တင့်ကားဖျက်ဒုံးအပါအဝင် စစ်လက်နက်များ ဆော်ဒီသို့ အမေရိကန်ရောင်း ပင်လယ်ကွေ့ဒေသ ယီမင်တွင် အရပ်သား တသောင်းကျော်သေဆုံးခဲ့ရသည့် စစ်နှင့်ပတ်သက်ပြီး ဆော်ဒီအာရေဗီယား အစိုးရကို ဝေဖန်ပြောဆိုမှုများရှိနေသော်လည်း ဒေါ်လာသန်း ၆၇၀ တန်ဖိုးရှိ တင့်ကားဖျက်ဒုံးကျည်များအပါအဝင် ဒေါ်လာ ၁ ဘီလျှံ ဖိုးစစ်လက်နက်များ အမေရိကန်က သဘောတူလိုက်ပြီဖြစ်သည်။ ဆော်ဒီမင်းသား မိုဟာမက်ဘင် ဆူလေမန်၏ အမေရိကန်ခရီးစဉ်အတွင်း ပြီးခဲ့သည့်အင်္ဂါနေ့က တွေ့ ဆုံမှု၌ သမ္မတဒေါ်နယ် ထရမ့်က ဆော်ဒီသို့ ဒေါ်လာဘီလီယံနှင့်ချီသည့် လက်နက်ရောင်းချမှု အကြောင်း အကျယ်တဝင့်ထုတ်ဖော်ပြောကြားလိုက် ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ဆောဒီအာရေဗီးယား အနေဖြင့် TOW 2 B အမျိုးအစား တင့်ကားဖျက်ဒုံးကျည်များ ကို ဝယ်ယူရန် အဆိုပြုခဲ့ကြောင်း ကြာသပတေးနေ့က သတင်းထုတ် ပြန်သည်။ ယင်းဝယ်ယူရေးအဆိုပြုမှုတွင် စစ်သုံး ရဟတ်ယာဉ် ပြုပြင်ထိန်းသိမ်းခြင်းစနစ်နှင့် စစ်သုံး ယာဉ်များအပိုပစ္စည်း ပါဝင်သည်။ အဆိုပါရောင်းချမှုသည့် ချစ်ကြည်ရေးခိုင်မြဲနေသည့် နိုင်ငံ၏လုံခြုံရေးကို စိတ်ချရစေရန်နှင့် အရှေ့ အလယ်ပိုင်းဒေသ စီးပွားရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုဖြစ်ထွန်းလာရေးအတွက် အရေးကြီး သည့် တွန်းအားတခုအဖြစ် ဆက်လက်ရှိနေစေရန် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည်။ အမေရိကန်သည် ဆော်ဒီအာရေဗျသို့ အဓိကလက်နက်တင်ပို့နေသူဖြစ်ပြီး ၂၀၁၇ ခုနှစ် မေလကလည်း သမ္မတ ထရမ့် ဆော်ဒီအာရေးဗီးယားသို့ သွားရောက်လည်ပတ်စဉ် ဒေါ်လာဘီလီယံ ၃၅၀ ဖိုး လက်နက်ရောင်းချရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ရာ ယင်းရောင်းချမှုသည် အမေရိကန်သမိုင်းတွင် အကြီးမားဆုံးဖြစ်သည်။ ဆော်ဒီခေါင်းဆောင်နှင့်တွေ့ဆုံမှုတွင် အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်နှင့် မကြာမီ အမျိုးသားလုံခြုံရေးအဖြစ် အစား ထိုးခန့်အပ်မည့်သူ အိတ်ချ်အာမက်မာစတာတို့လည်း ပါဝင်ပြီး၊ ဆော်ဒီမင်းသားသည် နောက်ထပ်ရက်သတ္တ နှစ်ပတ်ကြာ ချစ်ကြည်ရေး ခရီးဆက်မည်ဖြစ်ပြီး အဆင့်မြင့်စီးပွားရေးနှင့် နည်းပညာနယ်ပယ်များဖြစ်သည့် ဝေါစထရိနှင့် ဆီလီကွန် တောင်ကြား တို့ကို လေ့လာရန်စီစဉ်ထားသည်။ ဆော်ဒီအာရေဗီယားသည် လတ်တလော ယီမင်ပြည်တွင်းစစ်တွင် ဝင်ရောက်စွက်ဖက်နေပြီး၊ သူပုန် နှိမ်နင်းရေးဆိုကာ ဗုံံံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများစွာ သေဆုံးခဲ့ရပြီး၊ ဆင်းရဲမွဲတေသည့် ယီမင်နိုင်ငံကို ငတ်မွတ် ခေါင်းပါးမှုဘေး ရောက်အောင် တွန်းပို့နေသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်မှု များ ရှိနေသည်။ အမေရိကန်ကမူ ဆော်ဒီအစိုးရကို လက်နက်ရောင်းချခြင်းအပြင် ထောက်လှမ်းရေး၊ လောင်စာဆီနှင့် ဗုံးကြဲတိုက်ခိုက်မှု အကူအညီများကိုလည်း ပေးအပ်နေရာ အမေရိကန်ဖြန့်ဖြူးထားသည့်လက်နက် များကို ဆော်ဒီအနေဖြင့် ယီမင်စစ်မျက်နှာ ၌ မည်သို့သုံးစွဲနေခြင်းကို စောင့်ကြည့်ခြင်းမရှိကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်စစ်ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဗိုတယ်က ဝန်ခံခဲ့သည်။ The post တင့်ကားဖျက်ဒုံးအပါအဝင် စစ်လက်နက်များ ဆော်ဒီသို့ အမေရိကန်ရောင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2pxRiMn
via IFTTT
No comments:
Post a Comment