တစ်ရက်ထဲနဲ့ ဒေါ်လာ ၅၀ ဘီလီယံဆုံးရှုံးခဲ့ရတဲ့ Facebook ကျဆုံးတော့မည်လော ပြီးခဲ့တဲ့ အင်္ဂါနေ့တစ်ရက်ထဲကပဲ Facebook ရဲ့ ရှယ်ယာစျေးတွေ ထိုးကျခဲ့ရလို့ ဒေါ်လာ ၅၀ ဘီလီယံဆုံးရှုံးခဲ့ရပါတယ်။ ဒါအပြင် ဖေ့စ်ဘွခ်အကောင့်ဖျက်သိမ်းရေး ကမ်းပိန်းတွေ လုပ်ဆောင်နေတာကြောင့် ကမ္ဘာအရပ်ရပ်ကနေ လူပေါင်း သန်း ၁,၀၀၀ ကျော် အသုံးပြုနေတဲ့ ဖေ့စ်ဘွခ်ကျဆုံးတော့မယ့်အချိန် ရောက်လာပြီလားလို့ မေးစရာဖြစ်လာပါပြီ။ ဒီလိုဆုံးရှုံးခဲ့ရတဲ့အကြောင်းရင်းက အဖြေရှိနေပါတယ်။ လန်ဒန်အခြေစိုက် နိုင်ငံရေးဆွေးနွေးအကြံပေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Cambridge Analytica ရဲ့ ဒေတာတွေအသုံးပြုမှုအရ ဒေါ်နယ်ထရန့်သမ္မတဖြစ်လာရေး လုပ်ဆောင်တဲ့ ကန်ပိန်းတွေမှာ Facebook က ပါဝင်ပက်သက်မှုရှိခဲ့တယ် သံသယရှိခဲ့ပါတယ်။ အဆိုပါရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဖေ့စ်ဘွခ်က သုံးစွဲသူ သန်း ၅၀ ကျော်ရဲ့ ကိုယ်ရေးအချက်လက်တွေကို ထုတ်ပေးခဲ့တယ်လို့ စွပ်စွဲမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် ယူအက်စ်နဲ့ ယူကေ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက Facebook နဲ့ အဆိုပါကုပ္မဏီတို့ရဲ့ ကြားက ကူးလူးဆက်ဆံမှုတွေကို စစ်ဆေးခံယူဖို့ တောင်းဆိုလိုက်ပြီး Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ကို ကိုယ်တိုင်စစ်ဆေးခံဖို့ ခေါ်ယူထားပါတယ်။ ပမာဏအားဖြင့် အလွန်များပြားတဲ့ ရှယ်ယာစျေးကစားမှုတွေကို ပျှမ်းမျှတစ်ရက်မှာ ၅ ကြိမ်လောက် ရှိခဲ့တယ်ဆိုတဲ့ သတင်းက ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ ပေါက်ကြားခဲ့တာပါ။ အဲဒီအချိန်ကစပြီး လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဖေ့စ်ဘွခ်ရဲ့ ရှယ်ယာတွေ ၁၀% ကျော် ကျဆင်းခဲ့ပါတယ်။ အဆိုပါသတင်းတွေကြောင့် ဖေ့စ်ဘွခ်တည်ထောင်သူ မတ်ခ်ဇူကာဘတ်ကို လူတွေက ဒေါသထွက်ကာ ပြောဆိုဝေဖန်မှုတွေရှိနေပြီး Twitter ပေါ်မှာ ဖေ့စ်ဘွခ်အကောင့်ဖျက်သိမ်းရေး #Deletefacebook ကမ်းပိန်းတွေ ပြုလုပ်ကာ ဖေ့စ်ဘွခ်သုံးစွဲမှုတွေကို ရပ်ကာ အကောင့်ဖျက်သိမ်းမှုတွေ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။
Source : http://ift.tt/2px0zUV
via IFTTT
No comments:
Post a Comment