Thursday, March 22, 2018

The Ladies News

ပိုမိုတိုးတက်ကောင်းမွန်လာသော နည်းပညာနှင့် အရည်အသွေးမြင့် New Y Series နှင့် Nova 3e တို့အား လူငယ်များထံသို့ Huawei မှမိတ်ဆက် Huawei Device Myanmar မှ အကောင်းဆုံး စွမ်းဆောင်ရည်နှင့် စွမ်းအားများကို ပေါင်းစပ်ထားပြီး ရင်သပ်ရှုမောဖွယ် မျက်နှာပြင်ပြည့် FullView Display နှင့် အရှေ့အနောက် ကင်မရာလေးလုံး ပါဝင်သော Y9 2018 နှင့် FullView Display နှင့် ကင်မရာနှစ်လုံး ပါဝင်သော Y7 Pro 2018 နှင့် လှပသေသပ်သော ဒီဇိုင်းဖြင့် ပြုလုပ်ထားသည့် Nova 3e တို့အား မိတ်ဆက်ခဲ့သည်။ ယနေ့လူငယ်များသည် နည်းပညာနှင့် အကျွမ်းတဝင်ရှိသည့်အပြင် နည်းပညာတိုးတက်လာမှုနှင့် အတူ မွေးဖွားကြီးပြင်းလာကြသူများဖြစ်ကြသည်။ နည်းပညာသည် လူငယ်များ၏ ကမ္ဘာကြီးအပေါ်အမြင်ကို ပုံဖော်ပေးသည့်အပြင် နည်းပညာခေတ်မတိုင်ခင် မွေးဖွားခဲ့သော အရင်မျိုးဆက်ထိုပိုပြီး နည်းပညာအပေါ် ရူးသွပ်လာအောင် လုပ်ဆောင်ခဲ့သည်။ ယနေ့ကြီးပြင်းလာသော လူငယ်များမှာ စဖတ်ဖုန်းနှင့် တက်ဘလက်များ ကြီးစိုးသည့် ကာလတွင် နေထိုင်ကြသည့် မျိုးဆက်တစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် ကျွမ်းကျင်ပညာရှင်များက ယနေ့ခေတ်လူငယ်များသည် နောင်တစ်ချိန်တွင် လူသုံးကုန် လျှပ်စစ်ပစ္စည်းများနှင့် နည်းပညာအား ယနေ့ Millennials ဟု ခေါ်သည့် မျိုးဆက်ထက် ပိုမို အသုံးပြုလာကြမည်ဟု ကြိုမြင်ခဲ့ကြသည်။ ထို့ကြောင့်ပင် Huawei အနေဖြင့် နောင်တစ်ချိန် လူရွယ်များဖြစ်လာမည့် လူငယ်များအတွက် ရည်ရွယ်သတ်မှတ်ပြီး Y series အား ပုံစံတစ်မျိုးပြောင်းကာ ထုတ်လုပ်ခဲ့ပြီး မနှစ်က Hit ဖြစ်ခဲ့သည့် Nova စီးရီးအား အသွင်တစ်ခုဖြင့် ထွက်ရှိလာသည့် Nova 3e တို့အား ထုတ်လုပ်ပေးခဲ့သည်။ ထို့ကြောင့် ယခုမိတ်ဆက်လာသော Y series နှင့် Nova Series တို့တွင် ဂိမ်းကစားရာတွင် လိုအပ်သည့် လုပ်ဆောင်ချက်များ၊ ဓာတ်ပုံရိုက်ကူခြင်းဝါသနာပါသည့် သူများအတွက် အရည်အသွေးမြင့်ကင်မရာ၊ ကြာရှည်ခံသည့် ဘက်တ္တရီ သက်တမ်း၊ လှပကျစ်လစ်သော ဒီဇိုင်းနှင့် အရည်အသွေးမြင့် နည်းပညာတို့ ပေါင်းစပ်ထားသည်ကို တွေ့ရသည်။ အသစ်မိတ်ဆက်လိုက်သော Y9 2018 နှင့် Y7 Pro 2018 နှင့် nova 3e တို့သည် လူငယ်များ သဘောတွေ့စေမည့် စမတ်ဖုန်းတစ်လုံး၏ လုပ်ဆောင်ချက် နှင့် ဒီဇိုင်း အပြင် ၎င်းတို့တတ်နိုင်မည့် စျေးနှုန်းနှင့်ပါ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ယနေ့မိတ်ဆက်ခဲ့သော New Y Series များသည် ယခင် Huawei မှရောင်းချခဲ့သော Y series များနှင့် မတူဘဲ ဖုန်း၏လုပ်ဆောင်ချက်များမှာ ပိုမိုကောင်းမွန်လာပြီး Y9 2018 သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက တင်သွင်းခဲ့သည့် Nova 2i ကဲ့သို့ပင် FullView Display နှင့် အရှေ့အနောက် ကင်မရာလေးလုံးပါဝင်ကာ Y7 Pro 2018 သည် FullView Display နှင့် အနောက်ဘက်တွင် ကင်မရာနှစ်လုံးပါဝင်မည်ဖြစ်သည်။ “ယနေ့လူငယ်တွေအတွက် ဘာတွေကို အမှန်တကယ်လိုအပ်နေလဲဆိုတာ သိတဲ့အတွက် ကျွန်မတို့အနေနဲ့ ပိုမိုစွမ်းဆောင်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ စမတ်ဖုန်း Y စီးရီးအသစ်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ Nova 3e ကတော့ ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့လူငယ်တွေရယ်၊ နည်းပညာ အသစ်အဆန်းတွေကိုမှ စတင်အသုံးပြုချင်တဲ့ လူငယ်တွေအတွက် ဒီဇိုင်းလှလှနဲ့ အသုံးပြုနိုင်မယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်” ဟု Huawei Device Myanmar မှ Marketing Director ဖြစ်သူ မခင်ရတနာဝင်း က ပြောကြားခဲ့ပါသည်။ HUAWEI New Y Series ကို ဖန်တီးရာမှာ အဆင့်အတန်းတစ်ခုကို သတ်မှတ်ထားပြီး မယုံကြည်နိုင်လောက်အောင်ကောင်းတဲ့ လုပ်ဆောင်ချက်၊ စတိုင်လ်ကျလှတဲ့ ဒီဇိုင်းနဲ့ အဆင့်မြင့် ကင်မရာလုပ်ဆောင်ချက်တို့နဲ့ ဖန်တီးထားတဲ့အတွက် ကမ္ဘာအနှံ့မှာရှိတဲ့ လူတိုင်းနဲ့ ထိတွေ့ဆက်ဆံရာမှာ အဆင်ပြေလွယ်ကူအောင် ကူညီပေးနိုင်ဖို့ ပုံဖော်ထားပါတယ်။” ဟု ဆက်လက်ပြောကြားခဲ့သည်။ The Ladies News
Source : http://ift.tt/2IGFYGx
via IFTTT

No comments:

Post a Comment