Monday, March 5, 2018


လေးနှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူကို ဖမ်းမိ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်အား ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့သူကို တလအကြာတွင် ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မတ်လ ၄ ရက်တွင် သတင်းထုတ်ပြန် လိုက်သည်။ အဆိုပါ သက်ငယ်မုဒိမ်းမှုသည် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်ဘူတာနှင့် ကြည့်မြင်တိုင်ဘူတာကြား မြို့ပတ်ရထားလမ်းဘေးတွင် ဖေဖော်ဝါရီ ၃ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဓမ္မပြုကျင့်သူ ကိုကိုနိုင် (ခ) ကိုနိုင် (ခ) နိုင်ကြီးဆိုသူကို ၂၀၁၈ မတ်လ ၂ ရက် ညနေ ၃ နာရီခွဲတွင် ပန်းဘဲတန်းမြို့နယ်၊ ဘုရားလမ်းဘူတာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ပြစ်မှုကျူးလွန်သူ ကိုကိုနိုင်သည် ဘုရားလမ်းဘူတာတွင် ညအိပ်နေထိုင်သူဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်၏ မိဘများနှင့် ရင်းနှီးသူတဦး ဖြစ်ကြောင်း၊ ၎င်းကိုဖမ်းဆီးရမိချိန်တွင် ၎င်းထံမှ ကာမ အားတိုးဆေးများပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ကိုကိုနိုင်၏ ထွက်ဆိုချက်အရ မိန်းကလေးငယ်၏ဖခင်နှင့် ရင်းနှီးသဖြင့် မကြာခဏ အရက်အတူ သောက်စားလေ့ရှိကြောင်း၊ အခင်းမဖြစ်ပွားခင် ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက ဘုရားလမ်းဘူတာမှ ပန်းလှိုင်ဘူတာသို့ရောက်ရှိခဲ့ပြီး မိန်းကလေးငယ် မိသားစုနေထိုင်ရာ ပန်းလှိုင်ဘူတာ ခုံးတံတားတွင် ကာမအားတိုးဆေးနှင့် အရက်တို့ကို သောက်စားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်သည့် ဖေဖော်ဝါရီ ၃ ရက် နံနက် ၁ နာရီကျော်တွင် ပန်းလှိုင်ဘူတာ ခုံးတံတားအောက်၌ လူကြီးများမရှိဘဲ ကလေး ငယ်သုံးဦး အိပ်ပျော်နေသည်ကိုတွေ့ရှိရာ အစွန်ဆုံးတွင်အိပ်ပျော်နေသော မိန်းကလေးငယ်အား ပွေ့ချီလာစဉ် အော်ဟစ်သဖြင့် ပါးစပ်ကိုလက်ဖြင့်ပိတ်ပြီး ရထားသံလမ်းအတိုင်း ကြည့်မြင်တိုင်ဘူတာဘက်သို့ ခေါ်ဆောင်လာကြောင်း၊ ခတ္တာခုံးကျော် တံတားအနီး အရောက်တွင် မိန်းကလေးငယ်အား အုတ်တံတိုင်းဘေးသို့ခေါ်ဆောင်၍ အဓမ္မပြုကျင့်ပြီး ထွက်ပြေးခဲ့ကြောင်း ၎င်းက ထွက်ဆိုထားသည်။ အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်သည် အခင်းဖြစ်ပွားသည့်နေ့ ကတည်းက ယနေ့အချိန်အထိ ရန်ကုန်မြို့၊ ဟယ်လ်ပင် ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ရေးအခြေအနေ ကောင်းမွန်လာပြီ ဖြစ်သော် လည်း ၎င်း၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဆက်လက်ကုသပေးရန် လိုအပ်နေသေးကြောင်း ကူညီထောက်ပံ့ပေး နေသူများထံမှ စုံစမ်းသိရသည်။ ပြစ်မှုကျူးလွန်သူ ကိုကိုနိုင်သည် ၂၀၀၉ ခုနှစ်က ကြည့်မြင်တိုင် မီးရထားဘူတာရုံတွင် အရက် မူးယစ်သောက်စား ဆဲဆိုခဲ့သဖြင့် ရန်ကုန်ရဲအက် ဥပဒေ ပုဒ်မ ၄၁ ဖြင့် ထောင် ၇ ရက်ကျဖူးပြီး ၂၀၀၁ ခုနှစ်တွင် လှည်းကူးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၄ နှင့် လက်နက်များ အက်ဥပဒေ ၁၉(င)ဖြင့် ထောင်ဒဏ် ၁ နှစ် ကျခံဖူးသူဖြစ်ကြောင်း ရဲမှတ်တမ်းများက ဖော်ပြထားသည်။ ရန်ကုန်တိုင်းဒေသကြီးသည် ၂၀၁၇ ခုနှစ်အတွင်း မုဒိမ်းမှု ၂၇၀ မှု ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းဖြစ် ပွားမှု အများဆုံး တိုင်းဒေသကြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ The post လေးနှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူကို ဖမ်းမိ appeared first on ဧရာဝတီ.
Source : http://ift.tt/2oRaDI5
via IFTTT

No comments:

Post a Comment