Monday, March 19, 2018


The Voice သတင်းထောက် သေဆုံးခဲ့သည့် ယာဉ်တိုက်မှုကို တပ်မတော်က စစ်မည် The Voice ဂျာနယ် အကြီးတန်း သတင်းထောက် ဦးတင်လင်း တပ်မတော်သား တဦး၏ ကားဖြင့်တိုက်မိပြီး သေဆုံးခဲ့သည့် အမှုကို တပ်မတော်ဘက်မှ ကိုင်တွယ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဦးတင်လင်းသေဆုံးမှုနှင့် ပတ်သက်ပြီး လူသေမှု၊ ယာဉ်တိုက်မှုတို့ဖြင့် ဇေယျာသီရိမြို့နယ်၊ ကျန်းမာရေးနှင့် ရောဂါ နှိမ်နှင်းရေး တပ်မှ ဗိုလ်မှူး ကောင်းထူးလွင် ကို ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် နယ်မြေရဲစခန်းတွင် ကနဦး အမှုဖွင့် ထားသော်လည်း တပ်စည်းကမ်း အတိုင်း အရေးယူရန် အတွက် သက်ဆိုင်ရာ တပ်ရင်းသို့ လွှဲပြောင်း ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ယင်းအမှုကို စစ်ဆေးနေသည့် ပုဗ္ဗသီရိနယ်မြေ ရဲစခန်းမှ ရဲအုပ်သောင်းထိုက်ဦး က “ရဲဖက်ကအမှု စစ်တယ်။ စစ်ပြီးမှ စစ်ချက်ကို တပ်မတော်သားဖြစ်တဲ့ အတွက် သက်ဆိုင်ရာတပ်ကိုလွှဲတယ်။ စစ်ဖက်ဆိုင်ရာက အရေးယူမှာဖြစ်တဲ့ အတွက် မိခင်တပ်ရင်းကို လွဲပေးလိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ ပုဗ္ဗသီရိ မြို့နယ်၊ နေပြည်တော် ဘူတာကြီးအနီး ပုဗ္ဗသီရိ ဘက်သို့ သံလွင်လမ်းမကြီးအတိုင်း ဦးတင်လင်း မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ဇေယျာသီရိမြို့နယ်၊ ကျန်းမာရေးနှင့် ရောဂါ နှိမ်နှင်းရေးတပ်မှ ဗိုလ်မှူး ကောင်းထူးလွင် မောင်းနှင် လာသည့် ကားက အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ ရဲမှတ်တမ်း၏ ဖော်ပြချက်တွင် ဗိုလ်မှူး ကောင်းထူးလွင်သည် ပျဉ်မနားဘက်မှ အမှတ် (၂) စစ်ဆေးရုံသို့ အပြန် အရပ်ဝတ်ဖြင့် သွားလာစဉ် ယဉ်တိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။ ဦးတင်လင်းမှာ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် မော်တော်ယာဉ် နံပါတ်ပြား 5D/1956 မှာ ပြုတ်ကျ ကျန်ခဲ့ပြီး ယာဉ်နှင့်ယာဉ်မောင်းမှာ ထွက်ပြေးခဲ့ကြောင်း၊ အခင်းဖြစ်နေရာနှင့် ၂ မိုင်ခန့် အကွာတွင် ယာဉ်တိုက်မှုဖြစ်ခဲ့သည့်ကားကို တွေ့ရှိခဲ့ရကြောင်း ကျည်တောင်ကန် ရဲစခန်းကို ကိုးကား၍ The Voice ဂျာနယ်က လည်း သတင်းထုတ်ပြန်ထားသည်။ ဦးတင်လင်းသည် ပုဗ္ဗသီရိ မြို့နယ်တွင် တစ်ဦးတည်း အိမ်ငှားရမ်းနေထိုင်သူဖြစ်ပြီး သတင်းထောက်လုပ်သက် ၁၅ နှစ်ကျော် ရှိပြီ ဖြစ်ကာ ၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ကွမ်းခြုံကုန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံခဲ့ဖူးသည်။ The Voice မှ အမှုဆောင် အယ်ဒီတာကိုအောင်စိုးက“ အလောင်းကိုကွမ်းခြံကုန်းပြန်သယ်မယ်။ နာရေးကိစ္စကို အကောင်းဆုံး ဖြစ်အောင် လုပ်ပေးမယ်။ နာရေးကိစ္စပြီးမှ ဒုတိယပိုင်းကိစ္စက မိသားစုဝင်တွေရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ဗိုလ်မှူး ကောင်းထူးလွင် ကို တပ်စည်းကမ်းအတိုင်း အရေးယူနိုင်ရန် အတွက် သက်ဆိုင်ရာ တပ်ကို လွဲပြောင်းထားပြီး ယာဉ်မောင်းစဉ် အရက်သေစာ သောက်စားခြင်းရှိ၊ မရှိ အမှတ် (၂) ကုတင် (၁၀၀၀) စစ်ဆေးရုံတွင် စစ်ဆေးထားဆဲ ဖြစ်ကြောင်း ရဲအုပ် သောင်းထိုက်ဦးက ပြောသည်။ ဗုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် နယ်မြေရဲစခန်းက ဗိုလ်မှူး ကောင်းထူးလွင် ကို ယဉ်မဆင်မခြင်မောင်းနှင်မှု၊ လူသေမှု ဖြင့်၊ ယာဉ်(ပ)၂/၂၁၀၈ ရာသဇာတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် ကနဦး အမှုဖွင့် အရေးယူထားသည်။ The post The Voice သတင်းထောက် သေဆုံးခဲ့သည့် ယာဉ်တိုက်မှုကို တပ်မတော်က စစ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2FLxaRQ
via IFTTT

No comments:

Post a Comment