အောင်မြင်မှု မှတ်တိုင်တခုလည်း စိုုက်ထူနိုင်ကောင်း စိုက်ထူနိုင်တယ် လို့လည်း မျှော်လင့်ရပါတယ်။ အသင်းအတွက် ပွဲအများဆုံး ကစားထားသူ အဖြစ် ၂၀၀၃ ခုနှစ်ကနေလက်ရှိအချိန်ထိ ကစားပေးနေသူ Gabriel Gomez ရှိပြီး သူကပွဲပေါင်း ၁၄၀ မှာ ၁၂ ဂိုးထိအောင် သွင်းပေးထားသူ ဝါရင့် ကစားသမားတဦးပါ။ ထူးခြားချက် အနေနဲ့ကတော့ လက်ရှိပွဲ အများဆုံး ကစားထားသူ စာရင်းမှာ ထိပ်ဆုံး ၇ ဦးက လက်ရှိ ကစားသမားတွေ ဖြစ်နေလို့ ဝါရင့် ကစားသမားတွေ နဲ့ ကမ္ဘာ့ဖလားကို ရင်ဆိုင်လာဖို့ ရှိနေပါတယ်။ အသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးထားသူကတော့ ၂၀၀၁ ခုနှစ် ကတည်းက အသင်းအတွက် ကစားပေးနေသလို လက်ရှိလည်း ပနားမား တိုက်စစ်မှူးဖြစ်တဲ့ Luis Tejada ရှိနေပြီးသူက အသင်းအတွက် ၁၀၄ ပွဲမှာ ၄၃ ဂိုးထိ သွင်းပေးထား တာာပါ။ ဒါဆိုရင်တော့ ကမ္ဘာ့ဖလားမှာမျက်နှာသစ် ပနားမားက ဝါရင့်ကစားသမားတွေနဲ့ ပွဲထွက်လာမှာ ဖြစ်ပြီး တိုက်စစ်ထက် ကစားကွက် ဦးစားပေး ကစားတတ်တဲ့ ပနားမား အတွက်တော့ အခုနှစ် ကမ္ဘာ့ဖလားမှာ အုပ်စုကျပ်ကနေ ကံကောင်းပြီး တက်လာမလား၊ တက်မလာနိုင်ဘူးလား ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ Ref: en.m.wikipedia.org The post ကမ္ဘာ့ဖလားအိပ်မက်က ဒီလှိုင်းနီတို့ အတွက် ကံကောင်းမှာလား appeared first on ဧရာဝတီ.
Source : http://ift.tt/2FAg5cH
via IFTTT

No comments:

Post a Comment