လယ်ဝေးမြို့နယ်အတွင်း ဆီဘောက်ဆာယာဉ် တိမ်းမှောက်၍ မီးလောင်မှုဖြစ်ပွား၊ အိမ်ကိုးလုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ပါ ကူးစက်လောင်ကျွမ်းပျက်စီးခဲ့ရ လယ်ဝေးမြို့နယ် သာဝတ္ထိမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားရာ နေအိမ်ကိုးလုံးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ မီးလောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ဖြစ်စဉ်မှာ သာဝတ္ထိမြို့ ရန်ကုန် - မန္တလေး ကားလမ်းနှင့် သာဝတ္ထိစျေးလမ်းဆုံ မိုင်တိုင်အမှတ် ၂၂ဝ/၃ တွင် မန္တလေး ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင် လာသောYGN 6I / ------ --- ၂၂ ဘီး ဆီဘောက်ဆာ ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ တိမ်းမှောက်၍ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မီးလောင်မှုကြောင့် ယာဉ်နောက်လိုက် ဇော်မျိုးဦး (၂၁နှစ်)မှာ မီးလောင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိသဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံသို့ တင်ပို့ထားကြောင်းနှင့် ယာဉ်မောင်းမှာ ယာဉ်ပေါ်တွင် မီးလောင်၍ သေဆုံးသွားကြောင်း သိရသည်။ ယင်းအပြင် အနီးရှိ နေအိမ်ကိုးလုံးနှင့် သာဝတ္ထိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ မီးလောင်ဆုံးရှုံး သွားခဲ့သည်။ မီးလောင်မှု ဖြစ်ပွားရာသို့ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် နေပြည်တော် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ သာဝတ္ထိ နယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Source : http://ift.tt/2FS6LO6
via IFTTT
No comments:
Post a Comment