Saturday, March 24, 2018

The Ladies News

ထိပ်သီးအစည်းအဝေး မတိုင်မီ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား အကြိုတွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်မည် လာမည့် လတွင် ကျင်းပပြုလုပ်မည့် ကိုရီးယားနှစ်နိုင်ငံအကြား ထိပ်သီးအစည်းအဝေးပွဲ မတိုင်ခင် ကြိုတင်ပြင်ဆင်ရမည့် ကိစ္စနှင့် ပတ်သက်ပြီး လာမည့် ရက်သတ္တပတ် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားမှ ထိပ်တန်းအရာရှိများ အကြိုတွေ့ဆုံ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်သွားရန်ရှိကြောင်း တောင်ကိုရီးယားဘက်မှ စနေနေ့ (မတ် ၂၄ ရက်)ကပြောကြောင်း နယူးယောခ်တိုင်း သတင်းဖော်ပြချက်အရ သိရသည်။ တရားဝင်ထုတ်ပြန်ချက်အရ တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်း နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်းတို့အကြား တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ရန်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိပ်သီးအစည်းအဝေးအား ယခုနှစ် ဧပြီလနှောင်းပိုင်း တွင် ပြုလုပ်ရန် နှစ်ဖက်စလုံးက သဘောတူညီမှု ရှိကြောင်း နှင့် အဆိုပါ အစည်းအဝေးသည် ကင်ဂျံုအမ်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တွေ့ဆုံမှုအပြီး နောက်ပိုင်းတွင် ဖြစ်နိုင်လိမ့်မည်ဟု မျှော်လင်ရကြောင်း ဆိုထားသည်။ အကြိုတွေ့ဆုံဆွေးနွေးပွဲအား ကြာသပတေးနေ့တွင် မြောက်ကိုရီးယားဘက်ခြမ်းရှိ နှစ်နိုင်ငံဘော်ဒါတွင် ခွလျက် တည်ရှိသည့် စစ်မဲ့ဇုန်ဟုခေါ်သည့် ပန်မွန်ဂျွန်(Panmunjom)တွင် ကျင်းပရန်ရှိပြီး တောင်ကိုရီးယားနိုင်ငံ၏ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီး ချိုမြောင်ဂွန်း(Cho Myoung-gyon)က တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည် ဖြစ်ကြောင်းဆိုသည်။ မြောက်ကိုရီးယား ကိုယ်စားလှယ် အနေဖြင့် ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ဆောင်းရာသီ အိုလံပစ် ပွဲတက်ရောက်ခဲ့သည့် မြောက်ကိုရီးယား အစိုးရပိုင်း အကြီးတန်းခေါင်းဆောင် တစ်ဦးဖြစ်သည့် Ri Son-kwon က ဦးဆောင်မည်ဖြစ်သည်။ အဆိုပါအခြေအနေသည် ကိုရီးယားနှစ်နိုင်ငံအကြား ပြုံယမ်းမှ နျူကလီးယား အစီအစဉ် အလွန်အကျွံ လုပ်ဆောင်ပြီး တင်းမာမှု များလာပြီးနောက်တွင် တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။ ပန်မွန်ဂျွန်တွင် တွေ့ဆုံဆွေးနွေးရန် တောင်ကိုရီးယားက အဆိုပြုပြီးနောက် စနေနေ့တွင် မြောက်ကိုရီးယားက လက်ခံခဲ့ခြင်း ဖြစ်ကြောင်း နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကိုရီးယားနှစ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ဧပြီနှောင်းပိုင်တွင် တောင်ကိုရီးယား ဘက်ခြမ်းရှိ ပန်မွန်ဂျွန်ရွာတွင် တွေ့ဆုံရန် ယခုလ အစောပိုင်းက သဘောတူညီထားခြင်းများ ရှိသည်။ မစ္စတာထရမ့်အနေဖြင့် ကင်ဂျုံအမ်းက တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်ကို လက်ခံပြီး မကြာမီနောက်ပိုင်းတွင် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ Ref:The New Yoke Time The Ladies News
Source : https://ift.tt/2G1HxB9
via IFTTT

No comments:

Post a Comment