ကျောက်တံတားမြို့နယ်တွင် ဒုတိယအကြိမ်မြောက် ပြည်သူ့စကားဝိုင်း ပြုလုပ်မည် ကျောက်တံတား မတ် ၂၀ ကျောက်တံတားမြို့နယ်တွင် ပြည်သူ့စကားဝိုင်း (Public Talk) ကို မတ်လ(၂၅)ရက်နေ့ နံနက် (၁၀) နာရီမှ (၁၂) နာရီထိ ကျောက်တံတားမြို့နယ် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ (ဒုတိယထပ်)၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြည်သူ့စကားဝိုင်းတွင် ဦးနေဘုန်းလတ် (Blogger, Writer)၊ ဒေါက်တာနွေးနွေးအောင် (Happy World)၊ ဦးသက်ပိုင်ခ (CEO& Co.Founder (JOOFK) ၊ဒေါ်ချိုလဲ့အောင် (Founder &CEO, Tree Food) တို့မှ "လူငယ်နှင့်စွန့်ဦးတီထွင်မှု" ခေါင်းစဉ်ဖြင့် ဆွေးနွေးမည် ဖြစ်ကြောင်း၊ Moderator အဖြစ် ဒေါ်ကြည်ပြာ (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) က ဆောင်ရွက်မည်ဖြစ်ပြီး ဆွေးနွေးပွဲ တက်ရောက်လာသူများထဲမှ ပထမဆုံး Registration ပြုလုပ်သူ (၁၀၀) ဦးအား စာအုပ်များ မဲဖောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)
Source : http://ift.tt/2u3ZUzx
via IFTTT
No comments:
Post a Comment