နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တို့ ရခိုင်အရေးဆွေးနွေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် စတုတ္ထအကြိမ်မြောက် မြန်မာ-အီးယူ လူ့အခွင့်အရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Stavros Lambrinidis ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့တို့ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂအကြား လူ့အခွင့်အရေးဆိုင်ရာ ကာကွယ် မြှင့်တင်ရေးကဏ္ဍတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရခိုင်ပြည်နယ်အရေး ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ Credit - Myanmar State Counsellor Office The Ladies News http://ift.tt/2FgXVNw
Source : http://ift.tt/2FgXVNw
via IFTTT
No comments:
Post a Comment