Wednesday, March 21, 2018

burma.irrawaddy.com

အရှေ့တောင်အာရှရဲ့ ပထမဆုံး Uniqlo သီးသန့် အထည်ဆိုင် ဘန်ကောက်တွင် ဖွင့်လှစ် ဂျပန်ရဲ့ နာမည်ကြီး အဝတ်အထည် အမှတ်တဆိပ် တခုဖြစ်တဲ့ “Uniqlo” ဟာ အရှေ့တောင်အာရှမှာ ပထမဆုံး သီးသန့် အထည်ဆိုင် အဖြစ် ဘန်ကောက်မြို့မှာ လာမည့် သောကြာနေ့မှာ ဖြစ်လှစ်မှာ ဖြစ်ပါ တယ်။ မူလက Uniqlo အရောင်းပြခန်းတွေကို ကုန်တိုက်ကြီးများဖွင့်လှစ်ထားရာက ယခုအခါမှာတော့ သီးသန့်ဆိုင်တခုအဖြစ် စတင်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ ဘန်ကောက်မြို့မှာ ဖွင့်လှစ်တဲ့ ဆိုင်သစ်ကိုတော့ ဖတ်တန်နကန် လမ်းမကြီးဘေးမှာ တည်ရှိပြီး ၁၄၄၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ပါတယ်။ သောကြာနေ့မှာတော့ နံနက် ၆နာရီမှာ ဆိုင်စဖွင့်မှာဖြစ်ပြီး ယာဉ်အစီးရေး ၆၀ ခန့်ရပ်နားနိုင်အောင် လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ Uniqlo ရဲ့ အရှေ့တောင်အာရှဥက္ကဋ္ဌဖြစ်သူ ဆာတိုရှီဟာတာဆီရဲ့ ကြေညာချက်မှာတော့ “ဂျပန်နိုင်ငံက ကားလမ်းမကြီး ဘေး ဆိုင်ခန်းပုံစံအတိုင်း ယူပြီး အရှေ့တောင်အာရှမှာ ပထမဆုံးဖွင့်နိုင်ပြီဖြစ် တဲ့ အတွက် ကျနော်တို့ ဂုဏ်ယူမိပါတယ်”လို့ ပါရှိပါတယ်။ အထူးကြို/ပို့ အစီအစဉ်အရ သောကြာ၊ စနေနေ့တွေမှာတော့ လေဆိပ်နဲ့ ချိတ်ဆက်ထားတဲ့ ဟွာမတ် ဘူတာကနေ ဆိုင်အထိ ကားအကြိုအပို့ လုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။ Uniqlo အမှတ်တံဆိပ် အမျိုးသားဝတ်၊ အမျိုးသမီးဝတ်နဲ့ ကလေးဝတ် အထည်မျိုးစုံကို ထိုင်းနိုင်ငံမှာ ၂၀၁၁ခုနှစ် ကတည်း က ဆိုင်ခွဲပေါင်း ၃၅ဆိုင်ကို ကုန်တိုက်ကြီးတွေမှာ တွဲဖက် ဖွင့်လှစ်ထားပြီးဖြစ်ပါ တယ်။ သီးသန့်ဆိုင်အနေနဲ့ကတော့ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်ပြီးလျှင် စတုတ္ထမြောက်ဆိုင်အဖြစ် ဘန်ကောက်မှာ ဖွင့်လှစ် တာဖြစ်ပါတယ်။ တိုကျိုအခြေစိုက် Uniqlo အထည်အမှတ်တံဆိပ်ကို ၁၉၄၉ ခုနှစ်က စတင်ထူထောင်ခဲ့ပြီး နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၁၉၇၄ ဆိုင်ရှိဖွင့်လှစ်ထားပါတယ်။ The post အရှေ့တောင်အာရှရဲ့ ပထမဆုံး Uniqlo သီးသန့် အထည်ဆိုင် ဘန်ကောက်တွင် ဖွင့်လှစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2IFhQE5
via IFTTT

No comments:

Post a Comment