Facebook သည် ထောက်လှမ်းရေး ကုမ္ပဏီတခုဟု အမေရိကန်သူလျှိုဟောင်း အက်ဒဝပ် စနိုဒင်ပြော လူမှုကွန်ရက် Facebook က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်၏ မဲဆွယ်စည်းရုံးရေး လုပ်ဆောင် ပေးခဲ့သည့် အချက် အလက် စိစစ်ရေးဌာနကို ဆိုင်းငံလိုက်ပြီးနောက် Facebookဆိုသည်မှာ လူမှု ကွန်ရက် တံဆိပ်တပ်ထားသည့် ထောက် လှမ်းရေး ကုမ္ပဏီ တခုပင်ဖြစ်ကြောင်း CIA၏ သူလျှို ဟောင်း အက်ဒဝပ်စနိုဒင်က Twitter မှနေ၍ စွပ်စွဲ ပြောဆိုလိုက် သည်။ အဆိုပါ အမေရိကန် အချက်အလက်စိစစ်ရေးဌာနသည် Facebook သုံးစွဲသူ သန်းပေါင်းများစွာ၏ အချက်အလက်များကို မသမာသည့် နည်းဖြင့် ဖျက်ဆီးလိုက်ကြောင်း Facebook က စွပ်စွဲကာ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး၊ ကိန်းဘရစ်အချက် အလက် စိစစ်ရေးဌာနကလည်း သူတို့အနေဖြင့် Facebook ဝန်ဆောင်မှု စည်းမျဉ်းများကိုလိုက်နာကာ မည်သည့်အမှား အယွင်းမှ မလုပ်ဟု တုန့်ပြန်သည်။ ထိုသို့သော အခြေအနေတွင် CIA ဝန်ထမ်းဟောင်း အက်ဒဝပ် စနိုဒင်က Facebook သည် လူမှုကွန်ရက် တံဆိပ်တပ် ထားသည့် ထောက်လှမ်းရေး ကုမ္ပဏီ တခုဟု ထုတ်ဖော်ပြောလိုက်ပြီး လူသန်းပေါင်းများစွာ၏ ကိုယ်ရေးကိုယ်တာ အသေး စိတ်အချက်အလက်များကို ရောင်းချကာ ငွေရှာနေကြောင်း၊ ၎င်းတို့သည် သားကောင်များ မဟုတ်ဘဲ ကြံရာပါများ သာဖြစ်ကြောင်း ပြောသည်။ “ကိုယ်ရေးကိုယ်တာကိစ္စတွေ အသေးစိတ်မှတ်တမ်းတင်ထားတာကို စုစည်းရောင်းချပြီး ငွေရှာတဲ့ အလုပ်ဆိုတော့ ထောက် လှမ်းရေးကုမ္ပဏီတွေပဲဆိုတာ ရှင်းနေပါတယ်။ လူမှုမီဒီယာ(social media) အနေနဲ့ တံဆိပ်ကပ်ပြီး အအောင်မြင်ဆုံးလှည့် စားမှုပါ”ဟု စနိုဒင်က ဆိုသည်။ အလားတူ အခြားလူမှုကွန်ရက်ကုမ္ပဏီများသည်လည်း မဆင်မခြင်ပြုလုပ်နေကြောင်း စနိုဒင်က အပြစ်တင်လိုက်သည်။ အက်ဒဝပ် စနိုဒင်သည် အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ၏ထောက်လှမ်းမှုအစီအစဉ်များမှ လျှို့ဝှက်သတင်း အချက်အလက်များကို ဖွင့်ချခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် ရုရှားနိုင်ငံတွင် ခိုလှုံနေခဲ့သူဖြစ်သည်။ ယင်းသို့ ပွဲဆူလာသည့်အနေအထားကြောင့် ဆီးနိတ်အမတ် Amy Klobuchar နှင့် ဒီမိုကရက်တစ် အမတ် D-Minn တို့က Facebook အမှုဆောင်အရာရှိချုပ် မက်ဇူကာဘတ်ကို ဆီးနိတ်တရား စီရင်ရေးကော်မတီရှေ့လာရောက်၍ အစစ်ဆေးခံရန် တိုက်တွန်းလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲကာလက ရုရှားတို့ ပတ်သက်ခဲ့သည် ဆိုသော ကိစ္စကို စုံစမ်းစစ်ဆေးနေ သူ ရောဘတ်မြူလာကလည်း ကိန်းဘရစ် အချက်အလက် စိစစ်ရေးဌာနအနေဖြင့် ရှင်းလင်းရန် တောင်းဆိုခဲ့သည်။ Facebook အနေဖြင့် ပြီးခဲ့သည့် နှစ်က ရရှိခဲ့သည့် ကြော်ငြာစာရင်းကို ရောဘတ်မြူလာထံ ပေးအပ်ခဲ့ရာ၊ ၂၀၁၅ ခုနှစ် ဇွန်လမှ ၂၀၁၇ မေလအထိ ရုရှား Troll Farm ခေါ် အင်တာနက် သုတေသနအေဂျင်စီအတွက် ကြော်ငြာဖိုး ဒေါ်လာ ၁ သိန်းရခဲ့ကြောင်း ဖွင့်ဟဝန်ခံသည်။ ယင်းအေဂျင်စီသည် ရုရှားဝါဒဖြန့်ချိရေးလုပ်နေသောအေဂျင်စီဖြစ်သည်။ ထို့ကြောင့် ရုရှားနိုင်ငံသား ၁၃ဦးနှင့် ရုရှားအဖွဲ့အစည်းတို့မှာ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲကို အင်တာနက် သုတေသန အေဂျင်စီ၏ အစိတ်အပိုင်းအနေဖြင့် ဝင်ရောက်ခြေရှုပ်ခဲ့ကြောင်း ရောဘတ်မြူလာက တပ်အပ်စွပ်စွဲသည်။ The post Facebook သည် ထောက်လှမ်းရေး ကုမ္ပဏီတခုဟု အမေရိကန်သူလျှိုဟောင်း အက်ဒဝပ် စနိုဒင်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2IM8Zk2
via IFTTT
No comments:
Post a Comment